ဇူလိုင် ၁၈ ၊ ၂၀၁၄
M-Media
– ဂါဇာအား အစ္စရေးက လေကြောင်းမှ တိုက်ခိုက်မှု ၁၀ ရက်မြောက်လာခဲ့ပြီးနောက် ယနေ့တွင် ဂါဇာဒေသသို့ တင့်ကားများအပါအ၀င် အစ္စရေးခြေလျင် တပ်များ ၀င်ရောက်ကာ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
အစ္စရေးပိုင်နက်အတွင်းသို့ ၀င်ရောက်ရန် ဖောက်လုပ်ထားသည့် ဟားမက်စ်အဖွဲ့၏ လှိုဏ်ခေါင်းများကို ဖျက်ဆီးရန်ဟုဆိုကာ ၀င်ရောက်တိုက်ခိုက်ခဲ့ခြစ်ဖြစ်ပြီး မြေပြင်တိုက်ခိုက်မှုများကို တိုးချဲ့ပြုလုပ်သွားမည်ဟု အစ္စရေး ၀န်ကြီးချုပ် နေတန်ယာဟုက ပြောကြား ထားသည်။
မြေပြင်တိုက်ခိုက်မှုများတွင် စစ်သားတစ်ဦးသေဆုံးခဲ့ပြီး အခြား နှစ်ဦးမှာ ဒဏ်ရာရရှိခဲ့သည်ဟု အစ္စရေးဘက်က ပြောကြားခဲ့သည်။ ဂါဇာတွင်နေထိုင်သူတစ်ဦးကမူ အစ္စရေးစစ်တပ်မှာ အစ္စရေး-ပါလက်စတိုင်းနယ်ခြားတွင် ရှိနေသည်ဟု ပြောကြားခဲ့သည်။
ဂါဇာအား အစ္စရေးမှ တိုက်ခိုက်မှုများမှာ ၁၁ မြောက်လာခဲ့ပြီဖြစ်ပြီး ယမန်နေ့ည လေကြောင်းမှ တိုက်ခိုက်မှု တစ်ခုတည်းတွင်ပင် ပါလက်စတိုင်း အရပ်သား ၂၄ ဦးသေဆုံးခဲ့ပြီး ၂၀၀ ကျော်ဒဏ်ရာရရှိခဲ့သည်။ အစ္စရေး၏ တိုက်ခိုက်မှုကြောင့် သေဆုံးသူ ပါလက်စတိုင်း အရေအတွက်မှာ ၂၆၅ ဦးရှိလာခဲ့ပြီး၊ ဒဏ်ရာရရှိသူများမှာ ၂၀၀၀ နီးပါးရှိလာခဲ့ပြီဖြစ်သည်။
Ref: : Al Jazeera and agencies
Leave a Reply
You must be logged in to post a comment.