News @ M-Media

Tag: DailySportsNews

  • အောက်တိုဘာ ၁၅၊ အားကစားသတင်း စုစည်းမှု

    အောက်တိုဘာ ၁၅၊ အားကစားသတင်း စုစည်းမှု

    အောက်တိုဘာ ၁၅၊ ၂၀၁၃
    M-Media

    ဂန္တ္ထ၀င်နည်းပြ ဖာဂူဆန်အား ထရက်ဖို့ဒ်မြို့မှ ဂုဏ်ထူးဆောင်ဘွဲ့ချီးမြှင့်


    မန်ချက်စတာယူနိုက်တက်အသင်း၏ ဂန္တ၀င်နည်းပြ ဆာအဲလက်စ်ဖာဂူဆန်မှာ ထရက်ဖို့ဒ်မြို့နယ် မြို့တော်ကောင်စီမှ ချီးမြှင့်သော Freedom of the Borough of Trafford အမည်ရ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်အား ရရှိခဲ့သည်ဟုသိရသည်။

    မန်ချက်စတာယူနိုက်တက်အသင်းအား ပရီးမီးယားလိဂ်ချန်ပီယံ ၁၃ ကြိမ် ဆွတ်ခူးနိုင်အောင် ထိန်းကျောင်းပေးခဲ့သည့် ဖာဂူဆန်အား ထရက်ဖို့ဒ်မြို့ မြို့တော်ခန်းမတွင် ယမန်နေ့က ပေးအပ်ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

    “ထရက်ဖို့ဒ်မြို့တော်ကောင်စီကပေးတဲ့ဒီဆုကို ရရှိတဲ့အတွက် ကျွန်တော်ဝမ်းသာပါတယ်။ ၁၉၈၆ ခုနှစ်က အိုးထရက်ဖို့ဒ်ကို ကျွန်တော် စရောက်တဲ့အခါ ကျွန်တော့်ကို စောင့်မျှော်နေတဲ့ ခရီးနဲ့ပက်သက်ပြီး ကျွန်တော်နည်းနည်းပဲ စဉ်းစားခဲ့တာပါ။ ၂၅ နှစ်ကျော်လာပြီးတဲ့နောက်မှာတော့ Freedom of the Borough of Trafford ဆုကို ကျွန်တော်ရရှိခဲ့ပါပြီ။ ပြီးတော့ ကျွန်တော်ရဲ့နာမည်ကို ဂုဏ်ပြုထားတဲ့ အစိတ်အပိုင်းတစ်ခု ထရက်ဖို့ဒ်မြိုမှာရှိတာဟာ တကယ့်ကို မခံယူဝံ့စရာပါပဲ” ဟု အသက် ၇၁-နှစ် အရွယ်ရှိ ဖာဂူဆန်က ဆုချီးမြှင့်ပွဲအခမ်း အနားတွင်ပြောကြားခဲ့သည်။

    ထရက်ဖို့ဒ်မြို့တွင်ရှိသည့် ၂၇ နှစ်တာကာလအတွင်း ထရက်ဖို့ဒ်မြို့အား နာမည်ကျော်ကြားအောင် ကူညီဆောင်ရွက်ပေးခဲ့သည့်ဖာဂူဆန်သာလျှင် အဆိုပါ ဂုဏ်ထူး ဆောင် ဆုနှင့် သင့်လျော်သည်ဟု ထရက်ဖို့ဒ်မြို့တော်ကောင်စီမှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

    ထရက်ဖို့ဒ်မြို့နယ်မှာ မန်ချက်စတာမြို့၏တောင်ဘက်တွင်တည်ရှိသော မြို့နယ်ဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်း၏အိမ်ကွင်း အိုးထရက်ဖို့ဒ် တည်ရှိရာ ဒေသ ဖြစ်သည်။
    mirror
    _____________________

    တူရကီအသင်းမှာ အရာအားလုံးကို လုပ်ဆောင်နိုင်မည်ဟု နည်ပြဖြစ်သူဆို


    ခြေစစ်ပွဲ နောက်ဆုံးသုံးပွဲကို အနိုင်ကစားကာ အုပ်စုဒုတိယနေရာတွင်ရှိနေပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ရန်အတွက် အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ယနေ့ညတွင် ကစားမည့် နယ်သာလန်နှင့်ပွဲအား အနိုင်ရရှိရန် လိုအပ်နေသည့် တူရကီအသင်း၏ နည်းပြဖြစ်သူ ဖာတီ တာရင်မ်က ၎င်း၏အသင်းမှာ မည်သည့်အရာကိုမဆို လုပ်ဆောင် နိုင်သည်ဟု ယုံကြည်ကြောင်းပြောကြားခဲ့သည်။

    ယူရို ၂၀၀၈တွင် ဆီးမီးဖိုင်နယ်သို့တက်ရောက်နိုင်ခဲ့သည့် တူရကီအသင်းမှာ ၂၀၁၄ ကမ္ဘာ့ဖလားခြေစစ်ပွဲပလေးအောဖ့်နေရာမှအောင်မြင်ရေးအတွက် ဒုတိယနေရာ ရရှိ ရန် ရိုမေးနီးယား၊ ဟန်ဂေရီအသင်းတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

    “ရိုမေးနီးယားပွဲဘာဖြစ်မလဲဆိုတာမစဉ်းစားဘဲနဲ့ နယ်သာလန်ပွဲကိုပဲ ကျွန်တော်တို့ အာရုံစိုက်ကစားရပါတယ်။ ကျွန်တော်တို့ ကစားသမားတွေဟာ အရာရာတိုင်းကို စီမံ လုပ်ဆောင်နိုင်ပါတယ်။ ကျွန်တော်တို့ အသင်းလိုက်ပုံစံနဲ့ ကစားရမှာပါ။ တကယ်လို့ရလဒ်ဟာ ကျွန်တော်တို့မျှော် လင့်သလိုဖြစ်မလာဘူးဆိုရင်လည်း အဲဒီ့အရှိတရားကို လက်ခံပြီး လာမယ့် ဥရောပချန်ပီယံရှစ်အတွက် ပြင်ဆင်သွားမှာပါ” ဟု သတင်းစာရှင်းလင်းပွဲတွင် တာရင်မ်က ပြောကြားခဲ့သည်။
    goal
    _____________________
    ရီးယဲလ်တွင် နည်းပြဘ၀အဆုံးသတ်နိုင်သည်ဟု အန်ဆယ်လော့တီ ဖွင့်ဟ

    ရီးယဲလ် မက်ဒရစ်အသင်း၏ နည်းပြဖြစ်သူ ကားလို့စ်အန်ဆယ်လော့တီက ရီးယဲလ်မက်ဒရစ်အသင်းတွင်သာ ၎င်း၏နည်းပြဘ၀အား အဆုံးသတ်ရန် စဉ်စားနိုင်သည်ဟု ပြောဆိုခဲ့ပြီး၊ စီးရီးအေချန်ပီယံဆု အေစီမီလန်ထက် ရိုမားအသင်း ရယူနိုင်မည်ဟုမျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

    အန်ဆယ်လော့တီမှာ ရီးယဲလ်အသင်းအား ယခုနှစ်ဘောလုံးရာသီကမှ စတင်တာဝန်ယူခဲ့ခြင်းဖြစ်သည်။ အနာဂတ်တွင် အီတလီသို့ ပြန်လည်သွားရောက်မည်လား ဟူသော အမေးအား “အီတလီ ဒါမှမဟုတ် ရိုးမားကို နည်းပြဖို့လား။ ဒီမေးခွန်းအမေးခံရတာ ပထမဦးဆုံးအကြိမ်မဟုတ်ပါဘူး။ ကျွန်တော်ပြောနိုင်တာတစ်ခုကတော့ ရီးယဲလ်နဲ့ စာချုပ်ပြည့်သွားမှ ဘာလုပ်ရမယ်ဆိုတာ ကျွန်တော်စဉ်းစားမှာပါ။ အနားယူဖို့ဆုံးဖြတ်ချင်လည်း ဆုံးဖြတ်မယ်။ ပြီးတော့ ဆေးလိပ်ဖြတ်ဖို့လည်း ဆုံးဖြတ်ချင် ဆုံးဖြတ်မှာပါ” ဟု AS အားကစားဝဘ်ဆိုဒ်သို့ ပြောကြားခဲ့သည်။

    ထို့ပြင် ရိုးမားအသင်း၏ နည်းပြ ရူဒီဂါစီယာကိုလည်းချီးကျူးသွားခဲ့ပြီး ရိုးမားအသင်းမှာ စီးရီးအေချန်ပီယံဘွဲ့ကို စိန်ခေါ်နိုင်သည့် အသင်းဖြစ်သည်ဟုလည်း ပြောကြား ခဲ့သည်။
    goal
    _____________________
    ရီးယဲလ်နောက်ခံလူဗရိန်း မော်ရင်ဟိုအားချီးကျူး


    မော်ရင်ဟိုလက်အောက်တွင်ကစားခဲ့စဉ်က အမှတ်တရအချိန်များရရှိခဲ့သည့် ရီးယဲလ်မက်ဒရစ်အသင်းနောက်ခံလူ ရာဖေးလ်ဗရိန်းက ချယ်ဆီးအသင်းအား ကိုင်တွယ် နေသည့် ဆရာဟောင်း၏ ရိုးသားမှုနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ ကောင်းမွန်မှုတို့ကို ချီးကျူးပြောဆိုလိုက်သည်။

    ဗရိန်းမှာ ရီးယဲလ်အသင်းအား မော်ရင်ဟိုကိုင်တွယ်ခဲ့သည့် ၂၀၁၁ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း လာလီဂါ၏အတောက်ပဆုံးသော နောက်ခံလူတစ်ဦးအဖြစ် ပေါ်ထွက် လာခဲ့သည်။

    “ကျွန်တော်ဟာငယ်သေးပြီး နည်းပြအများကြီးနဲ့ မကြုံခဲ့ဖူးပါဘူး။ ဒါကြောင့် နည်းပြတွေကိုနှိုင်းယှဉ်ရတာတော်တော်ခက်ခဲ့ပါတယ်။ ဒါပေမယ့် မော်ရင်ဟိုရဲ့ ကိုယ်ရည် ကိုယ်သွေးနဲ့ အသင်းတစ်သင်းလုံးကိုရိုက်ခတ်ခဲ့တဲ့ သူ့ရဲ့ သြဇာတိက္ကမကိုတော့ ကျွန်တော်ပြောရပါလိမ့်မယ်” ဟု မော်ရင်ဟို၏အကြောင်းအား မေးမြန်းခဲ့သည့် fifa.com ၏ အမေးအား ပြန်လည်ဖြေကြားခဲ့သည်။

    အသက် ၂၀ အရွယ်သာရှိသေးသည့် ဗရိန်းမှာ နည်းပြသစ်အန်ဆယ်လော့တီ လက်အောက်တွင် ပုံမှန်နေရာရရှိခြင်းမရှိဘဲ ယခုနှစ်ရာသီတွင် နှစ်ပွဲသာ ပွဲထွက်ခွင့် ရရှိထားသည်။
    goal
    _____________________

    ဗြိတိန် နာမည်ကျော်တင်းနစ်မယ် ရော့ဘ်ဆန် နည်းပြဖြစ်သူနှင့် လမ်းခွဲ

    ဗြိတိန်နံပါတ် ၁ တင်းနစ်မယ် လော်ရာရော့ဘ်ဆန်မှာ သူမ၏ နည်းပြဖြစ်သူ မိုင်းလ်စ် မက်လာဂန်နှင့် လမ်းခွဲလိုက်ပြီဖြစ်ကြောင်းသိရသည်။ မက်လာဂန်အား နည်းပြ အဖြစ် ခန့်အပ်ထားခြင်းမှာ လေးလသာရှိသေးပြီး၊ ထိုလေးလအတွင်း ၀င်ရောက် ယှဉ်ပြိုင်ခဲ့သည့် တင်းနစ်ပြိုင်ပွဲသုံးပွဲတွင် သုံးပွဲသာအနိုင်ရရှိခဲ့သည်။

    မက်လာဂန်နှင့် လမ်းခွဲခဲ့မှုမှာ ယခုနှစ်အတွင်း ဒုတိယမြောက်လမ်းခွဲမှုဖြစ်ပြီး မက်လာဂန် မတိုင်ခင်ကလည်း ၉ လကြာလက်တွဲခဲ့သည့် နည်းပြ ဇယ်ဂ်ျကို ကရာဂျန်နှင့် လမ်းခွဲခဲ့ဖူးသည်။

    ရော့ဘ်ဆန်မှာ ယခုနှစ်ဝင်ဘယ်လ်ဒန်တင်းနစ်ပြိုင်ပွဲတွင် ၁၆ ယောက်အဆင့်နှင့် ယူအက်စ်အိုးပင်းတွင် တတိယအဆင့်အထိ တက်ရောက်နိုင်ခဲ့သော်လည်း သူမ ၀င်ရောက် ယှဉ်ပြိုင်ခဲ့သည့် ပြိုင်ပွဲ ၂၂ ပွဲတွင် ကွာတားဖိုင်နယ်သို့ တစ်ကြိမ်သာတက်ရောက်နိုင်ခဲ့သည်။
    skysport
    _____________________

     

  • အောက်တိုဘာ ၁၄၊ အားကစားသတင်း စုစည်းမှု

    အောက်တိုဘာ ၁၄၊ အားကစားသတင်း စုစည်းမှု

    အောက်တိုဘာ ၁၄၊ ၂၀၁၃
    M-Media

    ပရီးမီးယားလိဂ်မှာ ကစားချင်တဲ့ လီဝန်ဒေါ့စကီး


    ဂျမနီကလပ် ဘိုရုရှားဒေါ့မွန်အသင်း၏ တိုက်စစ်မှူးဖြစ်သူ လီဝန်ဒေါ့စကီးက ၎င်းအနေဖြင့် တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ပရီးမီးယားလိဂ်သို့ သွားရောက်ကစားချင်သည် ဟု ဖွင့်ဟ လိုက်သည်။

    မကြာသေးခင်ကမှ လာမည့်ဇန်န၀ါရီတွင် ဘိုင်ယန်မြူးနစ်အသင်းသို့ ပြောင်းရွှေ့တော့မည်ဟု သတင်းထွက်ပေါ်ခဲ့ပြီး ထိုသတင်းမှာ မှားယွင်းခြင်းသာဖြစ်သည်ဟု လီဝန်ဒေါ့စကီးက ပြောကြားခဲ့သည်။

    အသက် ၂၅-နှစ် အရွယ်ရှိပြီး ယခုနှစ်ရာသီကုန်တွင် ဒေါ့မွန်အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးတော့မည်ဖြစ်သည့် လီဝန်ဒေါ့စကီးအား ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့တွင် မန်ယူအသင်းမှ ခေါ်ယူရန် ကြိုးပမ်းခဲ့ဖူးသည်။

    “ဇန်န၀ါရီမှာ အသင်းတစ်ခုခုနဲ့ ကျွန်တော်စာချုပ် ချုပ်သွားမှာပါ။ ဒါပေမယ့် ဘိုင်ယန်အသင်းနဲ့ စာချုပ် ချုပ်ဖြစ်မယ်လို့ ဘယ်တုန်းကမှ ကျွန်တော်မပြောဖူးပါဘူး။ အဲဒါ (ဘိုင်ယန်နှင့် စာချုပ်ချုပ်မည်ဟု သတင်းထွက်ပေါ်လာခြင်း) ဟာ မှားယွင်းမှုတစ်ခုပါ။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာတော့ ကျွန်တော်ဟာ ပရီးမီးယားလိဂ်မှာ ကစားချင်ပါ တယ်။ သိပ်ကို ကောင်းမွန်တဲ့ အတွေ့အကြုံဖြစ်လာမှာပါ” ဟု အင်္ဂလန်သတင်းစာ The Daily Telegraph သတင်းစာသို့ လီဝန်ဒေါ့စကီးက ပြောကြားခဲ့သည်။
    goal
    _______________________

     

    ဟီဂူအင်မှာ မာရာဒိုနာကဲ့သို့ဖြစ်လာမည်ဟု ရေနာဆို


    နာပိုလီအသင်း၏ ဂိုးသမား ရီနာက သင်းဖော်ဟီဂူအင်မှာ နာပိုလီအသင်းတွင် လေးစားထိုက်သောကစားသမားတစ်ဦး ဖြစ်လာမည်ဟုယုံကြည်နေပြီး အသင်းမှာလည်း
    ယခုနှစ်စီးရီးအေချန်ပီယံဆုကို ဆွတ်ခူးနိုင်မည်ဟု မျှော်လင့်နေသည်။

    ဟီဂူအင်မှာ နာပိုလီနှင့် နေပယ်လ်မြို့တွင် မာရာဒိုနာကဲ့သို့ အောင်မြင်မှုများရှရှိနိုင်လိမ့်မည်ဟု ပြောကြားခဲ့သည် ရီနာက “ဘောလုံးရဲ့ငွေ့အသက်တွေကို ဒီမှာ (နေပယ်လ်) ရှုရိုက်နိုင်ပါတယ်။ ဘောလုံးဆိုတာ ဒီမှာတော့ အယူဝါဒတစ်ခုလိုပါပဲ။ တစ်ခေတ်တစ်ခါမှာတော့ မာရာဒိုနာဟာ ဒီမှာ ဘုရင်တစ်ဆူပါ။ နေပယ်လ်မှာရှိတဲ့ ဘယ်ဟိုတယ်မှာမဆို တီရှပ်ကစပြီး ဓာတ်ပုံတွေအထိ မာရာဒိုနာအထိမ်းအမှတ်တွေကို တွေ့ရမှာပါ။ ဟီဂူအင်လည်း ဒီလိုဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်” ဟု စပိန်အားကစားသတင်းစာ မာကာသို့ ပြောကြားခဲ့သည်။

    ယခုနှစ်နွေရာသီအပြောင်းအရွှေ့က ရီးယဲလ်မက်ဒရစ်အသင်းမှ နာပိုလီအသင်းသို့ ပြောင်းရွှေ့လာသည့် ဟီဂူအင်မှာ နာပိုလီပရိတ်သတ်များ၏ လေးစားမှုကို ခံရ လိမ့်မည် ဟုလည်း ရေနာက ထပ်လောင်းပြောကြားခဲ့သည်။

    နာပိုလီအသင်း၏ ဂန္တ၀င်ကစားသမားဖြစ်သည့် မာရာဒိုနာမှာ ၁၉၈၄ ခုနှစ်မှ ၁၉၉၁ နှစ်အထိ နာပိုလီအသင်းတွင် ၇ နှစ်ကြာကစားခဲ့ပြီး စီးရီးအေချန်ပီယံဘွဲ့ကို နှစ်ကြိမ် ဆွတ်ခူးခဲ့သည်။
    goal
    _______________________
    ရီဘာရီမှာ ပြင်သစ်အသင်း၏ ဦးဆောင်သူ ဖြစ်သည်ဟု ဖာနန်ဒက်ဇ်ဆို


    သြစတေးလျအသင်းအား ၆-ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့သည့်ပွဲတွင် ပြသခဲ့သည့် ရီဘာရီ၏  ခြေစွမ်းအား ပြင်သစ်ကစားသမားဟောင်း လူးဝစ်ဖာနန်ဒက်ဇ်က ချီးကျူးလိုက် ပြီး ပြင်သစ်အသင်းမှာ အလှည့်အပြောင်းတစ်ခုသို့ ရောက်ရှိနေသည်ဟု ပြောဆိုလိုက်သည်။

    ထိုပွဲတွင် အသင်းအားမောင်းနှင်ခဲ့သူ ရီဘာရီမှာ ပင်နယ်တီမှတစ်ဆင့် ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပြီး သြစတေးလျအသင်းနောက်တန်းအား အလုပ်ရှုပ်စေခဲ့သည်။

    “အသင်းကြီးတွေတိုင်းမှာဦးဆောင်သူတစ်ဦးတော့ ရှိပါတယ်။ ရီဘာရီက ပြင်သစ် အသင်းရဲ့ ခေါင်းဆောင်ပါ။ နောက်ပြီး အသင်းကို ကာကွယ်ပေးသူ တစ်ယောက်လည်း ဖြစ်ပါတယ်။

    ကျွန်တော်တို့ဟာ ပြင်သစ်အသင်းကို စုစုစည်းစည်းနဲ့အားထုတ်ပြီး တိုက်စစ်ဆင် ဖိကစားတဲ့ ပုံစံနဲ့ မြင်ချင်တာပါ။ အဲဒီပွဲမှာ (သြစတေးလျနဲ့ပွဲမှာ) သူတို့ ဒီလို ကစားခဲ့ကြ ပါတယ်” ဟု beIN Sport အားကစားသတင်းစာသို့ ဖာနန်ဒက်ဇ်က ပြောကြားခဲ့သည်။
    goal
    _______________________

    ပေါ်ထရိုကို အနိုင်ယူကာ Shanghai Masters ချန်ပီယံဘွဲ့အား ဂျိုကိုဗစ် ကာကွယ်


    ကမ္ဘာ့အဆင့် ၂ ဆားဘီးယားတင်းနစ်သမား နိုဗက်ဂျိုကိုဗစ်မှာ အာဂျင်တိုင်း တင်းနစ်သမား ဒဲလ် ပေါ်ထရိုအားအနိုင်ယူကာ Shanghai Masters တင်းနစ်ပြိုင်ပွဲတွင် ဗိုလ်စွဲသွားခဲ့သည်ဟု သိရသည်။

    ၂-နာရီ ၃၂-မိနစ်ကြာမြင့်ခဲ့သည့် ယမန်နေ့ဗိုလ်လုပွဲတွင် ဂျိုကိုဗစ်မှာ ပေါ်ထရိုအား ၆-၁၊ ၃-၆၊ ၇-၆ ဖြင့်အနိုင်ရရှိခဲ့ပြီး တရုတ်နိုင်ငံတွင်ကျင်းပသည့် တင်းနစ်ပြိုင်ပွဲတွင် ပွဲနှစ်ဆယ် ဆက်တိုက် ရှုံးပွဲမရှိသည့် ကစားသမားတစ်ဦး ဖြစ်လာခဲ့သည်။ ယမန်နှစ်ကလည်း ဗိုလ်စွဲခဲ့သည့် ဂျိုကိုဗစ်မှာ ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။
    _______________________
    ဒုတိယအကြိမ်မြောက် ဂျပန်အိုပင်း ချန်ပီယံဖြစ်သွားခဲ့သည့် ဆမ်စတိုဆာ


    သြစတေးလျ တင်းနစ်မယ် ဆမ်စတိုဆာမှာ အိုဆာကာတွင် ကျင်းပပြုလုပ်ခဲ့သည့် ဂျပန်အိုးပင်းတင်းနစ်ပြိုင်ပွဲတွင် အနိုင်ရဗိုလ်စွဲခဲ့သည်ဟု သိရသည်။

    ယမန်နေ့က ပြုလုပ်ခဲ့သည့် ဗိုလ်လုပွဲတွင် စတိုဆာမှာ ကနေဒါ လူငယ်တင်းနစ်မယ် ဘောက်ချာဒ်နှင့် ယှဉ်ပြိုင်ကစားခဲ့ရခြင်းဖြစ်သည်။ ထိုပွဲမှာ အကြိတ်အနယ်ရှိခဲ့ပြီး ၂-နာရီနှင့် ၁၃-မိနစ်ကြာမြင့်ခဲ့သည့် အဆိုပါပွဲစဉ်တွင် စတိုဆာမှာ ပထမပွဲငယ်၌ ရှုံးနိမ့်ခဲ့ပြီး ဒုတိယနှင့် တတိယပွဲငယ်တို့တွင် အနိုင်ကစားနိုင်ခဲ့ကာ ၃-၆၊ ၇-၅၊ ၆-၂ ဖြင့် ပွဲသိမ်းခဲ့သည်။

    စတိုဆာ၏ ယခုပွဲဗိုလ်စွဲနိုင်ခဲ့ခြင်းမှာ ယခုနှစ်အတွက် ဒုတိယမြောက် WTA  ချန်ပီယံဘွဲဖြစ်ခဲ့ပြီး၊ ဂျပန်အိုးပင်းတွင် ဒုတိယအကြိမ်မြောက် ဗိုလ်စွဲနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။
    skysports
    _______________________


    Linz Open တင်းနစ်ပြိုင်ပွဲတွင် ကာရ်ဘာရ်ဗိုလ်စွဲ


    သြစတြီးယားနိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သည့် WTA Linz Open တင်းနစ်ပြိုင်ပွဲတွင် ဂျာမန်တင်းနစ်မယ် အိန်ဂျလီက် ကာရ်ဘာရ်က အနိုင်ရဗိုလ်စွဲသွားသည်ဟုသိရသည်။

    ဗိုလ်လုပွဲကို ယမန်နေ့ကယှဉ်ပြိုင် ကစားခဲ့ရာ နိုင်ခြေအဆင့် ၁ သတ်မှတ်ခြင်းခံရသည့် ကာရ်ဘာရ်က Linz Open အား နှစ်ကြိမ်တိုင်တိုင် ရရှိခဲ့ဖူးသည့် ဆားဘီးယား တင်းနစ်မယ် အိုင်ဗန်နိုဗစ်အား အကြိတ်အနယ်ကစားကာ ၆-၄၊ ၇-၆(၈-၆) ဖြင့် အနိုင်ရရှိခဲ့ပြီး ယခုနှစ်အတွက် သူမ၏ ပထမဆုံး WTA ဖလားကို ဆွတ်ခူးနိုင်ခဲ့သည်။

    “အဆုံးမှာတော့ တော့်တော့်ကို စိတ်သက်သာရာရပါတယ်။ ဗိုလ်စွဲခဲ့တဲ့အတွက် ကျွန်မ အရမ်းပျော်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အန်နာ(အိုင်ဗန်နိုဗစ်)ဟာ
    ခြွင်းချက်မရှိတဲ့ကစားသမားဖြစ်တာကြောင့်ပါ။ အနိုင်ရဖို့အတွက် အခွင့်အရေးတွေအရယူဖို့ ကျွန်မ ပိုပြီးတည်ငြိမ်ခဲ့သင့်တယ်လို့ ကျွန်မကိုကျွန်မ သတိထားခဲ့တယ်။ ” ဟု ကာရ်ဘာရ်က ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    ယခုအခါ ကာရ်ဘာရ်မှာ ကမ္ဘာ့အဆင့် ၈ သို့ရောက်ရှိလာခဲ့ပြီး အဆင့် ၁ မှ ၈ အတွင်းရှိ ကစားသမားများသာ ပါဝင်ယှဉ်ပြိုင်ရသည့် ရာသီပိတ် အစ္စတန်ဘူလ် WTA ချန်ပီယံရှစ်တွင် ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိသွားပြီဖြစ်သည်။
    skysports
    _______________________

  • အောက်တိုဘာ ၁၃၊ အားကစားသတင်း

    အောက်တိုဘာ၊ ၁၃
    M-Meida
    ကိုလေးစုစည်းတင်ဆက်သည်။

    ကစားသမားဝယ်ယူရန် ၀င်းဂါးအား ပီရက်ဇ်တိုက်တွန်း

    320109_heroa

    ဂျာမနီကွင်းလယ်ကစားသမား မီဆုအိုဇေးလ်ရောက်လာပြီးနောက် ပုံစံကောင်းများ ရနေသော်လည်း လာမည့်ဇန်န၀ါရီ အပြောင်း အရွှေ့တွင် ငွေကြေးသုံးစွဲရန် လိုအပ်သည်ဟု ထင်မြင်မိကြောင်း အာဆင်နယ် ကွင်းလယ်လူဟောင်း ရောဘတ်ပီရက်ဇ်ကပြောကြားခဲ့သည်။

    အာဆင်နယ်အသင်းမှာ ပရီးမီးယားလိဂ်တွင် ၇ ပွဲကစား ၁၆ မှတ်ဖြင့် ဇယားထိပ်တွင် ရှိနေပြီး ချန်ပီယံလိဂ် အုပ်စုအဆင့်တွင်လည်း ၂ ပွဲကစား ၂ ပွဲနိုင်ဖြင့် အုပ်စုအား ဦးဆောင်နေသည်။

    “အောင်မြင်တဲ့ကလပ်အသင်းကွေကိုကြည့်လိုက်ရင် သူတို့အသင်းတွေ ဖလားရပြီးတိုင်းမှာ ကစားသမားတွေဝယ်ကြတယ်ဆိုတာ တွေ့ရမှာပါ။ အခုအချိန်မှာ အာဆင်နယ်ဟာ အမြင့်ဆုံးအဆင့်မှာရှိတယ်ဆိုတာ မေးစရာမလိုပါဘူး” ဟု Sunday Mirror သို့ ပီရက်ဇ်က ပြောကြားခဲ့သည်။
    …………………………………………..
    ဘာလော့တယ်လီမှာ အီတလီအသင်းအတွက် မရှိမဖြစ်မဟုတ်ဟု ချီလီနီဆို

    တိုက်စစ်မှူးဘာလော့တယ်လီမှာ အီတလီအသင်းအတွက် မရှိမဖြစ်မဟုတ်ဟု အီတလီနောက်ခံလူ ဂျီယော်ဂျီအို ချီလီနီမှ သောကြာနေ့က ကစားခဲ့သည့် ဒိန်းမတ်အသင်းအား ၂ ဂိုး စီသရေကျခဲ့သော ကမ္ဘာ့ဖလားခြေစစ်ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    ဘာလော့တယ်လီမှာ ကျန်းမာရေးမကောင်းသောကြောင့် ထိုပွဲတွင် ပါဝင်နိုင်ခဲ့ခြင်းမရှိခဲ့ပေ။ ချီလီနီက ဘာလော့တယ်လီမပါသောကြောင့် အီတလီအသင်း အနိုင်မရခဲ့ ဟူသော အဆိုအား ငြင်းပယ်ခဲ့သည်။

    “(အီတလီအသင်းမှာ) ဘယ်ကစားသမားမှ မရှိမဖြစ် မဟုတ်ပါဘူး။ အခုအချိန်ရော နောက်အမြဲတမ်း အီတလီအသင်းဟာ ဘာလော့တယ်လီ အတွက်ဖြစ်မှာပါ။ ဒါပေမယ့် သူမပါဘဲ ကစားလည်းဖြစ်ပါတယ်။ မာရီယိုဟာ ကံမကောင်းခဲ့ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ အသင်းလေ့ကျင့်ခန်းအစီစဉ်မှာ သူဟာ ဒဏ်ရာရခဲ့တယ်။ ပြီးတော့ သူဟာ ဖျားနာခဲ့ပါတယ်” ဟု ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြာခဲ့သည်။
    …………………………………………..
    နည်းပြဖြစ်သူနှင့် ဖက်ဒါရာလမ်းခွဲ

    ကမ္ဘာ့အဆင့် ၇ ရှိ ဆွဇ်တင်းနစ်အကျော်အမော် ရော်ဂျာ ဖက်ဒါရာမှာ နည်းပြဖြစ်သူနှင့် လမ်းခွဲကြောင်း ကြေညာခဲ့သည်။ ထိုကြေညာချက်မှာ Shanghai Masters တင်းနစ်ပြိုင်ပွဲ တတိယအဆင့်မှ ထွက်ခွာခဲ့ရပြီးနောက်ပိုင်း နှစ်ရက်အကြာတွင် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

    ဖက်ဒါရာက သုံးနှစ်ကျော်ကြာလက်တွဲခဲ့သည့် နည်းပြဖြစ်သူ ပေါလ် အန်နာကုန်းနှင့် လက်တွဲဖြုတ်ခဲ့ပြီဖြစ်ကြောင်း သူ၏ ၀ဘ်ဆိုဒ်တွင် ရေးသားဖော်ပြခဲ့သည်။ အန်နာကုန်းမှာ အနားယူသွားပြီဖြစ်သည့် ယခင်ကမ္ဘာ့နံပါတ် ၁ အမေရိကန် တင်းနစ်သမား ပီတ် စမ်ပရက်ဇ်၏ အအောင်မြင်ဆုံးအချိန်တွင်
    နည်းပြခဲ့သူလည်းဖြစ်သည်။

    “ထူခြားတဲ့ သုံးနှစ်ခွဲတာကာလကို အတူတကွ ဖြတ်သန်းခဲ့ပြီးနောက်မှာတော့ ကျွန်တော်နဲ့ ပေါလ်တို့ဟာ ပရော်ဖက်ရှင်နယ် တင်းနစ်လောကမှာ နောက်ထပ် စာမျက်နှာသစ်ဖွင့်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်” ဟု ဖက်ဒါရာက ရေးသားခဲ့သည်။

    Ref: skysports

    ……………………………..
    နာဒယ်လ်အားအနိုင်ယူကာ ATP Shanghai Masters တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲသို့ ပေါ်ထရိုတက်ရောက်


    အာဂျင်တိုင်းတင်းနစ်အကျော်အမော် ဂျူအန် မာတင် ဒလ်ပေါ်ထရိုမှာ ကျင်းပလျက်ရှိသည့် ATP Shanghai Masters တင်းနစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင် ကမ္ဘာ့နံပါတ်တစ် တင်းနစ်ကစားသမား ရာဖေး နာဒယ်လ်အား အနိုင်ရရှိကာ နောက်ဆုံးဗိုလ်လုပွဲသို့ တက်ရောက်သွားခဲ့သည်ဟု သိရသည်။

    နာဒယ်လ်အား ၆-၂၊ ၆-၂ ဖြင့်အနိုင်ရရှိခဲ့သည့် ပေါ်ထရိုက “တစ်ချိန်လုံးကျွန်တော် ကြံ့ကြံ့ခံ ကစားခဲ့ပါတယ်။ ဒါကြောင့်လည်း ဒီလူ(နာဒယ်လ်)ကို ကျွန်တော်နိုင်ခဲ့တာပါ” ဟုပြောကြားခဲ့သည်။ ပေါ်ထရိုမှာ မကြာသေးခင်က ကျင်းပပြီးစီးခဲ့သည့် ATP Japan Open တင်းနစ်ပြိုင်ပွဲတွင်လည်း ပူပူနွေးနွေး ဗိုလ်စွဲထားခဲ့သူဖြစ်သည်

    …………………………………………..
    Linz Open တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲသို့ ကာရ်ဘာရ်တက်ရောက်

    သြစတြီးယားနိုင်ငံတွင် ကျင်းပပြုလုပ်နေသည့် WTA Linz Open တင်းနစ်ပြိုင်ပွဲနောက်ဆုံးဗိုလ်လုပွဲသို့ နိုင်ခြေအဆင့် ၁ သတ်မှတ်ခြင်းခံရသည့် ဂျာမန်တင်းနစ်မယ် အိန်ဂျလိက် ကာရ်ဘာရ် တက်ရောက်သွားပြီဟုသိရသည်။

    ဆီးမီးဖိုင်နယ်ပွဲစဉ်အဖြစ် စပိန်တင်းနစ်မယ် ကာရ်လာ ဆွာရက်ဇ် နာဗာရိုနှင့် ကစားခဲ့ရခြင်းဖြစ်ပြီး ၆-၂၊ ၆-၀ ဖြင့် နှစ်ပွဲပြတ်အနိုင်ရရှိခဲ့သည်။ ကာရ်ဘာရ်မှာ ပြီးခဲ့သည့်လက ယူအက်စ်အိုးပင်းပြိုင်ပွဲတွင် နာဗာရိုအား ရှုံးနိမ့်ထားပြီး ယခုပွဲတွင် ရှုံးကြွေးပြန်ဆပ်နိုင်ခဲ့ခြင်းဖြစ်သည်။

    အခြားဆီးဖိုင်နယ်ပွဲစဉ်တွင် Linz Open ချန်ပီယံဘွဲ့အား နှစ်ကြိမ်တိုင်တိုင် ဆွတ်ခူးခဲ့ဖူးသည့် ဆားဘီးယား တင်းနစ်မယ် အန်နာ အိုင်ဗန်နိုဗစ်က ဆွစ်ဇလန်တင်းနစ်မယ် စတီဖာနီ ဗိုဂီလီအား ၆-၄၊ ၆-၄ ဖြင့်အနိုင်ရရှိသွားခဲ့ပြီး ဖိုင်နယ်သို့ တက်ရောက်သွားခဲ့သည်။

    Linz Open တင်းနစ်ပြိုင်ပွဲနောက်ဆုံး ဗိုလ်လုပွဲကို ယနေ့တွင်ကျင်းပပြုလုပ်မည်ဖြစ်ပြီး ကာရ်ဘာရ်နှင့် အိုင်ဗန်နိုဗစ်တို့က ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

    Ref: skysports
    …………………………………………
    WTA Japan Open ဖိုင်နယ်တွင် စတိုစာနှင့် ဘောက်ချာဒ်တို့ တွေ့ဆုံမည်

    အိုဆာကာတွင် ကျင်းပလျက်ရှိသည့် WTA Japan Open တင်းနစ်ပြိုင်ပွဲနောက်ဆုံးဗိုလ်လုပွဲတွင် သြစတေးလျ တင်းနစ်မယ် ဆမ် စတိုစာနှင့် ကနေဒါ လူငယ်တင်းနစ်မယ် ဘောက်ချာဒ်တို့တွေ့ဆုံ ယှဉ်ပြိုင်ရမည်ဟုသိရသည်။

    ၂၀၀၉ ခုနှစ် Japan Open တင်းနစ်ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့် စတိုစာမှာ ဆီးမီးဖိုင်နယ်တွင် အမေရိကန်လူငယ် တင်းနစ်မယ် မဒီဆန် ကီးစ်နှင့် ယှဉ်ပြိုင်ကစားခဲ့ရခြင်းဖြစ်ပြီး သက်တောင့်သက်သာကစားကာ ၆-၁၊ ၆-၂ ဖြင့် အနိုင်ရရှိခဲ့သည်။ ယခုပြိုင်ပွဲတွင် နိုင်ခြေအဆင့် ၃ သတ်မှတ်ခြင်းခံရသည့် စတိုစာမှာ ကစားသမားသက်တမ်းတစ်လျှောက် ၅ ခုမြောက်ဆုဖလားအား ရရှိရန်မျှောင်လင့်နိုင်ပြီဖြစ်သည်။

    အခြားဆီးမီးဖိုင်နယ်ပွဲစဉ်တွင် ကနေဒါ လူငယ်တင်းနစ်မယ် ယူဂျနီ ဘောက်ချာဒ်နှင့် ဂျပန်တင်းနစ်မယ် ကူရူမိ နာရာတို့ ယှဉ်ပြိုင်ကစားခဲ့ကြသည်။ အသက် ၁၉ နှစ်အရွယ်သာရှိသေးပြီး နိုင်ခြေအဆင့် ၆ သတ်မှတ်ခြင်းခံထားရသည့် ဘောက်ချာဒ်မှာ အခက်အခဲမရှိခဲ့ပဲ အိမ်ရှင်တင်းနစ်မယ်အား ၆-၂၊ ၆-၂ ဖြင့် အနိုင်ရရှိခဲ့သည်။ နောက်ဆုံးဗိုလ်လုပွဲအဖြစ် စတိုစာနှင့် ကစားရမည့် ဘောက်ချာဒ်မှာ ပထမဆုံး WTA ချန်ပီယံဘွဲ့အား ရရှိရန် ကြိုးစားရတော့မည် ဖြစ်သည်။
    Ref: skysports

  • အောက်တိုဘာ ၁၂၊ အားကစားသတင်း စုစည်းမှု

    အောက်တိုဘာ ၁၂၊ အားကစားသတင်း စုစည်းမှု

    အောက်တိုဘာ ၁၂၊ ၂၀၁၃
    M-Media

    ဘယ်လ်ဂျီယံအသင်းမှာ စိတ်ဓာတ်ပိုင်းရာကောင်းမွန်နေပြီဟု လူကာကူပြော


    ခရိုအေးရှားအသင်းအား ၂ ဂိုး ၁ ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီးနောက်ကမ္ဘာ့ဖလားခြေစစ်ပွဲကို တိုက်ရိုက်အောင်မြင်ခဲ့သည့် ဘယ်လ်ဂျီယံအသင်းမှာ စိတ်ဓာတ်ပိုင်ဆိုင်ရာ အကောင်းဆုံးအနေအထားတွင်ရှိနေသည်ဟု တိုက်စစ်မှူးလူကာကူက ပြောဆိုလိုက်သည်။

    ချယ်ဆီးအသင်းမှ အဲဗာတန်အသင်းသို့ အငှားဖြင့်သွားရောက်ကစားနေပြီး ခြေစွမ်းပြနေသည့် လူကာကူမှာ ထိုပွဲတွင်လည်း နိုင်ငံအသင်းအတွက် အနိုင်ဂိုးနှစ်ဂိုးစလုံးကို သွင်းယူပေးခဲ့သည်။ ထိုပွဲအနိုင်ကြောင့် ဘယ်လ်ဂျီယံအသင်းမှာ အုပ်စု A ထိပ်ဆုံးနေရာသို့ရောက်ရှိခဲ့ပြီး လာမည့်နှစ် ဘရာဇီးတွင်ကျင်းပပြုလုပ်မည့် ကမ္ဘာ့ဖလားသို့ တိုက်ရိုက်ဝင်ရောက်ခွင့်ရရှိသွားခဲ့သည်။

    “ကျွန်တော်က အောင်မြင်သူမဟုတ်ပါဘူး။ အသင်းက ထူးခြားမှုတွေ လုပ်ပြခဲ့တယ်။ ကျွန်တော်တို့လည်း အကောင်းဆုံးကစားခဲ့ပါတယ်။ နောက်ဆုံး ၁၅ မိနစ်မှာ ကျွန်တော်တို့အတွက် ခက်ခဲခဲ့ပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ ၂ နှစ်က ၂ ဂိုး ၁ဂိုးနဲ့ရှုံးနိမ့်ခဲ့တဲ့ ကျွန်တော်တို့ဟာ ဒီကနေ့တော့ စိတ်ဓာတ်ပိုင်းမှာ အကောင်းဆုံးရှိနေပြီး အနိုင်ရရှိခဲ့ပါတယ်” ဟု လူကာကူက ပွဲအပြီးတွင် ပြောကြားခဲ့သည်။
    goal
    ___________________________


    စပိန်အသင်း၏ ကစားပုံအား ဒဲလ်ဘော့စကေး မကျေနပ်


    ဘီလာရုစ်အသင်းအား ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်ရန်အလားအလာကောင်းခဲ့သော်လည်း စပိန်အသင်း၏ ကစားပုံအား နည်းပြဖြစ်သူ ဒဲလ်ဘော့စကေးကစိုးရိမ်နေသည်ဟု သိရသည်။

    ယမန်နေ့က ကစားခဲ့သည့် ဘီလာရုဇ်နှင့်ပွဲတွင် အနိုင်ရရှိအောင် စပိန်အသင်းမှာ ခက်ခက်ခဲခဲကစားခဲ့ရသည်ဟု ဒဲလ်ဘော့စကေးက ၀န်ခံခဲ့ပြီး အသင်းငယ်များနှင့် ကစားရာတွင် စပိန်အသင်း၏ အားမပါသော စွမ်းဆောင်ရည်က ရေရှည်တွင် ပြဿနာဖြစ်လာနိုင်မည်ကို စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။

    “ဒီပွဲဟာ ကျွန်တော်တို့ကစားပြီးခဲ့တဲ့ပွဲတွေကို ပြန်ကြည့်ရသလိုပါပဲ။ (စက်တင်ဘာက) ဖင်လန်နဲ့ကစားခဲ့တဲ့ပွဲ၊ (ပြီးခဲ့သည့်နှစ်က) ဂျော်ဂျီယာနဲ့ ကစားခဲ့တဲ့ပွဲ၊ အခု ဘီလာရုစ်နဲ့ပွဲအားလုံးဟာ တစ်ပုံစံတည်းပါ။ ဒီပွဲမှာကျွန်တော်တို့ ရုန်းကန်ခဲ့ရတယ်ဆိုတာ ငြင်းလို့မရပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ကျေနပ်ရပါတယ်။ ဦးဆောင် ဂိုးရပြီးတဲ့နောက်မှာ ကျွန်တော်တို့ စိတ်ဓာတ်တွေ တက်လာပါတယ်” ဟု ဒဲလ်ဘော့စကေးက ပွဲအပြီးတွင် ပြောကြားခဲ့သည်။
    goal
    ___________________________


    Shanghai Masters တင်းနစ်ပြိုင်ပွဲသို့ ဂျိုကိုဗစ်တက်ရောက်

    တရုတ်နိုင်ငံတွင်ကျင်းပပြုလုပ်နေသည့် Shanghai Masters တင်းနစ်ပြိုင်ပွဲတွင် လက်ရှိချန်ပီယံ ဆားဘီးယားတင်းနစ်သမား နိုဗက်ဂျိုကိုဗစ်မှာ ဆီးမီးဖိုင်နယ်သို့ တက်ရောက်သွားပြီဟု သိရသည်။

    ကမ္ဘာ့ဆင့် ၂ ရှိ ဂျိုကိုဗစ်မှာ ကွာတားဖိုင်နယ်တွင် ပြင်သစ် တင်းနစ်သမား ဂေးလ် မွန်ဖီးလ်စ်အား အကြိတ်အနယ်ကစားကာ ၆-၇၊ ၆-၂၊ ၆-၄ ဖြင့် အနိုင်ရရှိသွားခဲ့ခြင်း ဖြစ်သည်။ တတိယအဆင့်တွင် နာမည်ကျော် တင်းနစ်သမား ရော်ဂျာဖက်ဒါရားအား ဖြုတ်ချနိုင်ခဲ့သည့် မွန်ဖီးလ်စ်မှာ ပထမပွဲငယ်တွင် ဂျိုကိုဗစ်အား အနိုင်ကစားနိုင်ခဲ့ သော်လည်း ဒုတိယနှင့် တတိယပွဲငယ်တို့တွင် ရှုံးနိမ့်ခဲ့သောကြောင့် ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည်။

    “အင်မတန်ခက်ခဲတဲ့ပွဲတစ်ပွဲပါ။ ပြီတော့ ဖက်ဒါရာကိုနိုင်ပြီး ကွာတားကို တက်လာတဲ့ ဂေးလ်ဟာ ယုံကြည်မှုတွေအပြည့်အ၀ရှိနေတယ်ဆိုတာ ကျွန်တော်သိခဲ့ပါတယ်။ လိုအပ်တဲ့အချိန်မှာ အကောင်းဆုံးကစားနိုင်ခဲ့တဲ့အတွက် ကျွန်တော်ကျေနပ်မိပါတယ်” ဟု ပွဲအပြီးတွင် ဂျိုကိုဗစ်က ပြောကြားခဲ့သည်။
    skysports

    ___________________________


    WTA Linz Open တင်းနစ်ပြိုင်ပွဲ ကွာတားမှ ဆိုလိန်းစတီဖင် ထွက်ခွာခဲ့ရ

    သြစတြီးယားတွင် ကျင်းပပြုလုပ်နေသည့် WTA Linz Open တင်းနစ်ပြိုင်ပွဲတွင် ကမ္ဘာ့အဆင့် ၁၂ ရှိ အမေရိကန် တင်းနစ်မယ် ဆိုလိန်းစတီဖင်မှာ ကွာတားဖိုင်နယ်တွင် အံ့သြဖွယ် ရှုံးနိမ့်ခဲ့သည်ဟုသိရသည်။

    နိုင်ခြေအဆင့် ၂ ရ ဆိုလိန်းစတီဖင်မှာ နိုင်ခြေအဆင့်သတ်မှတ်ခြင်း မခံရသည့် ဆွီဒင်တင်းနစ်မယ် စတီဖာနီ ဗိုဂီလီအားရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ အကြိတ်အနယ် ယှဉ်ပြိုင် ကစားခဲ့ကြသည့် အဆိုပါပွဲတွင် ဗိုဂီလီက စတီဖင်အား ၆-၇၊ ၆-၄၊ ၇-၅ ဖြင့်အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

    ယခုပွဲအနိုင်ရရှိခဲ့သည့် ဗိုဂီလီမှာ ဆီမီးဖိုင်နယ်တွင် ဆလိုဗက်ကီးယား တင်းနစ်မယ် ဒိုမီနီကာ စီဗွလ်ကိုဗာအား အနိုင်ရရှိခဲ့သည့် ချန်ပီယံဟောင်း ဆားဘီးယား တင်းနစ်မယ် အန်နာ အိုင်ဗန်နိုဗစ်နှင့်တွေ့ဆုံယှဉ်ပြိုင်ရမည်ဖြစ်ပြီး ကစားသမားသက်တမ်းတစ်လျှောက် ပထမဦးဆုံး WTA ဖလားကို ဆွတ်ခူးရန် အလားအလာ ကောင်းနေပြီဖြစ်သည်။

    အခြားကွာတားဖိုင်နယ်ပွဲစဉ်များတွင် နိုင်ခြေအဆင့် ၄ ရ စပိန်တင်းနစ်မယ် ကာလာ ဆွာရက်ဇ်နာဗာရိုက ဘယ်လ်ဂျီယံတင်းနစ်မယ် ခရစ္စတန် ဖလစ်ပ်ကန်အား ၆-၁၊ ၆-၃ဖြင့်လည်းကောင်း၊ နိုင်ခြေအဆင့် ၁ ရ ဂျာမနီတင်းနစ်မယ် အိန်ဂျလီက် ကာရ်ဘာရ်မှာ သြစတြီးယားတင်းနစ်မယ် ပက်ထရီစီယာ မေ အက်ခ်ျလတ္တနာအား ၆-၃၊ ၆-၁ ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့သည်။
    skysports

    ___________________________

    ဂျာမနီ၊ ဘယ်လ်ဂျီယံ၊ ဆွစ်ဇလန်တို့ ခြေစစ်ပွဲအောင်မြင်ခဲ့ကြပြီး အင်္ဂလန်၊ ရုရှား၊ ဘော့စနီးယားတို့ အခြေအနေကောင်းခဲ့ကြသည့် ၂၀၁၄ ကမ္ဘာ့ဖလား ဥရောပဇုန်ခြေစစ်ပွဲ
    Untitled

    ဘရာဇီးနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ၂၀၁၄ ကမ္ဘာ့ခြေစစ်ပွဲ ဥရောပဇုန်ပွဲများကို ယနေ့နံနက်ပိုင်းက ကစားခဲ့ကြရာ ကမ္ဘာ့ဖလား သုံးကြိမ်ရ ဂျာမနီ၊ ယုခနောက်ပိုင်းတွင် ခြေစွမ်းထက်လာသည့် ဘယ်လ်ဂျီယံနှင့် ဆွစ်ဇလန်အသင်းတို့ တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်ခဲ့ကြသည်။

    နာမည်ကြီးအင်္ဂလန်၊ ရုရှားနှင့် အသင်းငယ် ဘော့စနီယားတို့မှာလည်း အသီးသီးအနိုင်ရရှိခဲ့ကြပြီး ခြေစစ်ပွဲအောင်မြင်ရန်အတွက် အခြေအနေကောင်းနေသည်။

    ဂျာမနီ ၃-၀ အိုင်ယာလန်

    ဂျာမနီနိုင်ငံ ကိုးလုန်းမြို့တွင် ကစားခဲ့သည့် ဂျာမနီအသင်းနှင့် အိုင်ယာလန်တို့ပွဲစဉ်တွင် အိမ်ရှင်ဂျာမနီက ၃ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး အုပ်စု C တွင် ရမှတ် ၂၅ မှတ်ဖြင့် တိုက်ရိုက် ခြေစစ်ပွဲအောင်မြင်သွားခဲ့ပြီဖြစ်သည်။ ဂျာမနီအသင်းအတွက်ဂိုးများကို ရီးယဲလ်အသင်း၏ ဆာမိ ခိဒီရာ၊ ချယ်ဆီးကစားသမား အန်ဒရီ ရှူဝယ်ရယ်လ် နှင့် အာဆင်နယ် ကွင်းလယ်လူ မီဆု အိုဇေးလ်တို့က အသီးသီးသွင်းယူပေးခဲ့သည်။

    ခရိုအေးရှား ၁-၂ ဘယ်လ်ဂျီယံ

    ဘယ်လ်ဂျီယံမှာလည်း ဇာဂရက်မြို့တွင် ခရိုအေးရှားအသင်းအား ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အုပ်စု A ၏ထိပ်ဆုံးသို့ရောက်ရှိလာကာ ၂၀၀၂ ခုနှစ်နောက်ပိုင်း ပထမဦးဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလားပြိုင်ပွဲနောက်ဆုံးအဆင့်သို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။ ဘယ်လ်ဂျီယံအတွက်ဂိုးများကို ပထမပိုင်းကတည်းက ရရှိခဲ့ခြင်းဖြစ်ပြီး အဲဗာတန်အသင်းတွင် ခြေစွမ်းပြနေသည့် တိုက်စစ်မှူး လူကာကူက ၁၆ မိနစ်နှင့် ၃၈ မိနစ်တို့တွင် နှစ်ဂိုးစလုံး သွင်းယူပေးခြဲ့ခင်းဖြစ်သည်။ ခရိုအေးရှားအသင်းအတွက် နှစ်သိမ့်ဂိုးကို ကရန်ဂျကာက သွင်းယူပေးခဲ့သည်။

    အလ်ဘေးနီးယား ၁-၂ ဆွစ်ဇလန်

    ထို့ပြင် ဆွစ်ဇလန်အသင်းမှာ အလ်ဘေးနီးယားအသင်းအား ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အုပ်စု E တွင် ထိပ်ဆုံးနေရာသို့ရောက်ရှိသွားကာ ခြေစစ်ပွဲ အောင်မြင်သွားပြီ ဖြစ်သည်။ ထိုကဲ့သို့ ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်းမှာ သမိုင်းတစ်လျှောက် သုံးကြိမ်မြောက်အောင်မြင်သွားခဲ့ခြင်းဖြစ်သည်။ ဘယ်လ်ဂျီယံအသင်းအတွက် ဂိုးများကို ရှာကွီရီ နှင့် မိုက်ကယ် လန် တို့က ဒုတိယပိုင်းတွင် သွင်းယူပေးခဲ့သည်။

    အီတလီနှင့် နယ်သာလန်အသင်းတို့မှာ ယခင်ပွဲများပြီးကတည်းကပင် ခြေစစ်ပွဲကို စောစီးစွာအောမြင်ခဲ့ပြီဖြစ်သောကြောင့် ဥရောပမှ ခြေစစ်ပွဲအောင်မြသည့် အသင်းမှာ ၅ သင်းရှိလာပြီဖြစ်သည်။
    ……………………………..

    အင်္ဂလန် ၄-၁ မွန်တီနီဂရိုး

    အုပ်စုပွဲစဉ်များတွင် ရုန်းကန်နေရသည့် အင်္ဂလန်အသင်းမှာ ဥရောပအသင်းငယ် မွန်တီနီဂရိုးအား အိမ်ကွင်းတွင် အမှားအယွင်းမရှိအနိုင်ရရှိခဲ့သည်။ ၄ ဂိုး ၁ ဂိုးဖြင့်အနိုင်ရရှိခဲ့သော ထိုပွဲတွင် အင်္ဂလန်အသင်းအတွက်ဂိုးများကို ရူနီ၊ တောင်ဆန်နှင့် ပင်နယ်တီမှတစ်ဆင့် စတားရစ်ခ်ျတို့ကသွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ကျန်တစ်ဂိုးမှာ မွန်တီနီဂရိုး ကစားသမားမှ ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့သဖြင့် ရရှိခဲ့ခြင်းဖြစ်သည်။ ယခုပွဲအနိုင်ကြောင့် အုပ်စု H တွင် ယူကရိန်းအသင်းထက် တစ်မှတ်အသာဖြင့် ထိပ်ဆုံးတွင်ရှိနေသည့်အင်္ဂလန်အသင်းမှာ ကမ္ဘာ့ဖလားခြေစစ်ပွဲ တိုက်ရိုက်အောင်မြင်ရန် အခြေအနေကောင်းနေပြီး လာမည့်အင်္ဂါနေ့ အိမ်ကွင်းတွင်ကစားရမည့် ပိုလန်အသင်းနှင့်ပွဲတွင် အနိုင်ရရှိရန်လိုအပ်နေသည်။

    လူဇင်ဘတ် ၀- ၄ ရုရှား

    အင်္ဂလန်နည်းပြဟောင်း ဖေဘီယိုကာပယ်လို ကိုင်တွယ်နေသည့် ရုရှားအသင်းမှာ လူဇင်ဘတ်အသင်းအား ၄ ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့ပြီး အုပ်စု F တွင် ပေါ်တူဂီအသင်းထက် ၄ မှတ်အသာဖြင့် အုပ်စုအား ဦးဆောင်နေသည်။ ရုရှားအသင်းအတွက်ဂိုးများကို အလက်ဇန်းဒါး စာမီဒေါ့ဗ်၊ ဗစ်တာ ဖိုင်ဇူကင်၊ ဒင်းနစ် ဂလက်ရှာကော့ဗ်၊ အလက်ဇန်းဒါး ကာဇာကော့ဗ် တို့က အသီးသီးသွင်းယူပေးခဲ့သည်။

    ဘော့စနီးယား-ဟဇိဂိုဗီနာ ၄-၁ လက်ချန်စတိန်း

    အဓိကပြိုင်ပွဲများတွင် မည်သည့်အခါမှ ပါဝင်ယှဉ်ပြိုင်မကစားခဲ့ဖူးသည့် ဘော့စနီးယား-ဟဇိဂိုဗီနာအသင်းမှာ လက်ချန်စတိန်းအသင်းအား ၄ ဂိုး ၁ ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။ ယခုပွဲအနိုင်ကြောင့် အုပ်စု C တွင် ဂရိအသင်းနှင့် ရမှတ်တူ ဂိုးကွာခြားချက်အသာဖြင့် ထိပ်ဆုံးတွင်ဦးဆောင်နေပြီး ခြေစစ်ပွဲအောင်မြင်ရန် အလားအလာကောင်းနေပြီဖြစ်သည်။

    အခြားပွဲစဉ်များတွင် ဟော်လန်အသင်းက ဟန်ဂေရီအသင်းအား ၈ ဂိုး ၁ ဂိုးဖြင့်လည်းကောင်း၊ ဆွီဒင်အသင်းက သြစတြီးယားအသင်းအား ၂ ဂိုး ၁ ဂိုးဖြင့်လည်းကောင်း၊ တူရကီအသင်းက အက်စ်တိုးနီးယားအသင်းအား ၂ ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ ရိုမေးနီးယားအသင်းက အန်ဒိုရာအသင်းကို ၄ ဂိုး ဂိုးမရှိဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ကြသည်။

    ကမ္ဘာ့ဖလား ဥရောပဇုန်ခြေစစ်ပွဲရလဒ်များမှာ အောက်ပါအတိုင်းဖြစ်သည်။

    Wales 1 – 0 Macedonia
    Germany 3 – 0 R. of Ireland
    Azerbaijan 2 – 0 Northern Ireland
    England 4 – 1 Montenegro
    Croatia 1 – 2 Belgium
    Armenia 2 – 1 Bulgaria
    Malta 1 – 4 Czech Rep.
    Denmark 2 – 2 Italy
    Faroe Islands 1 – 1 Kazakhstan
    Sweden 2 – 1 Austria
    Andorra 0 – 4 Romania
    Estonia 0 – 2 Turkey

    channelnewsasia
    _____________________________

  • ဂျာမနီ၊ ဘယ်လ်ဂျီယံ၊ ဆွစ်ဇလန်တို့ ခြေစစ်ပွဲအောင်မြင်ခဲ့ကြပြီး အင်္ဂလန်၊ ရုရှား၊ ဘော့စနီးယားတို့ အခြေအနေကောင်းခဲ့ကြသည့် ၂၀၁၄ ကမ္ဘာ့ဖလား ဥရောပဇုန်ခြေစစ်ပွဲ

    ဂျာမနီ၊ ဘယ်လ်ဂျီယံ၊ ဆွစ်ဇလန်တို့ ခြေစစ်ပွဲအောင်မြင်ခဲ့ကြပြီး အင်္ဂလန်၊ ရုရှား၊ ဘော့စနီးယားတို့ အခြေအနေကောင်းခဲ့ကြသည့် ၂၀၁၄ ကမ္ဘာ့ဖလား ဥရောပဇုန်ခြေစစ်ပွဲ

    အောက်တိုဘာ ၁၂၊ ၂၀၁၃
    M-Media

    Untitled

    ဘရာဇီးနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ၂၀၁၄ ကမ္ဘာ့ခြေစစ်ပွဲ ဥရောပဇုန်ပွဲများကို ယနေ့နံနက်ပိုင်းက ကစားခဲ့ကြရာ ကမ္ဘာ့ဖလား သုံးကြိမ်ရ ဂျာမနီ၊ ယုခနောက်ပိုင်းတွင် ခြေစွမ်းထက်လာသည့် ဘယ်လ်ဂျီယံနှင့် ဆွစ်ဇလန်အသင်းတို့ တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်ခဲ့ကြသည်။

    နာမည်ကြီးအင်္ဂလန်၊ ရုရှားနှင့် အသင်းငယ် ဘော့စနီယားတို့မှာလည်း အသီးသီးအနိုင်ရရှိခဲ့ကြပြီး ခြေစစ်ပွဲအောင်မြင်ရန်အတွက် အခြေအနေကောင်းနေသည်။

    ဂျာမနီ ၃-၀ အိုင်ယာလန်

    ဂျာမနီနိုင်ငံ ကိုးလုန်းမြို့တွင် ကစားခဲ့သည့် ဂျာမနီအသင်းနှင့် အိုင်ယာလန်တို့ပွဲစဉ်တွင် အိမ်ရှင်ဂျာမနီက ၃-ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး အုပ်စု C တွင် ရမှတ် ၂၅ မှတ်ဖြင့် တိုက်ရိုက် ခြေစစ်ပွဲအောင်မြင်သွားခဲ့ပြီဖြစ်သည်။ ဂျာမနီအသင်းအတွက်ဂိုးများကို ရီးယဲလ်အသင်း၏ ဆာမိ ခိဒီရာ၊ ချယ်ဆီးကစားသမား အန်ဒရီ ရှူဝယ်ရယ်လ် နှင့် အာဆင်နယ် ကွင်းလယ်လူ မီဆု အိုဇေးလ်တို့က အသီးသီးသွင်းယူပေးခဲ့သည်။

    ခရိုအေးရှား ၁-၂ ဘယ်လ်ဂျီယံ

    ဘယ်လ်ဂျီယံမှာလည်း ဇာဂရက်မြို့တွင် ခရိုအေးရှားအသင်းအား ၂-ဂိုး ၁-ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အုပ်စု A ၏ ထိပ်ဆုံးသို့ရောက်ရှိလာကာ ၂၀၀၂-ခုနှစ်နောက်ပိုင်း ပထမဦးဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလားပြိုင်ပွဲ နောက်ဆုံး အဆင့်သို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။ ဘယ်လ်ဂျီယံအတွက်ဂိုးများကို ပထမပိုင်းကတည်းက ရရှိခဲ့ခြင်းဖြစ်ပြီး အဲဗာတန်အသင်းတွင် ခြေစွမ်းပြနေသည့် တိုက်စစ်မှူး လူကာကူက ၁၆ မိနစ်နှင့် ၃၈ မိနစ်တို့တွင် နှစ်ဂိုးစလုံး သွင်းယူပေးခြဲ့ခင်းဖြစ်သည်။ ခရိုအေးရှားအသင်းအတွက် နှစ်သိမ့်ဂိုးကို ကရန်ဂျကာက သွင်းယူပေးခဲ့သည်။

    အလ်ဘေးနီးယား ၁-၂ ဆွစ်ဇလန်

    ထို့ပြင် ဆွစ်ဇလန်အသင်းမှာ အလ်ဘေးနီးယားအသင်းအား ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အုပ်စု E တွင် ထိပ်ဆုံး နေရာသို့ရောက်ရှိသွားကာ ခြေစစ်ပွဲအောင်မြင်သွားပြီဖြစ်သည်။ ထိုကဲ့သို့ ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်းမှာ သမိုင်း တစ်လျှောက် သုံးကြိမ်မြောက်အောင်မြင်သွားခဲ့ခြင်းဖြစ်သည်။ ဘယ်လ်ဂျီယံအသင်းအတွက် ဂိုးများကို ရှာကွီရီနှင့် မိုက်ကယ်လန်တို့က ဒုတိယပိုင်းတွင် သွင်းယူပေးခဲ့သည်။

    အီတလီနှင့် နယ်သာလန်အသင်းတို့မှာ ယခင်ပွဲများပြီးကတည်းကပင် ခြေစစ်ပွဲကို စောစီးစွာ အောမြင်ခဲ့ပြီဖြစ်သောကြောင့် ဥရောပမှ ခြေစစ်ပွဲအောင်မြသည့် အသင်းမှာ ၅ သင်းရှိလာပြီဖြစ်သည်။
    ……………………………..

    အင်္ဂလန် ၄-၁ မွန်တီနီဂရိုး

    အုပ်စုပွဲစဉ်များတွင် ရုန်းကန်နေရသည့် အင်္ဂလန်အသင်းမှာ ဥရောပအသင်းငယ် မွန်တီနီဂရိုးအား အိမ်ကွင်းတွင် အမှားအယွင်းမရှိအနိုင်ရရှိခဲ့သည်။ ၄ ဂိုး ၁ ဂိုးဖြင့်အနိုင်ရရှိခဲ့သော ထိုပွဲတွင် အင်္ဂလန်အသင်းအတွက်ဂိုးများကို ရူနီ၊ တောင်ဆန်နှင့် ပင်နယ်တီမှတစ်ဆင့် စတားရစ်ခ်ျတို့ကသွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ကျန်တစ်ဂိုးမှာ မွန်တီနီဂရိုး ကစားသမားမှ ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့သဖြင့် ရရှိခဲ့ခြင်းဖြစ်သည်။ ယခုပွဲအနိုင်ကြောင့် အုပ်စု H တွင် ယူကရိန်းအသင်းထက် တစ်မှတ်အသာဖြင့် ထိပ်ဆုံးတွင်ရှိနေသည့်အင်္ဂလန်အသင်းမှာ ကမ္ဘာ့ဖလားခြေစစ်ပွဲ တိုက်ရိုက်အောင်မြင်ရန် အခြေအနေကောင်းနေပြီး လာမည့်အင်္ဂါနေ့ အိမ်ကွင်းတွင်ကစားရမည့် ပိုလန်အသင်းနှင့်ပွဲတွင် အနိုင်ရရှိရန်လိုအပ်နေသည်။

    လူဇင်ဘတ် ၀- ၄ ရုရှား

    အင်္ဂလန်နည်းပြဟောင်း ဖေဘီယိုကာပယ်လို ကိုင်တွယ်နေသည့် ရုရှားအသင်းမှာ လူဇင်ဘတ်အသင်းအား ၄ ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့ပြီး အုပ်စု F တွင် ပေါ်တူဂီအသင်းထက် ၄ မှတ်အသာဖြင့် အုပ်စုအား ဦးဆောင်နေသည်။ ရုရှားအသင်းအတွက်ဂိုးများကို အလက်ဇန်းဒါး စာမီဒေါ့ဗ်၊ ဗစ်တာ ဖိုင်ဇူကင်၊ ဒင်းနစ် ဂလက်ရှာကော့ဗ်၊ အလက်ဇန်းဒါး ကာဇာကော့ဗ် တို့က အသီးသီးသွင်းယူပေးခဲ့သည်။

    ဘော့စနီးယား-ဟဇိဂိုဗီနာ ၄-၁ လက်ချန်စတိန်း

    အဓိကပြိုင်ပွဲများတွင် မည်သည့်အခါမှ ပါဝင်ယှဉ်ပြိုင်မကစားခဲ့ဖူးသည့် ဘော့စနီးယား-ဟဇိဂိုဗီနာအသင်းမှာ လက်ချန်စတိန်းအသင်းအား ၄ ဂိုး ၁ ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။ ယခုပွဲအနိုင်ကြောင့် အုပ်စု C တွင် ဂရိအသင်းနှင့် ရမှတ်တူ ဂိုးကွာခြားချက်အသာဖြင့် ထိပ်ဆုံးတွင်ဦးဆောင်နေပြီး ခြေစစ်ပွဲအောင်မြင်ရန် အလားအလာကောင်းနေပြီဖြစ်သည်။

    အခြားပွဲစဉ်များတွင် ဟော်လန်အသင်းက ဟန်ဂေရီအသင်းအား ၈ ဂိုး ၁ ဂိုးဖြင့်လည်းကောင်း၊ ဆွီဒင်အသင်းက သြစတြီးယားအသင်းအား ၂ ဂိုး ၁ ဂိုးဖြင့်လည်းကောင်း၊ တူရကီအသင်းက အက်စ်တိုးနီးယားအသင်းအား ၂ ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ ရိုမေးနီးယားအသင်းက အန်ဒိုရာအသင်းကို ၄ ဂိုး ဂိုးမရှိဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ကြသည်။

    ကမ္ဘာ့ဖလား ဥရောပဇုန်ခြေစစ်ပွဲရလဒ်များမှာ အောက်ပါအတိုင်းဖြစ်သည်။

    Wales 1 – 0 Macedonia
    Germany 3 – 0 R. of Ireland
    Azerbaijan 2 – 0 Northern Ireland
    England 4 – 1 Montenegro
    Croatia 1 – 2 Belgium
    Armenia 2 – 1 Bulgaria
    Malta 1 – 4 Czech Rep.
    Denmark 2 – 2 Italy
    Faroe Islands 1 – 1 Kazakhstan
    Sweden 2 – 1 Austria
    Andorra 0 – 4 Romania
    Estonia 0 – 2 Turkey

    channelnewsasia