News @ M-Media

Tag: north korea

  • ‘နျူကလီးယားတူ’ ဖြင့် ထုမည်ဟု ကန်ကို မြောက်ကိုရီးယား ခြိမ်းခြောက်

    ‘နျူကလီးယားတူ’ ဖြင့် ထုမည်ဟု ကန်ကို မြောက်ကိုရီးယား ခြိမ်းခြောက်

    သြဂုတ် ၂၆၊ ၂၀၁၆
    M-Media

    north

    – ယခုတစ်ပတ်အတွင်း ပြုလုပ်ခဲ့သည့် ဒုံးကျည်စမ်းသပ်မှုကို အကြီးကျယ်ဆုံးအောင်မြင်မှုဟု မြောက်ကိုရီးယားက ပြောကြားလိုက်ပြီး အမေရိကန်အနေဖြင့် ‘တရားမျှတမှု နျူကလီးယားတူ’ များ၏ လက်စာ မိမည်ဟု ထိုဒုံးကျည်ကိုတင်စား၍ ခြိမ်းခြောက် ပြောဆိုလိုက်သည်။

    မြောက်ကိုရီးယား နိုင်ငံပိုင် KCNA သတင်းဌာနက ယမန်နေ့တွင် ထိုကဲ့သို့ ထုတ်လွှင့်ခဲ့ခြင်းဖြစ်ပြီး အမေရိကန်၏ နျူအင်အားကြီးနိုင်ငံဖြစ်မှုကို ရင်ဆိုင်ရန် ရင်းမြစ်အားလုံး မိမိတို့တွင် ရှိနေသည်ဟုလည်း ပြောကြားခဲ့သည်။

    မြောက်ကိုရီးယားမှာ ကင်ဂျုံအန်၏ လမ်းညွှန်မှုဖြင့် ဗုဒ္ဓဟူးနေ့က ရေငုပ်သင်္ဘောမှတဆင့် Pukguksong ဟု အမည်ပေးထားသည့် တိုက်ချင်ပစ်ဒုံးကျည်တစ်စင်းကို စမ်းသပ်ပစ်လွှတ်ခဲ့ပြီး၊ ကင်ဂျုံအန်ကမူ ဒုံးကျည် အောင်မြင်စွာ ပစ်လွှတ်နိုင်မှုအတွက် ကျေနပ်သည်ဟု ဆိုသည်။

    “မြောက်ကိုရီးယားအပေါ် အမေရိကန်ရဲ့ ခြိမ်းခြောက်မှုနဲ့ အောက်လုံးထိုးမှုတွေက မိမိတို့ရဲ့ နျူတိုက်ခိုက်မှုစွမ်းရည်ကို အမြဲတိုးတက်စေခဲ့တာပဲ ရှိပါတယ်။ အခုအချိန်မှာ အမေရိကန်က ဘယ်လောက်ပဲလက်မခံပါစေ – မိမိတို့ရဲ့ တိုက်ခိုက်နိုင်စွမ်းဟာ အမေရိကန်ပြည်မနဲ့ ပစိဖိတ်က သူတို့ရဲ့ စစ်ရေးအချက်အခြာနေရာအထိ ရောက်ရှိနေပါပြီ” ဟု ကင်၏ ပြောကြားမှုကို KCNA သတင်းဌာနက ကိုးကားဖော်ပြခဲ့သည်။

    Ref : RT

  • မိမိတို့၏ ဒုံးကျည်ပစ်လွှတ်မှု အမေရိကန်ကို တိုက်ခိုက်ရန်ဖြစ်သည်ဟု မြောက်ကိုရီးယားပြော

    မိမိတို့၏ ဒုံးကျည်ပစ်လွှတ်မှု အမေရိကန်ကို တိုက်ခိုက်ရန်ဖြစ်သည်ဟု မြောက်ကိုရီးယားပြော

    ဇူလိုင် ၂၀၊ ၂၀၁၆
    M-Media

    north

    – မိမိတို့ နောက်ဆုံး စမ်းသပ်ပစ်လွှတ်ခဲ့သည့် တိုက်ချင်းပစ် ဒုံးကျည်များမှာ ခေါင်းဆောင်ကြီး ကင်ဂျုံအန်၏ အမိန့်ပေး၊ ကြီးကြပ်မှုဖြင့် ပြုလုပ်ခြင်းဖြစ်ပြီး တောင်ကိုရီးယားတွင် အခြေစိုက်သည့် အမေရိကန် စစ်စခန်းများကို နျူလက်နက်ဖြင့် တိုက်ခိုက်နိုင်ရေး ပုံတူဆောင်ရွက်မှုဖြစ်သည်ဟု မြောက်ကိုရီးယားက ပြောကြားလိုက်သည်။

    ယမန်နေ့က တိုက်ချင်းပစ်ဒုံးကျည် ၃ စင်းကို မြောက်ကိုရီးယားက နိုင်ငံအရှေ့ပိုင်း ကမ်းရိုးတမ်းရှိ ရေပြင် ကီလိုမီတာ ၅၀၀ နှင့် ၆၀၀ ကြားသို့ ပစ်လွှတ်ခဲ့ခြင်းဖြစ်သည်ဟု တောင်ကိုရီးယား စစ်တပ်က ဆိုသည်။

    မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာန KCNA ကမူ ထိုပစ်လွှတ်မှုမှာ အမေရိကန်စစ်လက်နက်များကို လက်ခံထားသော တောင်ကိုရီးယား ဆိပ်ကမ်းများနှင့် လေယာဉ်ကွင်းများကို တိုက်ခိုက်ရေး ရှေ့ပြေးစမ်းသပ်မှုဖြစ်ကြောင်း၊ တိုက်ချင်းပစ်ဒုံးကျည်များတွင် တပ်ဆင်ထားသည့် နျူထိပ်ဖူးမှ ဖောက်ခွဲဖျက်ဆီးရေး ကိရိယာ၏ လုပ်ဆောင်နိုင်မှုကို စစ်ဆေးခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။

    အမေရိကန်စစ်တပ်ကမူ မြောက်ကိုရီးယားမှ ပစ်လွှတ်သော ဒုံးကျည် ၃ စင်းတွင် ၂ စင်းမှာ စကဒ်ဒုံးကျည်များဖြစ်ပြီး၊ ၁ စင်းမှာ ဆိုဗီယက်ခေတ် စကဒ်ဒုံးကျည်နည်းပညာကို အခြေခံ၍ မြောက်ကိုရီးယားပြည်တွင်းထုတ် Rodong ဒုံးကျည်ဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။

    မြောက်ကိုရီးယားမှာ နျူကလီးယား ထိပ်ဖူများကို ထုတ်လုပ်နေသည်ဟုယုံ ကြည်ရပြီး အဆိုပါထိပ်ဖူးများကို တိုက်ချင်းပစ်ဒုံးကျည်များတွင် တပ်ဆင်နိုင်ရန်အတွက် ကြိုးစားနေသည်။ သို့သော် ကျွမ်းကျင်သူများကမူ ထိုနည်းပညာကို ကိုင်တွယ်နိုင်ရန်အတွက် နှစ်အနည်းငယ် ကြာမြင့်အုံးမည်ဟု ခန့်မှန်းထားသည်။

    Ref: Aljazeera

  • အမေရိကန်ထိရောက်နိုင်သည့် ဒုံးအင်ဂျင်ကို ထုတ်လုပ်နိုင်ခဲ့ပြီဟု မြောက်ကိုရီးယား ကြေငြာ

    အမေရိကန်ထိရောက်နိုင်သည့် ဒုံးအင်ဂျင်ကို ထုတ်လုပ်နိုင်ခဲ့ပြီဟု မြောက်ကိုရီးယား ကြေငြာ

    ဧပြီ ၉၊ ၂၀၁၆
    M-Media

    north 3

    – ဒုံးကျည်တပ်ပြီး အမေရိကန်အထိရောက်ရှိအောင် ပစ်လွှတ်နိုင်တဲ့ အင်ဂျင်တစ်လုံးကို သူတို့ကိုယ်တိုင် ထုတ်လုပ်နိုင်ခဲ့တယ်လို့ မြောက်ကိုရီးယားက ဒီနေ့မနက်ပိုင်းမှာ ကြေငြာလိုက်ပါတယ်။

    အစိုးရပိုင် KCNA သတင်းဌာနကနေ ဖော်ပြခဲ့တဲ့ ဒီကိစ္စကို သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။ စောင့်ကြည့်သူတွေက မြောက်ကိုရီးယားရဲ့ စစ်ရေးဆိုင်ရာ တိုးမြှင့်ဆောင်ရွက်မှုတွေဟာ အမေရိကန်ကို ရည်ရွယ်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း တွေ့လာရတယ်လို့ ပြောကြားခဲ့ပါတယ်။

    ယခင်ကလည်း မြောက်ကိုရီးယားမှာ အမေရိကန်ထိ ရောက်ရှိနိုင်မယ့် ဒုံးကျည်တွေ ရှိနေတယ်လို့ ခန့်မှန်းထားပါတယ်။ ဇန်နဝါရီက သူတို့ရဲ့ ၅ ကြိမ်မြောက် နျူဒုံးကျည် စမ်းသပ်မှုပြီးတဲ့နောက်ပိုင်းမှာ မြောက်ကိုရီးယားဟာ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ကို ခြိမ်းခြောက်မှုတွေ တောက်လျှောက် ပြုလုပ်လာခဲ့ပါတယ်။

    Ref : Washintong Post

  • တောင်ကိုရီးယားနှင့် အမေရိကန်တို့မှာ ၀မ်းနည်းစရာနိဂုံးနှင့် ကြုံရမည်ဟု မြောက်ကိုရီးယား ခြိမ်းခြောက်

    တောင်ကိုရီးယားနှင့် အမေရိကန်တို့မှာ ၀မ်းနည်းစရာနိဂုံးနှင့် ကြုံရမည်ဟု မြောက်ကိုရီးယား ခြိမ်းခြောက်

    မတ် ၂၃၊ ၂၀၁၆
    M-Media

    north

    – တောင်ကိုရီးယားသမ္မတ ပတ်ဂျုံဟေးနှင့် ၎င်း၏ မဟာမိတ်များမှာ ၀မ်နည်းစရာကောင်းသည့် နိဂုံးနှင့် ကြုံတွေ့ရမည်ဟု မြောက်ကိုရီးယားက ခြိမ်းခြောက်ပြောဆိုလိုက်သည်။

    ယနေ့မနက်ပိုင်းတွင် ခြိမ်းခြောက်ပြောဆိုလိုက်ခြင်းဖြစ်ပြီး မိမိတို့မှာ ပက်ဂျုံဟေးအပေါ် “တရားသော လက်တုံ့ပြန်စစ်ပွဲ” ဆင်နွှဲသွားမည်ဖြစ်ကာ မိမိတို့၏ အမြောက်တပ်မှာ ပက်၏ ရုံးအား မီးပင်လယ်ဖြစ်အောင် ပြုလုပ်ရန် အဆင်သင့်ရှိနေသည်ဟု ဆိုသည်။

    “မြောက်ကိုရီးယားရဲ့ ဒီသတိပေးချက်က ရန်လိုတာတော့မဟုတ်ပါဘူး။ အမေရိကန်နဲ့ ပက်ဂျုံဟေးတို့က မဆင်မခြင်လုပ်မယ်ဆိုရင် ၀မ်းနည်းဖို့ကောင်းတဲ့ အဆုံးသတ်နဲ့ ကြုံရမယ်ဆိုတာကို ရှင်းရှင်းလင်းလင်း သိစေချင်တာပါ” ဟု မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာန KCNA က ပြောကြားခဲ့သည်။

    တောင်ကိုရီးယားနှင့် အမေရိကန်တို့က Foal Eagle ဟု အမည်ရသည့် စစ်ရေးလေ့ကျင့်မှုကို စတင်ပြုလုပ်ခဲ့ပြီးနောက် မြောက်ကိုရီးယားမှာ နျူဖြင့်တိုက်ခိုက်မည်ဟု ခြိမ်းခြောက်မှုများ၊ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုများကို ပြုလုပ်ခဲ့သည်။

    ထို့ပြင် အဆိုပါ စစ်ရေးလေ့ကျင့်မှုတွင် မြောက်ကိုရီးယားရှိ အဓိကအဆောက်အဦးများကို ပစ်မှတ်ထားဖျက်ဆီးသည့် လေ့ကျင့်ခန်းများ ပါဝင်ခြင်းမှာ မိမိတို့အား ရန်စခြင်းဖြစ်သည်ဟု မြောက်ကိုရီးယားက ထည့်သွင်းပြောကြားခဲ့သည်။

    Rfe: Channelnewsasia

  • မြောက်ကိုရီးယားက ဒုံးကျည်များ ပင်လယ်ထဲသို့ ပစ်လွှတ်ပြန်

    မြောက်ကိုရီးယားက ဒုံးကျည်များ ပင်လယ်ထဲသို့ ပစ်လွှတ်ပြန်

    မတ် ၂၁၊ ၂၀၁၆
    M-Media

    north 2

    – မြောက်ကိုရီးယားမှာ ယနေ့နေ့လည်ပိုင်းက တာတိုပစ် ဒုံးကျည် ၄ စင်းကို ဂျပန်ပင်လယ်ပြင်သို့ ပစ်လွှတ်ခဲ့သည်ဟု တောင်ကိုရီးယား စစ်တပ်က ပြောကြားလိုက်သည်။

    နိုင်ငံအရှေ့ပိုင်း ဟမ်ဟန်းမြို့အနီးမှ ဒေသစံတော်ချိန် ညနေ ၃ နာရီ မနစ် ၂၀ မတိုင်ခင် ပစ်လွှတ်ခဲ့ခြင်းဖြစ်ပြီး ကိုရီးယားကျွန်းစွယ်တွင် ရှိနေသော တင်းမာမှုများမှာ ဆက်လက် မြင့်တက်လာဖွယ်ရှိနေသည်။

    ဇန်န၀ါရီ ၆ ရက်နေ့တွင် မြောက်ကိုရီးယားက စတုတ္ထအကြိမ်မြောက် နျူစမ်းသပ်မှု ပြုလုပ်ခဲ့ပြီး၊ သိပ်မကြာခင် တားမြစ်ထားသော ဒုံးကျည်ကို အသုံးပြု၍ ဂြိုဟ်တုတစ်ခု လွှတ်တင်မှုတို့ကြောင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ယခုလအစောပိုင်းက မြောက်ကိုရီးယားအပေါ် ပိုမိုပြင်းထန်သည့် ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်။

    အမေရိကန်နှင့် တောင်ကိုရီးယားတို့ ပူးတွဲပြုလုပ်သော စစ်ရေးလေ့ကျင့်မှုကို မကျေနပ်သည့်အတွက် နျူလက်နက်ဖြင့် တိုက်ခိုက်မည်ဟု မြောက်ကိုရီးယားက မကြာသေးမီက ခြိမ်းခြောက်ထားခဲ့ပြီး နောက်ပိုင်းတွင် ဒုံးကျည်ပစ်လွှတ်မှုများ တရစပ် ပြုလုပ်လာခဲ့သည်။

    Ref: Channelnewsasia