News @ M-Media

Tag: international short news

  • နိုင်ငံတကာ သတင်းတို

    မေ ၁၈၊ ၂၀၁၅
    M-Media

    ထိုင်းလူကုန်ကူးခေါင်းဆောင်ကို ဖမ်းမိ
    ………………………………..
    မြန်မာနှင့် ဘင်္ဂလာဒေ့ရှ်တို့မှ လူများကို လူကုန်ကူးနေသည့်အဖွဲ့မှ အဓိကခေါင်းဆောင် ပတ်ချူဘန် အန်ဂ်ချိုတီပန်ကို ဖမ်းဆီးလိုက်ပြီဟု ထိုင်းတော်ဝင်ရဲတပ်ဖွဲ့မှ ယနေ့တွင် ကြေညာခဲ့သည်။ အန်ဂ်ချိုတီပန်မှာ လူကုန်ကူးစခန်းများ အဓိကအခြေစိုက်ရာ ထိုင်းတောင်ပိုင်း ဆာတွန်ပြည်နယ် အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူဟောင်းဖြစ်သည်။

    ရာမာဒီပြန်သိမ်းရန် အီရတ်ကို အီရန်ကူမည်
    ………………………………
    အီရတ်နိုင်ငံအနောက်ပိုင်း အန်ဘာရ်ပြည်နယ်ရှိ ရာမာဒီမြို့ IS လက်ထဲမှ လွတ်မြောက်ရေးအတွက် မိမိတို့အနေဖြင့် အီရတ်အစိုးရအား ကူညီသွားမည်ဟု အီရန်အဓိပတိ၏ အကြံပေးဖြစ်သူ အလီအက္ကဘာရ် ဗီလာယတီက ယနေ့တွင် ပြောကြားလိုက်သည်။ လက်ရှိအချိန်တွင် ရှီအိုက် ပြည်သူစစ်များကို အန်ဘာရ်ပြည်နယ်တွင် တပ်ဖြန့်ချထားရန် စီစဉ်နေသည်။ အီရန်မှာ
    ပြီးခဲ့သည့်လက တီကရစ်မြို့ IS လက်မှ လွတ်မြောက်ရေးတိုက်ပွဲတွင်လည်း အီရတ်အား စစ်ရေးအကူအညီ ပေးခဲ့သည်။

    ရုရှားစစ်သား ၂ ဦးကို အကြမ်းဖက်မှုဖြင့် ယူကရိန်း တရားစွဲမည်
    ……………………………..
    နိုင်ငံအရှေ့ပိုင်း တိုက်ပွဲများမှ ဖမ်းဆီးရမိသည်ဟုဆိုသော ရုရှားစစ်သား၂ ဦကို အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်မှုဖြင့် တရားစွဲဆိုသွားမည်ဟု ယူကရိန်းက ယနေ့တွင် ကြေညာလိုက်သည်။ ယူကရိန်းမတည်မငြိမ်ဖြစ်မှုတွင် မိမိတို့စစ်တပ်မှ လုံးဝ ပါဝင်ပတ်သက်မှုမရှိဟု စောစောပိုင်းက ပြောထားသော ရုရှားမှာ အဆိုပါကိစ္စအတွက် မည်သည့်မှတ်ချက်မှ ပေးသေးချေ။

    အမေရိကန်ရဲတွေ စစ်သားပုံစံမျိုးမဖြစ်အောင် ပိတ်ပင်မည်
    ………………………………..
    ပြည်နယ်ရဲတပ်ဖွဲ့များအား စစ်သားပုံစံ ၀တ်စုံ၊ လက်နက်ကိရိယာများ ဖက်ဒရယ်အစိုးရက ပေးအပ်ခြင်းကို ပိတ်ပင်မည့်အစီအစဉ် ရှိနေသည်ဟု အမေရိကန်သမ္မ ဘာရက်အိုဘားမားက စနေနေ့တွင် နယူးဂျာဆီပြည်နယ်၌ ပြောကြားလိုက်သည်။

    Ref: News Agencies

  • နိုင်ငံတကာသတင်းတို (မေ ၁၇၊ ၂၀၁၅)

    မေ ၁၇၊ ၂၀၁၅
    M-Media

    အိုင်ယာလန်တွင် လိင်တူလက်ထပ်မှု တရားဝင်ဖြစ်ရန် အလားအလာကောင်း
    …………………………….
    နိုင်ငံအတွင်း လိင်တူလက်ထပ်မှုကို တရားဝင်ခွင့်ပြုရေးအတွက် ပြည်သူဆန္ဒခံယူပွဲကို လာမည့်တစ်ပတ် သောကြာနေ့တွင် အိုင်ယာလန်နိုင်ငံ၌ ပြုလုပ်သွားမည်ဖြစ်ပြီး ကနဦးစစ်တမ်းများအရ ပြည်သူများမှာ လိင်တူလက်ထပ်မှုကို လိုလားနေသည်ဟု ပြသနေသည်။ ကက်သလစ်ဘုန်းတော်ကြီးများ၏ ကလေးများအား စော်ကားမှုအရှုပ်တော်ပုံ ထွက်ပေါ်လာပြီးနောက်
    အိုင်ယာလန်တွင် ကက်သလစ်အသင်းတော်၏သြဇာ ကျဆင်းခဲ့ပြီး လိင်တူလက်ထပ်မှုကို ထောက်ခံမှုများလည်း မြင့်တက်လာခဲ့သည်။

    အမေရိကန်အထူးစစ်ဆင်ရေးတွင် IS ခေါင်းဆောင်တစ်ဦး သေဆုံး
    ………………………….
    ဆီးရီးယားနိုင်ငံ အရှေ့ပိုင်းတွင် အမေရိကန် အထူးတပ်ဖွဲ့မှ ပြုလုပ်ခဲ့သည့် စစ်ဆင်ရေးအတွင်း IS ၏ အကြီးတန်းခေါင်းဆောင်တစ်ဦးဖြစ်သူ အဘူဆယက်ဖ်နှင့် အနည်းဆုံး ၆ ဦးကို သုတ်သင်နိုင်ခဲ့သည်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ယမန်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ အဘူဆယက်ဖ်မှာ IS ၏ ဘဏ္ဍာရေးကို ချုပ်ကိုင်နေသူဖြစ်ပြီး စစ်ရေးလုပ်ငန်းများကိုလည်း အစီအစဉ်ဆွဲပေးနေသော အဓိကခေါင်းဆောင်တစ်ဦးဖြစ်သည်ဟု
    အမေရိကန်က ဖော်ပြခဲ့သည်။ အဆိုပါစစ်ဆင်ရေးအတွင်း ၎င်း၏ ဇနီးကိုပါ ဖမ်းဆီးခဲ့သည်။

    မိုဇမ်ဘတ်နိုင်ငံသား ၄၀၀ ကျော်ကို တောင်အာဖရိက နယ်နှင်
    ………………………
    နိုင်ငံခြားသားများအား ဦးတည်သော တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် နိုင်ငံတစ်ဝှမ်းရှိ တရားမ၀င်နိုင်ငံခြားသားများကို ဖမ်းဆီးခဲ့သည့် တောင်အာဖရိကနိုင်ငံမှာ မိုဇမ်ဘတ်နိုင်ငံသား ၄၀၀ ကျော်ကို နယ်နှင်လိုက်ပြီဟု တောင်အာဖရိက အာဏာပိုင်များက ယနေ့တွင် ပြောကြားလိုက်သည်။ ထိုအရေးကို ပူးပေါင်းဆောင်ရွက်နေသည့် မိုဇမ်ဘတ်နိုင်ငံခြားရေးဝန်ကြီးကမူ မိမိတို့မှာ
    ဆွေးနွေးမှုများပြုလုပ်ရန် မျှော်လင့်ခဲ့သော်လည်း ဖမ်းဆီးမှုများကိုသာ ကြုံခဲ့ရကြောင်း၊ ယခုကဲ့သို့ နယ်နှင်မှုအတွက် အံ့သြရကြောင်း ပြောကြားခဲ့သည်။

    Ref: News Agencies

  • နိုင်ငံတကာသတင်းတို (မေ ၁၆၊ ၂၀၁၅)

    နိုင်ငံတကာသတင်းတို (မေ ၁၆၊ ၂၀၁၅)

    မေ ၁၆၊ ၂၀၁၅
    M-Media

    မော်စီသေဒဏ်ကို အာဒိုဂန်ဝေဖန်
    ——————————————
    စစ်တပ်မှ အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံခဲ့ရသည့် မွတ်စလင်ညီအကိုများအဖွဲ့မှ သမ္မတဟောင်း မော်စီကို အီဂျစ်တရားရုံးမှ ယနေ့တွင် သေဒဏ်ချမှတ်မှုအတွက် တူရကီသမ္မတ တိုင်ယစ်ပ် အာဒိုဂန်က ဝေဖန်လိုက်ပြီး ထိုသေဒဏ်ကို တားဆီးခြင်းမရှိသည့် အနောက်နိုင်ငံများကိုလည်း သရဲဘောကြောင်သည့် နိုင်ငံများဟု စွပ်စွဲခဲ့သည်။ မော်စီမှာ အီဂျစ်နိုင်ငံသမိုင်းတွင် ပထမဆုံး လူထုဆန္ဒဖြင့် ရွေးကောက်တင်မြှောက်ခြင်းခံခဲ့ရသည့် သမ္မတဖြစ်ပြီး ၎င်း၏ လက်ထက် မငြိမ်သက်မှုများကို အခွင့်ကောင်းယူ၍ စစ်တပ်က ဖြုတ်ချခဲ့ခြင်းဖြစ်သည်။
    .
    ရာမာဒီအား IS လက်မှပြန်သိမ်းရန် အီရတ်စစ်တပ် ကြိုးပမ်း
    —————————————————————————
    ISIL အဖွဲ့က ယမန်နေ့တွင် သိမ်းပိုက်ခဲ့သည့် ရာမာဒီမြို့ကို ပြန်လည်သိမ်းယူရေးအတွက် စစ်ကူများကို စေလွှတ်လိုက်ပြီး အမေရိကန်ဦးဆောင်သည့် မဟာမိတ်တပ်ဖွဲ့များကလည်း ယမန်နေ့ည နှောင်းပိုင်းကတည်းက လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်နေသည်ဟု အီရတ် စစ်တပ်မှ ယနေ့တွင် ကြေညာလိုက်သည်။ အန်ဘာရ်ပြည်နယ် မြို့တော်ဖြစ်သော ရာမာဒီတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး လာမည့်နာရီများတွင် ISIL အဖွဲ့အား မောင်းထုတ်နိုင်မည်ဟု စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဆအဒ်မူအန် အီဘရာဟင်က ပြောကြားခဲ့သည်။

    ဒုက္ခသည်လှေတစ်စင်းကို ထိုင်းရေတပ် ပင်လယ်ပြန်ပို့
    —————————————————————-
    လူကုန်ကူးသမားများက စွန့်ပစ်သွားခဲ့သည်ဟု ယူဆရပြီး ရွှေ့ပြောင်းအခြေချသူများ တင်ဆောင်လာသော စက်လှေတစ်စင်းကို ထိုင်းရေတပ်က အက်ဒမန် ပင်လယ်အတွင်းရှိ နိုင်ငံတောင်ပိုင်းရှိ ကျွန်းစုမှ ယနေ့တွင် အင်ဒိုနီးရှားသို့သွားရာ ပင်လယ်ပြင်သို့ ပြန်လည် ပို့ဆောင်ခဲ့သည်ဟု Reuters သတင်းဌာနက ဖော်ပြခဲ့သည်။

    Ref: News Agencies

    http://wp.me/p2QCYJ-aEU

  • နိုင်ငံတကာ သတင်းတို (မေ ၁၅၊ ၂၀၁၅)

    မေ ၁၅၊ ၂၀၁၅
    M-Media

    နီပေါရှိ ပျောက်ဆုံး အမေရိကန်စစ်ဘက်ရဟတ်ယာဉ် ပြန်တွေ့
    …………………………………..
    နီပေါတွင် အခြေစိုက်၍ ငလျင်ဒဏ်သင့်ပြည်သူများအား စားနပ်ရိက္ခာများ သွားရောက်ပို့ဆောင်စဉ် အင်္ဂါနေ့က ပျောက်ဆုံးသွားခဲ့သည့် အမေရိကန် မရိန်းတပ်ဖွဲ့မှ ရဟတ်ယာဉ် ပျက်ကျခဲ့သည့်နေရာကို တွေ့ရှိခဲ့ပြီဟု နီပေါကာကွယ်ရေးဝန်ကြီးဌာနက ယနေ့တွင် ပြောကြားခဲ့သည်။ ထိုရဟတ်ယာဉ်တွင် အမေရိကန်စစ်သည် ၆ ဦးနှင့် နီပေါစစ်သည် ၂ ဦး စုစုပေါင်း ၈ ဦး လိုက်ပါသွားပြီး
    မီးလောင်ကျွမ်းနေသော ရုပ်အလောင်း ၃ လောင်းကို တွေ့ရှိခဲ့ရကာ အသက်ရှင်ကျန်ရစ်သူ မရှိပေ။

    စာချုပ်ဖျက်သိမ်းမှုအတွက် ရုရှားက ပြင်သစ်ထံ လျော်ကြေးတောင်း
    ………………………….
    ရဟတ်ယာဉ်တင်ဆောင်သည့် Mistral သင်္ဘောနှစ်စီး ပို့ဆောင်ပေးရန် ချုပ်ဆိုထားသည့် စာချုပ်အား ပြင်သစ်က ဖောက်ဖျက်ခဲ့မှုအတွက် နစ်နာကြေး ယူရို ၁.၁၆၃ ဘီလီယံ လိုချင်သည်ဟု ရုရှားက ယနေ့တွင် ပြောကြားလိုက်သည်။ ၁.၁၉ သန်းတန်ဖိုးရှိ အဆိုပါ အရောင်းအ၀ယ်စာချုပ်ကို ၂၀၁၁ ခုနှစ်က ချုပ်ဆိုထားခြင်းဖြစ်ပြီး ယူကရိန်းအရေးတွင် ရုရှား၏ ပါဝင်ပက်သက်မှုအတွက် အဆိုပါ
    သင်္ဘောများအား မပို့ဆောင်ရေး အနောက်နိုင်ငံများက ဖိအားပေးသောကြောင့် ပြင်သစ်က ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။ လျော်ကြေးတွင် သင်္ဘောနှင့်ပတ်သက်သည့် ဆက်စပ်အသုံးစားရိတ်များကိုပါ ရုရှားက ထည့်တွက်ထားသည်။

    အာဖရိကန်ဒုက္ခသည်များကို အီတလီ ကယ်တင်ရပြန်
    …………………………….
    ဒုက္ခသည်များ ပြွတ်သိပ်ကျပ်ညပ်စွာ တင်ဆောင်ကာ အာဖရိကမှ ဥရောပသို့ မောင်းနှင်လာသည့် သင်္ဘောများမှ လူပေါင်း ၃၆၀၀ ခန့်ကို နှစ်ရက်အတွင်း ကယ်တင်ခဲ့ရသည်ဟု အီတလီနိုင်ငံက ယနေ့တွင် ပြောကြားလိုက်သည်။

    Ref: News Agencies

  • နိုင်ငံတကာသတင်းတို (မေ ၁၄၊ ၂၀၁၅)

    နိုင်ငံတကာသတင်းတို (မေ ၁၄၊ ၂၀၁၅)

    မေ ၁၄၊ ၂၀၁၅
    M-Media

    လူဇင်ဘတ်ဝန်ကြီးချုပ် လိင်တူလက်ထပ်မည်
    ——————————————————–
    ဥရောပနိုင်ငံတစ်ခုဖြစ်သည့် လူဇင်ဘတ်၏ အသက် ၄၂ နှစ်အရွယ် ၀န်ကြီးချုပ် ဇာဗီယာ ဘက်တဲလ်မှာ ၎င်း၏ ချစ်သူ အမျိုးသား ဂူသီယာ ဒက်စ်တီနေးနှင့် သောကြောနေ့တွင် လက်ထပ်တော့မည်ဟု ကြေညာလိုက်သည်။ ထို့ကြောင့် ဘက်တဲလ်မှာ ဥရောပတွင် လိင်တူချစ်သူကို လက်ထပ်သည့် ပထမဆုံးနှင့် ကမ္ဘာတစ်ဝှမ်းတွင် ဒုတိယမြောက် ခေါင်းဆောင် ဖြစ်လာမည်ဖြစ်သည်။
    လွန်ခဲ့သည့် ၅ နှစ်က အိုက်စလန် ၀န်ကြီးချုပ် ဂျိုဟာနာ ဆီဂါဒါ ဒေါ့တီရ်မှာ ၎င်း၏ လိင်တူချစ်သူကို လက်ထပ်ခဲ့ပြီး ကမ္ဘာပေါ်တွင် လိင်တူလက်ထပ်သည့် ပထမဆုံး ခေါင်းဆောင် ဖြစ်ခဲ့သည်။
    .
    မြောက်ကိုရီးယား စစ်တပ်အကြီးအကဲ ကွပ်မျက်ခံရမှု မသေချာသေး
    ————————————————————————————
    မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ဟွန် ယွန် ချိုလ် ကွပ်မျက်ခံရသည်ဆိုသော သတင်းအား အတည်မပြုနိုင်သေးဟု တောင်ကိုရီးယား ထောက်လှမ်းရေးအေဂျင်စီ NIS က ပြောကြားလိုက်သည်။ ဗုဒ္ဓဟူးနေ့တွင် တောင်ကိုရီးယား ပါလီမန်ရှိ အမတ်များက ဟွန် ယွန် ချိုလ်မှာ လေယာဉ်ပစ် စက်သေနတ်ဖြင့် ကွပ်မျက်ခံခဲ့ရသည်ဟု NIS က ယုံကြည်ကြောင်း ပြောကြားပြီးနောက် သတင်းများက ထိုပြောကြားမှု ကို ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့ကြသည်။ သို့သော်လည်း NIS ပြောရေးဆိုခွင့်ရှိသူကမူ ဟွန်မှာ ရာထူးမှ ဖယ်ရှားခံရသော်လည်း ကွပ်မျက်ခံရခြင်း ရှိ/မရှိကို အတည်မပြုနိုင်ဟု ယနေ့တွင် ပြောကြားခဲ့သည်။
    .
    နီပေါပြန်လည်ထူထောင်ရေး ငွေကြေးမလုံလောက်
    ————————————————————
    ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် မိမိ တို့တွင် ငွေကြေး မလုံလောက်ဟု နီပေါအစိုးရက ပြောကြားလိုက်သည်။ ပြီးခဲ့သည့် ၂ ပတ်အရင်က ပြင်းအား ၇.၈ မဂ္ဂနီကျုရှိ ငလျင်ဒဏ်ကို ခံခဲ့ရပြီး လူပေါင်း ၈ ထောင်ကျော် သေဆုံးခဲ့သည့် နီပေါမှာ ပြီးခဲ့သည့် အင်္ဂါနေ့ကလည်း ပြင်းအား ၇.၄ မဂ္ဂနီကျုရှိ ငလျင်ဒဏ်ကို ထပ်မံခံစားခဲ့ရပြီး ထိုငလျင်ကြောင့် အဆောက်အဦးများ ထပ်မံ ပြိုကျ ပျက်ဆီးခဲ့ကာ သေဆုံးသူမှာ ၉၁ ဦး ရှိလာခဲ့ပြီဖြစ်သည်။
    .
    ယီမင်တွင် အကူအညီများစတင်
    —————————————
    တိုက်ခိုက်မှုများ ဖြစ်ပွားနေသော ယီမင်နိုင်ငံတွင် ၅ ရက်ကြာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အပစ်ရပ်ရေးကို ယနေ့တွင်စတင်ခဲ့ပြီး အာရပ်နိုင်ငံများ၊ အီရန်နှင့် အနောက်နိုင်ငံများက ပေးပို့သော အစားအသောက်၊ ဆေးဝါးနှင့် လောင်စာဆီ များကို ပြည်သူများအား ဝေငှလျက်ရှိနေသည်။
    .
    Ref: News Agencies

    http://wp.me/p2QCYJ-aDu