News @ M-Media

Tag: PremierLeague

  • မျှော်လင့်ချက် အလွန်အကျွံ မထားရန် မန်ယူ ပရိတ်သတ်များအား ဗန်ဂါးလ် သတိပေး

    မျှော်လင့်ချက် အလွန်အကျွံ မထားရန် မန်ယူ ပရိတ်သတ်များအား ဗန်ဂါးလ် သတိပေး

    သြဂုတ် ၁၅၊ ၂၀၁၄
    M-Media

    444373_heroa– ရာသီကြိုခြေစမ်းပွားများတွင် အနိုင်ရခဲ့သော်လည်း ပရိတ်သတ်များအနေဖြင့် အသင်းအပေါ် မျှော်လင့်ချက် အလွန်အကျွံမထားဘဲ အောင်မြင်မှုအတွက် စိတ်ရှည်ကြရန် မန်ယူနည်းပြသစ် ဗန်ဂါးလ်က ပြောကြားလိုက်သည်။

    မန်ယူမှာ အင်္ဂါနေ့က ကစားခဲ့သည့် ဗလင်စီယာနှင့် ခြေစမ်းပွဲတွင် ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့ပြီး ရာသီကြိုကစားခဲ့သည့် ခြေစမ်းပွဲများအားလုံးတွင် ရာနှုန်းပြည့် အနိုင်ရလဒ်ကို ရယူနိုင်ခဲ့သည်။ သို့သော်လည်း စနေနေ့တွင် ကစားမည့် ဆွမ်ဆီးအသင်းနှင့် ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်အတွက် လုပ်ဆောင်ရန် ကျန်ရှိနေသေးသည်ဟု ဗန်ဂါးလ်က သတိပေးခဲ့သည်။

    “အိုးလ်ထရက်ဖို့ဒ်ဆိုတာ သိပ်ကို စွဲမက်စရာကောင်းတဲ့ နေရာပါ။ ကျွန်တော်ကွင်းထဲကို ၀င်လာတိုင်း သူတို့(ပရိတ်သတ်တွ)ဟာ ကျွန်တော့်နာမည်ကို ဟစ်ကြွေးကြပါတယ်။ သူတို့ အများကြီးမျှော်လင့်ထားတာကြောင့် ဒါဟာ ဖိအားကြီး တစ်ခုလည်းဖြစ်ပါတယ်။ သုံးလေးပတ်အတွင်းမှာ အသင်းကို အလုံးစုံ မပြောင်းလဲနိုင်ပါဘူး။ ကစားသမားတွေကလည်း မပြောင်းလဲနိုင်ပါဘူး။ ဒါ့ကြောင့် ကျွန်တော်တို့ စောင့်ကြည့်ရမှာဖြစ်သလို၊ တိုးတက်အောင်လည်း ဆောင်ရွက်ရပါမယ်။ အဲဒီအတွက် ကျွန်တော်တို့ အချိန်လိုပါတယ်” ဟု ဗန်ဂါးလ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    ထို့ပြင် ဗလင်စီယာနှင့်ပွဲတွင် အသင်း၏ စွမ်းဆောင်ရည်မှာ အဆိုးဆုံးဖြစ်ခဲ့ကြောင်း၊ ရွေးချယ်မှု အမှားများရှိခဲ့ပြီး ပြိုင်ဘက်ကိုလည်း မခြိမ်းခြောက်နိုင်ခဲ့ကြောင်း ဗန်ဂါးလ်က ၀န်ခံပြောကြေားခဲ့သည်။

  • ပရီးမီးယားလိဂ်တွင် အကောင်းဆုံး ပုံစံရှိနေ ရမည်ဟု မန်စီးတီး နည်းပြ ပယ်လီဂရီနီဆို

    ပရီးမီးယားလိဂ်တွင် အကောင်းဆုံး ပုံစံရှိနေ ရမည်ဟု မန်စီးတီး နည်းပြ ပယ်လီဂရီနီဆို

    သြဂုတ် ၁၂ ၊ ၂၀၁၄
    M-Media

    We must show why we are champions

    – ကွန်မြူနတီဒိုင်းပြိုင်ပွဲတွင် အာဆင်နယ်အသင်းအား ၃ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သော်လည်း မိမိတို့အသင်းအနေဖြင့် ပရီးမီးယားလိဂ် ရာသီအစတွင် အကောင်းဆုံးပုံစံ၌ ရှိနေရမည်ဟု မန်စီးတီးနည်းပြ ပယ်လီဂရီနီက ပြောကြားလိုက်သည်။

    ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ မန်စီးတီးမှာ အာဆင်နယ်နှင့်ပွဲတွင် ပထမပိုင်း၌ အပြန်အလှန်ကစားနိုင်ခဲ့သော်လည်း ဒုတိယပိုင်းတွင် အာဆင်နယ်အသင်း၏ ထိန်းချုပ်မှုကို ခံခဲ့ရသည်။

    ပယ်လီဂရီနီကလည်း ထိုပွဲတွင် မိမိတို့မှာ အရှိန်သေသွားခဲ့ပြီး ချန်ပီယံပြေးလမ်းတွင် ပြိုင်ဘက်များအား ချေမှုန်းလိုပါက ထိုပွဲတွင် ပြသခဲ့သည့် ခြေစွမ်းထက် တိုးတက်အောင် ဆောင်ရွက်ရမည်ဟု ၀န်ခံခဲ့သည်။

    “ဒီအရာတွေဟာ ရာသီသစ်မစခင်မှာ ဖြစ်လေ့ရှိတာတွေပါ။ ရာသီကြိုကစားတဲ့ပွဲတွေ တုန်းက ခြေလှမ်းမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော် ကစားသမားတွေကို စကားပြောမှာဖြစ်ပြီး ပရီးမီးယားလိဂ်မှာကစားဖို့ ကျွန်တော်တို့ အဆင်သင့် ဖြစ်နေမယ်ဆိုတာ သေချာပြောရဲပါတယ်။ ၅ သင်း ၆ သင်းလောက်ဟာ တောင့်တင်းတဲ့ လူစာရင်းရှိတာကြောင့် ပရီးမီးယာလိဂ်မှာ ဗိုလ်စွဲနိုင်ပါတယ်။ ကျွန်တော်တို့ ဘာကြောင့် မနှစ်က ဗိုလ်စွဲခဲ့သလဲဆိုတာ ရာသီအစကနေ ပြသရပါမယ်” ဟု ပယ်လီဂရီနီက BT Sport သို့ အာဆင်နယ်နှင့် ပွဲအပြီးတွင် ပြောကြားခဲ့သည်

  • အာဆင်နယ်နောက်ခံလူ ဗာမေလန် ဘာစီလိုနာသို့ပြောင်း၊ လီဗာပူးဂိုးသမား ရီနာလည်း ဘိုင်ယန်ရောက်

    အာဆင်နယ်နောက်ခံလူ ဗာမေလန် ဘာစီလိုနာသို့ပြောင်း၊ လီဗာပူးဂိုးသမား ရီနာလည်း ဘိုင်ယန်ရောက်

    သြဂုတ် ၁၀ ၊ ၂၀၁၄
    M-Media
    442748_heroa
    – အာဆင်နယ်အသင်း၏ အားထားရသည့် ဘယ်လ်ဂျီယံ နောက်ခံလူ ဗာမေလန်မှာ ဘာစီလိုနာသို့ ယူရို ၁၉ သန်းဖြင့် ပြောင်းရွှေ့ခဲ့သည်ဟု သိရသည်။

    မန်ယူအသင်းက ခေါ်ယူရန် ချဉ်းကပ်ခဲ့သော်လည်း ဗာမေလန်က ငြင်းပယ်ခဲ့ပြီး ဘာစီလိုနာသို့ ပြောင်းရွှေ့ရန် ရွေးချယ်ခဲ့သည်။ ဗာမေလန်မှာ ပြီးခဲ့သည့် ရာသီအနည်းငယ်အတွင်း ဒဏ်ရာပြဿနာနှင့် ရင်ဆိုင်ခဲ့ရပြီး အာဆင်နယ်အသင်းတွင် ပုံမှန်ကစားခွင့် မရခဲ့ပေ။

    ယမန်နေ့က ဘာစီလိုနာအသင်းနှင့် ဆေးစစ်ရာတွင် အောင်မြင်ခဲ့ပြီး ဘာစီလိုနာအသင်းမှ ယနေ့တွင် တရားဝင်ပွဲထုတ်သွားမည်ဖြစ်သည်။ ဗာမေလန်မှာ ဟင်နရီ၊ ဖာဘရီဂက်စ်တို့ပြီးနောက် ၇ နှစ်အတွင်း ဘာစီလိုနာသို့ ရောက်ရှိခဲ့သည့် တတိယမြောက် အာဆင်နယ်အသင်း ခေါင်းဆောင်လည်း ဖြစ်သည်။

    397354_heroa

    ပြီးခဲ့သည့်နှစ်က နာပိုလီအသင်းတွင် အငှားဖြင့် သွားရောက်ကစားခဲ့သည့် လီဗာပူးလ် ဂိုးသမား ရီနာမှာလည်း ဘိုင်ယန်မြူးနစ်အသင်းသို့ ၃ နှစ်စာချုပ်ဖြင့် အပြီးသတ် ပြောင်းရွှ့သွားခဲ့သည်။

    အသက် ၃၁ နှစ်ရှိပြီဖြစ်သည့် ရီနာမှာ ဘိုင်ယန်အသင်းတွင် ဂျာမန်လက်ရွေးစင် နျူအာနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ပွဲထွက်ကစားသမားဖြစ်ရန် ရုန်းကန်ရမည်ဖြစ်သည်။ ရီနာမှာ လီဗာပူးလ်အသင်းနှင့် FA ဖလား၊ လိဂ်ဖလားနှင့် ချန်ပီယံလိဂ် ဖလားတို့ကို ဆွတ်ခူးရရှိခဲ့သည်။

  • ချယ်ဆီးအသင်း ဖလား ရနိုင်သည်ဟု တိုက်စစ်မှူး ရှုရဲလ်ဆို

    ချယ်ဆီးအသင်း ဖလား ရနိုင်သည်ဟု တိုက်စစ်မှူး ရှုရဲလ်ဆို

    သြဂုတ် ၇ ၊ ၂၀၁၄
    M-Media
    442331_heroa
    – မိမိတို့ ချယ်ဆီးအသင်းတွင် ကမ္ဘာ့အဆင့်ကစားသမားများရှိနေပြီး ယခုနှစ် ပရီးမီးယားလိဂ်ဖလားအား ရရှိရန် လုံလောက်သော အနေအထားတွင် ရှိနေသည်ဟု တိုက်စစ်မှူးလူ ရှုရဲလ်က ပြောကြားလိုက်သည်။

    ချယ်ဆီးနည်းပြ မော်ရင်ဟိုမှာ နွေရာသီအပြောင်းအရွှေ့တွင် ဖာဘရီဂတ်စ်၊ ဒီယေဂိုကော်စတာနှင့် ဖိလစ်လူးဝစ်တို့ကို ခေါ်ယူထားပြီး တစ်ချိန်က ချယ်ဆီးအသင်းနှင့် ကျော်ကြားခဲ့ဖူးသည့် တိုက်စစ်မှူးဟောင်း ဒရော့ဘာကိုလည်း ပြန်လည်ခေါ်ယူထားသည်။

    ချယ်ဆီးမှာ ယမန်နှစ်က အဆင့် ၃ နေရာဖြင့် ရာသီသိမ်းခဲ့ပြီး ကမ္ဘာ့ဖလားချန်ပီယံ ဂျာမနီအသင်းတွင် အဓိက ကစားသမားအဖြစ် ပါဝင်ခဲ့သည့် ရှုရဲလ်ကမူ မိမိတို့အသင်းမှာ ကြိုးစားပါက ယခုနှစ်တွင် ဆုဖလားရရှိနိုင်သည်ဟု ပြောကြားခဲ့သည်။

    “ပြီးခဲ့တဲ့ရာသီက မရခဲ့တာကို ဒီနှစ်မှာရဖို့ ကျွန်တော်မျှော်လင့်ပါတယ်။ ဒါကတော့ ပြိုင်ပွဲတစ်ခုခုမှာ ဗိုလ်စွဲဖို့၊ ပွဲတွေအနိုင်ရဖို့နဲ့ ဖလားတွေရဖို့ပါ။ ကျွန်တော်တို့မှာ (တောင့်တင်းတဲ့) လူအင်အားရှိတယ်။ ကစားသမားကောင်းတွေရှိတယ်။ ကြိုးစားဖို့ပဲ လိုပါတယ်။ သူတို့အားလုံးဟာ ကမ္ဘာ့အဆင့် ကစားသမားတွေပါ” ဟု ရှုရဲလ်က အသင်း၏ ၀ဘ်ဆိုက်သို့ ပြောကြားခဲ့သည်။

  • တိုက်စစ်မှူး ရှာဖွေနေသည့် လီဗာပူးလ်နည်းပြ ရော်ဂျာ ဘာလော့တယ်လီအား ချီးကျူး

    တိုက်စစ်မှူး ရှာဖွေနေသည့် လီဗာပူးလ်နည်းပြ ရော်ဂျာ ဘာလော့တယ်လီအား ချီးကျူး

    သြဂုတ် ၃ ၊ ၂၀၁၄
    M-Media

    439075_heroa
    – အေစီမီလန်အသင်း၏ အီတလီတိုက်စစ်မှူး ဘာလော့တယ်လီမှာ ကမ္ဘာပေါ်ရှိ မည်သည့်အသင်းတွင်မဆို ကစားနိုင်သည်ဟု လီဗာပူးလ်နည်းပြ ဘရန်ဒန်ရော်ဂျာက ပြောကြားလိုက်သည်။

    ဘာလော့တယ်လီ၏ အနာဂတ်မှာ လက်ရှိအချိန်တွင် ရှုပ်ထွေးနေပြီး အာဆင်နယ်အသင်းသို့ ပြောင်းရွှေ့မည်ဟု သတင်းများထွက်ပေါ်နေသော်လည်း အေစီမီလန်အသင်းတွင်ပင် ဆက်ရှိနေရန် အလားအလာရှိနေသည်။

    “ဘာလော့တယ်လီဟာ ပါရမီရှိတဲ့ ကစားသမားပါ။ လူငယ်ကစားသမားအဖြစ် အင်တာမှာ ကစားကတည်းက သူ့ကို ကျွန်တော်တွေ့ခဲ့တာပါ။ မန်စီးတီးကို ရောက်လာတဲ့အခါမှာတော့ သူ့ကို အနီးကပ် စောင့်ကြည့်ခဲ့ပါတယ်။ သူ့မှာ အရည်အချင်းတွေအားလုံးရှိပါတယ်။ လျင်မြန်တယ်၊ကန်ချက်က ကြောက်စရာကောင်းတယ်၊ သူဟာ ဂိုးလည်းသွင်းနိုင်ပါတယ်” ဟု ရော်ဂျာက သတင်းထောက်များအား ပြောကြားခဲ့သည်။

    ဥရုဂွေးတိုက်စစ်မှူး ဆွာရက်ဇ်အား ယူရို ၈၈ သန်းဖြင့် ရောင်းချခဲ့ပြီးနောက် ရော်ဂျာမှာ အသင်းအား အင်အားဖြည့်တင်းမှုများ ပြုလုပ်နေပြီး ယခုလက်ရှိတွင် တိုက်စစ်မှူးတစ်ဦးခေါ်ယူရန် စီစဉ်နေသည်။ အမေရိကန်တွင် ယှဉ်ပြိုင်နေသည့် International Champions Cup ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင် လီဗာပူးလ်မှာ အေစီမီလန်နှင့် တွေ့ဆုံရမည်ဖြစ်သည်။