News @ M-Media
Tag: north korea
  • မက်ဆီထက်ပိုကောင်းသည့် ကစားသမားများ မွေးထုတ်မည်ဟု မြောက်ကိုရီးယားကြုံးဝါး
    မက်ဆီထက်ပိုကောင်းသည့် ကစားသမားများ မွေးထုတ်မည်ဟု မြောက်ကိုရီးယားကြုံးဝါး
    နိုဝင်ဘာ ၁၅၊ ၂၀၁၆
    M-Media
    ၁၉၆၆ ကမ္ဘာ့ဖလားတွင် အီတလီအား အနိုင်ရပြီး ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့စဉ်က မြောက်ကိုရီးယားအသင်း
    – မိမိတို့အနေဖြင့် ဘာစီလိုနာကြယ်ပွင့်ကစားသမား မက်ဆီထက် ပိုကောင်းသည့် ကစားသမားများကို မွေးထုတ်ပေးသွားမည်ဖြစ်ပြီး ၎င်းတို့အား ကမ္ဘာ့အဆင့်တွင် လွှမ်းမိုးနိုင်စေရန် ကူညီပေးသွားမည်ဟု မြောက်ကိုရီးယားက ပြောကြားလိုက်သည်။
    ၂၀၁၃ ခုနှစ်က ပြုံးယမ် နိုင်ငံတကာ ဘောလုံးသင်တန်းကျောင်ကို ဖွင့်လှစ်ခဲ့ပြီးနောက် မြောက်ကိုရီးယားမှာ အနာဂတ်တွင် ဘောလုံးသမားကောင်းများ ထွက်ပေါ်လာရေး အာရုံစိုက်လာခဲ့ခြင်းဖြစ်သည်။
    “ကျွန်တော်တို့ဟာ ကျောင်းသားတွကို လီယွန်နယ် မက်ဆီလို ကစားသမားမျိုးရဲ့ စွမ်းရည်တွေကို ကျော်ဖြတ်နိုင်မယ့် အလွန်ပါရမီရှိတဲ့ ကစားသမားတွေ ဖြစ်လာအောင် လေ့ကျင့်ပေးနေပါတယ်။ အခုအချိန်မှာ ကျွန်တော်တို့ဟာ အာရှကို လွှမ်းမိုးသင့်ပြီးလို ထင်ပါတယ်။ သိပ်မဝေးတော့တဲ့ အနာဂတ်မှာတော့ ကျွန်တော်တို့ ကမ္ဘာအဆင့်မှာ လွှမ်းမိုးနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ပြုံးယမ် ဘောလုံးသင်တန်းကျောင်းမှ နည်းပြဖြစ်သူ ရီယူအီက ပြောကြားခဲ့သည်။
    လက်ရှိ ဖီဖာအဆင့်သတ်မှတ်ချက်တွင် မြောက်ကိုရီးယားမှာ ၁၂၆ တွင် ရှိနေပြီး အာမေးနီးယားနှင့် အီသီယိုးပီးယားတို့ကြားတွင် ဖြစ်သည်။ ထို့ပြင် ဒေသတွင်း ထိပ်တန်းအသင်းများဖြစ်သည့် တောင်ကိုရီးယား၊ ဂျပန်နှင့် တရုတ်တို့အား မှီရန်လည်း အလှမ်းဝေးလွန်းနေသည်။
    မြောက်ကိုရီးယားဘောလုံးသမိုင်းတွင် အကြီးကျယ်ဆုံး အောင်မြင်မှုမှာ ၁၉၆၆ ခုနှစ် အင်္ဂလန်တွင် ကျင်းပသည့် ကမ္ဘာဖလား ဘောလုံးပြိုင်ပွဲတွင် ထိုစဉ်က ဥရောပအသင်းကြီး အီတလီအသင်းအား အနိုင်ရပြီးနောက် ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။
    မြောက်ကိုရီးယား လက်ရွေးစင်အသင်း၏ နည်းပြဖြစ်သူ နော်ဝေနိုင်ငံသား ဂျွန် အန်ဒါဆန်ကမူ မြောက်ကိုရီးယား ဘောလုံးလောက၌ တိုးတက်မှုများ ရရှိရန်အတွက် နိုင်ငံရပ်ခြားတွင် သွားရောက်ကစားမှု ပိတ်ပင်ထားခြင်းကဲ့သို့ ကန့်သတ်မှုများကို ဖယ်ရှားရမည်ဟု ပြောကြားခဲ့သည်။
    Ref: Goal
  • Untitled post 62401
    မက်ဆီထက်ပိုကောင်းသည့် ကစားသမားများ မွေးထုတ်မည်ဟု မြောက်ကိုရီးယားကြုံးဝါး
    ================
  • မြောက်ကိုရီးယားတွင် ၀ဘ်ဆိုက် ၂၈ ခုသာရှိ
    မြောက်ကိုရီးယားတွင် ၀ဘ်ဆိုက် ၂၈ ခုသာရှိ
    စက်တင်ဘာ ၂၂၊ ၂၀၁၆
    M-Media
    north-web
    – ကမ္ဘာကြီးနှင့် တစ်သီးတစ်ခြားအဖြစ်ဆုံး မြောက်ကိုရီးယားနိုင်ငံတွင် မှတ်ပုံတင်ထားသည့် ၀ဘ်ဆိုက် ၂၈ ခုသာ ရှိသည်ဟု လျှို့ဝှက်ပေါက်ကြားလာသော သတင်းများအရ သိရသည်။
    ထိုပေါက်ကြားလာမှုမှာ မြောက်ကိုရီးယားရှိ ၀ဘ်ဆိုက်များကို ထိန်းချုပ်သည့် ဆာဗာတစ်ခုက .kp အမည်အောက်ရှိ ဒိုမိန်းအမည်များကို မှားယွင်းဖော်ပြခဲ့မှုမှတစ်ဆင့် သိရှိရခြင်းဖြစ်သည်။
    ထို့ပြင် နိုင်ငံပိုင်လေကြောင်းလိုင်း Air Koryo ၏ ၀ဘ်ဆိုက်၊ မြောက်ကိုရီးယား ရုပ်ရှင်နှင့် အစားသောက်များကို တင်ဆက်သည့် ၀ဘ်ဆိုက်များလည်း ထိုအထဲတွင် ပါဝင်သည်။ ထို့ကဲ့သို့ မတော်တဆ ဖော်ပြမိခဲ့သည့် ၀ဘ်ဆိုက်များစာရင်းကို ကမ္ဘာတစ်ဝှမ်းမှ သတင်းအေဂျင်စီများက အမိအရ screen shoot ဖမ်းယူခဲ့ကြသည်။
    အင်တာနက်အသုံးပြုမှုကို ပြင်းပြင်းထန်ထန် ထိန်းချုပ်ထားပြီး ၎င်း၏ ၀ဘ်ဆိုက်ကွန်ယက် သတင်းအချက်အလက်များကို ထုတ်ပြန်လေ့မရှိသည့် မြောက်ကိုရီးယားအတွက် ယခုကဲ့သို့ မှားယွင်းဖော်ပြမှုကာ ကြုံတောင့်ကြုံခဲ အဖြစ်အပျက်လည်း ဖြစ်သည်။
    ထိုသတင်းအချက်အလက်များကို အင်္ဂါနေ့က အင်ဂျင်နီယားတစ်ဦးဖြစ်သူ မတ် ဘာရ်ယန့်က တွေ့ရှိခဲ့ခြင်းဖြစ်သည်။
    Ref: the guardian
  • နျူထိပ်ဖူးစမ်းသပ်မှု အောင်မြင်ပြီဟု မြောက်ကိုရီးယား ကြေငြာ
    နျူထိပ်ဖူးစမ်းသပ်မှု အောင်မြင်ပြီဟု မြောက်ကိုရီးယား ကြေငြာ
    စက်တင်ဘာ ၉၊ ၂၀၁၆
    M-Media
    north-4
    – ယနေ့မနက်က ပြုလုပ်ခဲ့သည့် မိမိတို့၏ နျူကလီးယားထိပ်ဖူး စမ်းသပ်မှုမှာ အောင်မြင်ခဲ့သည်ဟု မြောက်ကိုရီးယားက ပြောကြားလိုက်ပြီး အမေရိကန်၏ ရန်လိုမှုကို တုန့်ပြန်ရန်ဖြစ်သည်ဟု ဆိုသည်။
    တောင်ကိုရီးယား ဇလဗေဒဌာနက မြောက်ကိုရီးယားတွင် ပြင်းအား ၅.၃ မဂ္ဂနီကျုရှိ ငလျင်တစ်ခု ယနေ့မနက်ပိုင်းက လှုပ်ခတ်ခဲ့ပြီး နျူကလီယားဗုံး စမ်းသပ်ဖောက်ခွဲမှုဖြစ်နိုင်သည်ဟု ထင်ကြေးပေးခဲ့ပြီးနောက် မြောက်ကိုရီးယား၏ ယခုကြေငြာမှု ထွက်ပေါ်လာခြင်းဖြစ်သည်။
    “မြောက်ကိုရီးယားက သိပ္ပံပညာရှင်တွေဟာ သူတို့ကိုယ်တိုင် ထီထွင်ထားတဲ့ နျူထိပ်ဖူးရဲ့ စွမ်းအားကို သုံးသပ်ဖို့အတွက် နိုင်ငံမြောက်ပိုင်း နျူစမ်းသပ်နယ်မြေမှာ ဖောက်ခွဲခဲ့ပါတယ်” ဟု မြာက်ကိုရီးယား နိုင်ငံပိုင်သတင်းဌာနက ကြေငြာခဲ့သည်။
    ထို့ပြင် အာဏာရ အလုပ်သမားပါတီ၏ ဗဟိုကော်မတီမှာ အဆိုပါ သိပ္ပံပညာရှင်များကို ချီးကျူးခဲ့ကြောင်း၊ ယခုအောင်မြင်မှုကြောင့် မြောက်ကိုရီးယားအနေဖြင့် တိုက်ခိုက်နိုင်စွမ်း ပိုမိုမြင့်မားသည့် နျူကလီးယားထိပ်ဖူး အကြီး၊ အသေး မျိုးစုံကို လိုအပ်သလို ထုတ်လုပ်နိုင်တော့မည်ဖြစ်ကြောင်း အဆိုပါ သတင်းဌာနက ထည့်သွင်းပြောဆိုခဲ့သည်။
    ပြီးခဲ့သည့် ဇန်န၀ါရီလကလည်း မြောက်ကိုရီးယားမှာ ထိုနေရာတွင် ၄ ကြိမ်မြောက် နျူကလီးယားစမ်းသပ်မှုကို ပြုလုပ်ခဲ့သည်။
    Ref: Aljazeera
  • နျူထပ်ဖူးစမ်းသပ်မှု အောင်မြင်ပြီဟု မြောက်ကိုရီးယား ကြေငြာ
    နျူထပ်ဖူးစမ်းသပ်မှု အောင်မြင်ပြီဟု မြောက်ကိုရီးယား ကြေငြာ