News @ M-Media
Tag: Man City
  • နည်းပြအတွက် မန်းစီးတီးကွင်းလယ်လူက ဖလားရယူပေးချင်နေ
    နည်းပြအတွက် မန်းစီးတီးကွင်းလယ်လူက ဖလားရယူပေးချင်နေ
    ဖေဖော်ဝါရီ ၂၀၊ ၂၀၁၆
    M-Media
    mancity
    – ရာသီကုန်တွင် အသင်းမှ ထွက်ခွာရတော့မည့် နည်းပြ ပယ်လီဂရီနီအတွက် ပရီးမီးယားလိဂ်ဖလားတစ်လုံး ရယူပေးချင်သည်ဟု မန်စီးတီးကွင်းလယ်လူ ဖာနန်ဒင်ဟိုက ပြောကြားလိုက်သည်။
    လာမည့်နှစ်တွင် ဘိုင်ယန်မှ ထွက်ခွာမည့် ဂွါဒီယိုလာမှာ မန်စီးတီးသို့ ရောက်ရှိမည်ဟု ကြေငြာခဲ့ခြင်းကြောင့် ပရီးမီးယားလိဂ် ဖလားတစ်လုံးနှင့် လိဂ်ဖလားတစ်လုံးကို ရယူပေးထားနိုင်သည့် ပယ်လီဂရီနီအတွက် ယခုရာသီမှာ နောက်ဆုံးရာသီ ဖြစ်မည်ဖြစ်သည်။ ၂၀၁၃ ခုနှစ် ပယ်လီဂရီနီ စတင်ကိုင်တွယ်စဉ်က ရှက်တာဒိုးနက်မှ ပထမဆုံး ၀ယ်ယူခဲ့သည့် ဖာနန်ဒင်ဟိုမှာ နည်းပြအတွက် ပြည်တွင်းဖလားတစ်လုံးကို ဆွတ်ခူးပေးချင်နေသည်။
    “ပထမဆုံးရာသီမှာ ကျွန်တော်တို့ဟာ ဖလား ၂ လုံးကို တစ်ပြိုင်တည်း ရခဲ့ပါတယ်။ သူ့(ပယ်လီဂရီနီ) ဆီက အများကြီး သင်ယူနိုင်ခဲ့ပြီး ကျွန်တော့်အတွက်တော့ သူဟာ ဖခင်တစ်ယောက်လိုပါပဲ။ သူက ကျွန်တော့်ကို အသင်းဆီ ခေါ်ယူခဲ့တယ်။ ကစားသမားကောင်းတွေနဲ့ ကစားစေခဲ့တယ်။ သူဟာ ကောင်းမွန်တဲ့အလုပ်ကို လုပ်နိုင်ခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ ရွှေအိုးထမ်း အဆုံးသတ်ဖို့ ကျွန်တော်တို့မှာ အခွင့်အရေးကောင်းတစ်ခု ရှိနေပါတယ်။ ပရီးမီးယားလိဂ်ကိုထပ်ရဖို့ ကျွန်တော်တို့မှာ အခွင့်အရေးရှိနေပြီး လုပ်နိုင်မယ်လို့လဲ မျှော်လင့်ပါတယ်” ဟု ဖာနန်ဒင်ဟိုက ပြောကြားခဲ့သည်။
    Ref : Goal
  • ပယ်လီဂရီနီအတွက် ရေကုန်ရေခမ်း ပေးဆပ်မည်ဟု မန်စီးတီးဂိုးသမားပြော
    ပယ်လီဂရီနီအတွက် ရေကုန်ရေခမ်း ပေးဆပ်မည်ဟု မန်စီးတီးဂိုးသမားပြော
    ဖေဖော်ဝါရီ ၁၁၊ ၂၀၁၆
    M-Media
    man city
    – ရာသီကုန်တွင် ထွက်ခွာရတော့မည်ဖြစ်သည့် နည်းပြ ပယ်လီဂရီနီအတွက် ရေကုန်ရေခမ်း တိုက်ပွဲဝင်သွားမည်ဟု မန်စီးတီးဂိုးသမား ဂျိုးဟတ်က ပြောကြားလိုက်သည်။
    ပယ်လီဂရီနီမှာ မန်စီးတီးအသင်းအား ၃ နှစ်ကြာကိုင်တွယ်မှုအတွင်း ပရီးမီးယားလိဂ် ဖလားတစ်လုံးနှင့် လိဂ်ဖလားတစ်လုံးကို ဆွတ်ခူးပေးထားနိုင်သည်။ ရာသီကုန်တွင် ဘိုင်ယန်နည်းပြ ဂွာဒီယိုလာမှာ အသင်းသို့ ရောက်ရှိမည်ဟု မန်စီးတီးက မကြာသေးမီတွင် ကြေငြာခဲ့ပြီး ကစားသမားများနှင့် ပရိတ်သတ်များအကြား စိတ်လှုပ်ရှားမှုများ မြင့်တက်လာခဲ့သည်။
    သို့သော်လည်း ဂျိုးဟတ်ကမူ ပယ်လီဂရီက ထောက်ခံအားပေးခဲ့သည်။
    “သူက လူကောင်းတစ်ယောက်ပါ။ ဘောလုံးရဲ့ပြင်ပမှာ ကိုယ်ပိုင်အမြင်အတွက် ကျွန်တော်ဟာ အမြဲတမ်း သူနဲ့ ဆွေးနွေးပါတယ်။ ကျွန်တော် သူ့ကို သဘောကျပါတယ်။ သူထွက်ခွာသွားတာကို ကြည့်ရမှာ ၀မ်းနည်းစရာပါပဲ။ အသင်းအတွက် စာမျက်နှာသစ် ဖွင့်လှစ်လိုက်တယ်ဆိုတာ မှန်ပေမယ့် ဒါက နောက်နှစ်မှပါ။ ဒီရာသီ ကျွန်တော်တို့မှာ ပယ်လီဂရီနီရှိနေတယ်။ သူနဲု့အတူ အဆုံးအထိ တိုက်ပွဲ ၀င်သွားမှာပါ” ဟု ဂျိုးဟတ်က BT Sport သို့ ပြောကြားခဲ့သည်။
    Ref: Goal
  • ယာယာတိုးရေးအား လစားများများပေး၍ ခေါ်ယူရန် တရုတ်ကလပ်များ စီစဉ်နေ
    ယာယာတိုးရေးအား လစားများများပေး၍ ခေါ်ယူရန် တရုတ်ကလပ်များ စီစဉ်နေ
    ဖေဖော်ဝါရီ ၃၊ ၂၀၁၆
    M-Media
    toure
    – မန်စီးတီးမှ ထွက်ခွာတော့မည်ဟု သတင်းထွက်နေသည့် ယာယာတိုးရေးအား တရုတ်ကလပ်များက တစ်နှစ်လုပ်ခ ပေါင် သန်း ၃၀ ခန့်ပေးကာ ခေါ်ယူရန် စီစဉ်နေသည်ဟု Daily Telegraph က ဖော်ပြခဲ့သည်။
    တိုးရေးအား မန်စီးတီးသို့ ဘာစီလိုနာမှ ရောင်းချခဲ့သည့် နည်းပြ ဂွာဒီယိုလာမှာ ရာသီကုန်တွင် မန်စီးတီးသို့ ရောက်ရှိမည်ဟု အတည်ပြုချက် ထွက်ပေါ်လာပြီးနောက်ပိုင်း တိုးယေး၏ မန်စီးတီးအသင်း အနာဂတ်မှာ မရေရာမသေချာ ဖြစ်လာခဲ့ခြင်းဖြစ်သည်။
    ထို့ကြောင့် အသက် ၃၂ နှစ်အရွယ်ရှိ တိုးရေးကို Jiangsu Suning အပါအ၀င် တရုတ်ကလပ် ၃ သင်းက ခေါ်ယူရန် စဉ်းစားနေသည်ဟု သတင်းများ ထွက်ပေါ်လာခဲ့ပြီး လစာမှာလည်း မက်ဆီနှင့် ရော်နယ်ဒိုတို့အပြီး ကမ္ဘာပေါ်တွင် တတိယမြောက်အများဆုံးဖြစ်မည့် လစာကို ပေးချေရန် ရှိနေသည်ဟု ဆိုသည်။
    တိုးရေးမှာ မန်စီးတီးတွင် ဆက်နေရန် ဆန္ဒရှိနေသေးသော်လည်း ဂွာဒီယိုလာက ကစားသမားအသစ်များ ခေါ်ယူသွား မည့်အစီအစဉ် ရှိနေသောကြောင့် အနာဂတ်မှာ မသေချာခြင်းဖြစ်သည်။ အခြားသော ဥရောပအသင်းကြီးများကလည်း ၎င်းအား စိတ်ဝင်စားနေကြသည်။
    Ref : Goal
  • ခြေစွမ်းပြခဲ့သည့် လူငယ်တိုက်စစ်မှူးကို မန်စီးတီးနည်းပြ ချီးကျူး
    ခြေစွမ်းပြခဲ့သည့် လူငယ်တိုက်စစ်မှူးကို မန်စီးတီးနည်းပြ ချီးကျူး
    ဇန်န၀ါရီ ၃၁၊ ၂၀၁၆
    M-Media
    nacho
    – FA ဖလား အက်စတွန်ဗီလာနှင့်ပွဲတွင် ခြေစွမ်းပြခဲ့သည့် လူငယ်ကစားသမား ကီလီချီ အိုင်ဟီယာနာချိုအား မန်စီးတီးနည်းပြ မန်နျူယဲလ် ပယ်လီဂရီနီက ချီးကျူးလိုက်ပြီး ဇက်ကိုနှင့် ယိုဗီတစ်တို့ကို ရောင်းချမှု မှန်ကန်ကြောင်း သက်သေပင်ဖြစ်သည်ဟု ပြောကြားခဲ့သည်။
    FA ဖလား စတုတ္ထအဆင့်အဖြစ် ယမန်နေ့က ကစားခဲ့သည့် ထိုပွဲတွင် မန်စီးတီးမှာ ၄ ဂိုးပြတ်ဖြင့် အနိုင်ရခဲ့ပြီး အသက် ၁၉ နှစ်အရွယ် အိုင်ဟီယာနာချိုမှာ ဟက်ထရစ်သွင်းယူပေးခဲ့ကာ၊ စတာလင်က ၁ ဂိုး သွင်ယူပေးခဲ့သည်။ ပယ်လီဂရီနီကမူ အဓိကတိုက်စစ်မှူးများဖြစ်သည့် ဇက်ကိုနှင့် ယိုဗီတစ်တို့အား ယခုနှစ်အစတွင် ရိုးမားနှင့် အင်တာမီလန်သို့ ရောင်းချခဲ့ခြင်းမှာ မှန်ကန်သည်ဟု ဆိုသည်။
    “ကီလီချီက တော်တော်ကောင်းတဲ့ လူငယ်လေးပါ။ သူ့ကို နေ့တိုင်းစောင့်ကြည့်နေပြီး သူ ဘာလုပ်နိုင်တယ်ဆိုတာ ကျွန်တော် သိတဲ့အတွက်ကြောင့် ယိုဗီတစ်နဲ့ ဇက်ကိုတို့ကို ထွက်ခွင့်ပြုလိုက်တာပါ။ ကျွန်တော် တော်တော်လေး ကျေနပ်မိပါတယ်” ဟု ပြောကြားခဲ့သည်။
    ထို့ပြင် ပွဲအများကြီးကစားရန် ရှိနေသောကြောင့် ထိုပွဲတွင် အပြောင်းအလဲတစ်ချို့ လုပ်ဆောင်ခဲ့ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။ မန်စီးတီးမှာ လက်ရှိအချိန်တွင် ဖလား ၄ လုံးလမ်းကြောင်းပေါ်၌ ရှိနေဆဲဖြစ်သည်။
    Ref: Goal
  • ၀က်စ်ဟမ်းပွဲရလဒ်မှာ လိုချင်သောရလဒ်မဟုတ်ဟု ပယ်လီဂရီနီပြော
    ဇန်န၀ါရီ ၂၄၊ ၂၀၁၆
    M-Media
    mancity
    – ယမန်နေ့ပွဲ သရေကျခဲ့ခြင်းမှာ မဆိုးလှသော်လည်း မိမိလိုချင်သည့် ရလဒ်မျိုးမဟုတ်ဟု မန်စီးတီးနည်းပြ ပယ်လီဂရီနီက ၀န်ခံပြောကြားလိုက်သည်။
    “သရေရလဒ်ဟာ ပွဲမတိုင်ခင်က ကျွန်တော်တို့လိုချင်တဲ့ ရလဒ်မျိုး မဟုတ်ပါဘူး။ ဆိုးဝါးတဲ့ရလဒ် မဟုတ်ပေမယ့် လိုချင်တဲ့ရလဒ်တော့ မဟုတ်ခဲ့ပါဘူး။ ပွဲတစ်ပွဲလုံးကို ဆန်းစစ်ကြည့်မယ်ဆိုရင် ကျွန်တော်တို့ဟာ ဂိုးသွင်းဖို့ အကောင်းဆုံးအခွင့်အရေး ၂ ကြိမ်၊ ၃ ကြိမ်လောက် ရရှိခဲ့ပါတယ်။ တိုင် ၂ ခါထိတယ်။ ပြီးတော့ ပြီးကာနီးမှာလည်း ရှင်းလင်းတဲ့ အခွင့်အရေးတစ်ခုကို ရခဲ့ပါတယ်” ဟု ပယ်လီဂရီနီက ပြောကြားခဲ့သည်။
    ထို့ပြင် အသင်းကြီးများအား ဒုက္ခပေးလေ့ရှိသည့် ၀က်စ်ဟမ်းအသင်း၏ ကစားသမားများကိုလည်း ၎င်းက ချီးကျူးပြောဆိုခဲ့သည်။
    Ref: Goal