News @ M-Media
Tag: PremierLeague
  • တိုက်စစ်မှူး ဇက်ကိုအား မန်စီးတီး သက်တမ်းတိုး
    သြဂုတ် ၂၂၊ ၂၀၁၄
    M-Media
    439874_heroa
    – အသင်းရှိ ဘော့စနီးယာတိုက်စစ်မှူး ဇက်ကိုအား လေးနှစ် သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့သည်ဟု မန်စီးတီးအသင်းက ကြေညာခဲ့သည်။
    အဓိက ကစားသမားများကို ကာလရှည် စာချုပ်ချုပ်ဆိုနေသည့် မန်စီးတီးအသင်းမှာ တိုက်စ.စ်မှူး ဇက်ကိုနှင့် ဂိုးသမားဂျိုးဟတ်တို့ကို သက်တမ်းတိုးသွားမည်ဟု တနင်္ဂနွေနေ့ကတည်းက ပြောကြားခဲ့သည်။
    “မန်စီးတီးမှာရှိနေရတာကို ကျွန်တော် သိပ်ပျော်ပါတယ်။ ဒီနေရာဟာ ကျွန်တော့်အတွက် ဒုတိယအိမ်ပါပဲ။ ဒါ့ကြောင့် ရေရှည်ရှိနေဖို့ဆိုတာ ကျွန်တော့်အတွက် လွယ်ကူတဲ့ဆုံးဖြတ်ချက်ပါ။ ဒီထက်ပိုကောင်းတဲ့နေရာကို ကျွန်တော် မမြင်မိပါဘူး” ဟု ဇက်ကိုက သက်တမ်းတိုးမှုနှင့် စပ်လျဉ်း၍ ပြောကြားခဲ့သည်။
    မန်စီးတီးအသင်းမှာ သြဂုတ်လအတွင်းမှာပင် အသင်း၏ အဓိက ကစားသမားများ ဖြစ်ကြသည့် ဗင်းဆင့် ကွန်ပနီ၊ ဒေးဗစ်ဆေးလ်ဗားနှင့် အဂူရိုတို့ကိုလည်း ကာလရှည် သက်တမ်းတိုးစာချုပ်များ ချုပ်ဆိုခဲ့သည်။
    ပြီးခဲ့သည့်ရာသီ၌ မန်စီးတီးအသင်း၏ အဓိက တိုက်စစ်မှူးများ ဒဏ်ရာရရှိနေချိန်တွင် ဇက်ကိုမှာ အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပြီး ရာသီပိတ်နောက်ဆုံးသုံးပွဲတွင် ၎င်းသွင်းယူခဲ့သောဂိုးများက မန်စီးတီးအသင်း၏ ပရီးမီးယားလိဂ် ချန်ပီယံဘွဲ့ကို သေချာစေခဲ့သည်။
  • ဆွာရက်ဇ် မရှိလည်း  နိုင်အောင် ကစားနိုင်ကြောင်း လီဗာပူး သက်သေပြနိုင်ခဲ့ဟု စတားရစ်ခ်ျဆို
    ဆွာရက်ဇ် မရှိလည်း နိုင်အောင် ကစားနိုင်ကြောင်း လီဗာပူး သက်သေပြနိုင်ခဲ့ဟု စတားရစ်ခ်ျဆို
    သြဂုတ် ၁၈ ၊ ၂၀၁၄
    M-Media
    445762_heroa
    – ဆွာရက်ဇ်မရှိသော်လည်း မိမိတို့အသင်းမှာ ပွဲများကို နိုင်အောင်ကစားနိုင်ကြောင်းသက်သေပြနိုင်ခဲ့သည်ဟု လီဗာပူးလ်အသင်း၏ အင်္ဂလန်တိုက်စစ်မှူး စတားရစ်ခ်ျက ပြောကြားလိုက်သည်။
    လီဗာပူးလ်အသင်းမှာ ယမန်နေ့က ကစားခဲ့သော ဆောက်သက်တမ်နှင့်ပွဲတွင် စတားရစ်ခ်ျ၏ နောက်ကျဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ရာသီသစ်ကို အနိုင်ဖြင့် ဖွင့်လှစ်နိုင်ခဲ့သည်။ ပွဲအပြီးတွင် ဆွာရက်ဇ်မရှိသော လီဗာပူးလ်အသင်း ဂိုးရရေးအတွက် မိမိအပေါ်တွင် ဖိအားများရှိနေသော်လည်း ထိုဖိအားကို ကြိုက်နှစ်သက်ကြောင်း စတားရစ်ခ်ျက ဆိုသည်။
    “(ဆွာရက်ဇ်မပါဘဲနဲ့) ပွဲတွေကို နိုင်အောင် ကစားနိုင်တယ်ဆိုတာ ကျွန်တော်တို့ ဒီနေ့ ပြသနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ဂိုးတွေသွင်းနိုင်သလို ခံစစ်လည်း ကောင်းကောင်း ကစားနိုင်ခဲ့ပါတယ်။ ရဟီးမ်(စတာလင်)နဲ့ အခြားသောကစားသမားတွေဟာ ဒီရာသီအတွက် အဆင်ပြေတယ်ဆိုတာကိုလည်း ပြသခဲ့ပါတယ်” ဟု စတားရစ်ခ်ျက ပွဲအပြီးတွင် ပြောကြားခဲ့သည်။
    ထို့ပြင် ဆွာရက်ဇ်မှာ ကစားသမားကောင်းတစ်ဦးဖြစ်ပြီး လီဗာပူးလ်အသင်းသားများအားလုံှးဆွာရက်ဇ်အား သတိရနေမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
  • တစ်နှစ်တာ အတွေ့အကြုံက မိမိတို့အတွက် တစ်ပန်းသာစေသည်ဟု ပယ်လီဂရီနီဆို
    တစ်နှစ်တာ အတွေ့အကြုံက မိမိတို့အတွက် တစ်ပန်းသာစေသည်ဟု ပယ်လီဂရီနီဆို
    သြဂုတ် ၁၇ ၊ ၂၀၁၄
    M-Media
    445371_heroa
    – ပရီးမီးယားလိဂ်တွင် တစ်နှစ်တာ ကျင်လည်ခဲ့ရသည့် အတွေ့အကြုံများက ချန်ပီယံဘွဲ့အား ထိန်းသိမ်းရန်အတွက် တစ်ပန်းသာစေသည်ဟု မန်စီးတီးနည်းပြ ပယ်လီဂရီနီက ပြောကြားလိုက်သည်။
    ပြီးခဲ့သည့်ရာသီက မာလာဂါအသင်းမှ မန်စီးတီးသို့ ပြောင်းရွှေ့လာခဲ့သည့် ပယ်လီဂရီနီမှာ မန်စီးတီးအသင်းအတွက် ကယ်ပီတယ်ဝမ်းဖလားနှင့် ပရီးမီးယားလိဂ်ဖလားတို့အား ရယူပေးနိုင်ခဲ့သည်။
    “ပြီးခဲ့တဲ့နှစ် ကျွန်တော်စရောက်တုန်းက ပရီးမီယားလိဂ်ဖလားကို ရယူနိုင်လိ့မ်မယ်လို့ ဘယ်သူမှ ထင်ထားကြမှာ မဟုတ်ပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ အဲဒီတုန်းက ကျွန်တော့်ရဲ့ ပထမဆုံးရာသီ ဖြစ်နေလို့ပါပဲ။ ဒါပေမယ့် ကျွန်တော်တို့လုပ်နိုင်ခဲ့ပါတယ်။ အခုနှစ်မှာတော့ ကျွန်တော်က ကစားသမားတွေကို နားလည်တယ်၊ ကစားသမားတွေကလည်း ကျွန်တော့်ကို နားလည်တဲ့အတွက် ကျွန်တော်တို့ တစ်ပန်းသာနေပါတယ်။ ချန်ပီယံဘွဲ့ကို ကာကွယ်ဖို့ခက်ပေမယ့် လုပ်နိုင်အောင် ကြိုးစားသွားမှာပါ” ဟု ပယ်လီဂရီနီက ပရီးမီးယားလိဂ် ပွဲအကြို သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။
    ထို့ပြင် မိမိတို့အသင်းမှာ ကစားသမားသစ်များရှိနေပြီး ရာသီအသစ်ကို ပုံစံအသစ်ဖြင့် ကစားသွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ မန်စီးတီးအသင်းမှာ ပရီးမီးယားလိဂ် ပထမဆုံးပွဲအဖြစ် ယနေ့တွင် နယူးကာဆယ်အသင်းနှင့် ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။
  • EPL ရာသီအဖွင့် နည်းပြအသစ်နဲ့ အိမ်ကွင်းရှုံးတဲ့ မန်ယူ၊ နောက်ကျဂိုးနဲ့ အနိုင် ၃ မှတ်ရတဲ့ အာဆင်နယ်
    EPL ရာသီအဖွင့် နည်းပြအသစ်နဲ့ အိမ်ကွင်းရှုံးတဲ့ မန်ယူ၊ နောက်ကျဂိုးနဲ့ အနိုင် ၃ မှတ်ရတဲ့ အာဆင်နယ်
    သြဂုတ် ၁၇ ၊ ၂၀၁၄
    M-Media
    နည်းပြသစ်လက်ထက် ပထမဆုံးရှုံးပွဲတွေ့တဲ့မန်ယူ၊ နောက်ကျဂိုးနဲ့ အနိုင်ရခဲ့တဲ့ အာဆင်နယ်နဲ့ ဧည့်သည်အသင်းတွေခြေစွမ်းပြတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁ စနေနေ့ည ပွဲများ
    epl 11
    – ၂၀၁၄-၁၅ ပရီးမီးယားလိဂ်ရဲ့ အဖွင့်ပွဲ ၇ ပွဲကို မန်နေ့ညမှာ ကစားခဲ့ပြီး ရာသီအကြို ခြေစမ်းပွဲတွေမှာ ရာနှုန်းပြည့်အနိုင်ရရှိခဲ့တဲ့ မန်ယူတို့ အရှုံးနဲ့ ရင်ဆိုင်ခဲ့ရကာ အာဆင်နယ်အသင်းကတော့ ရမ်ဆေးရဲ့ နောက်ကျဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ဒီ ၇ ပွဲမှာ ဧည့်သည်အသင်းတွေက ၄ ပွဲတိတိအနိုင်ရခဲ့ပြီး အိမ်အနိုင်ရတဲ့ပွဲကတော့ တစ်ပွဲပဲ ရှိခဲ့ပါတယ်။
    ၃-၄-၂-၁ ပုံစံနဲ့ ပွဲထွက်ခဲ့တဲ့ မန်ယူတို့ အသစ်ဝယ်ထားတဲ့ ဟာရီရာနဲ့၊ ဂျီဆီလင်ဂါ့တ်တို့ကို ပွဲထုတ်ခဲ့ပါတယ်။ ဒါပေမယ့် ဆွမ်းဆီးအသင်းကို ဖိအား မပေးနိုင် ခဲ့တာကြောင့် ဒုတိယပိုင်းမှာ ၄-၄-၁-၁ ကစားကွက်ကို ပြန်ပြောင်းခဲ့ရပါတယ်။ ဆွမ်ဆီးတို့ ကီဆွန်ယွန်ရဲ့ ဂိုးနဲ့ ၂၈ မိနစ်မှာ ဦးဆောင်ခဲ့ပြီး၊ ရူနီက ၅၃ မိနစ်မှာ ချေပဂိုး ပြန်သွင်းနိုင်ခဲ့ပေမယ့်၊ ဂိုင်လ်ဖီ စီဂါ့ဒ်ဆန်ရဲ့ ၇၂ မိနစ်သွင်းဂိုးကိုတော့ မန်ယူတို့ ပြန်မချေပနိုင်ခဲ့ပါဘူး။ ပြီးခဲ့တဲ့ ဇန်န၀ါရီ FA ဖလားတတိယအဆင့် အိုးထရက်ဖို့ဒ်မှာ အနိုင်ရခဲ့တဲ့ ဆွမ်ဆီးတို့ တစ်နှစ်အတွင်း မန်ယူကွင်းမှာ ဒုတိယအကြိမ်မြောက် အနိုင်ရခဲ့တာပဲဖြစ်ပါတယ်။ မန်ယူနည်းပြ ဗန်ဂါးလ်ကတော့ ရာသီကြိုက ခြေစွမ်းကို ပြန်မရခဲ့ဘဲ အရေးကြီးတဲ့ ဒီပွဲကို ရှုံးနိမ့်ခဲ့ရတာကြောင့် စိတ်ပျက်မိတယ်လို့ ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။
    epl 17
    မနေ့က နောက်ဆုံးကစားခဲ့တဲ့ အာဆင်နယ်နဲ့ ခရစ္စတယ်ပဲလေ့စ်ပွဲမှာတော့ အာဆင်နယ်တို့ ကွန်မြူနတီဒိုင်းမှာ မန်စီးတီးကိုအနိုင်ရခဲ့တဲ့ လူစာရင်းအတိုင်း ပွဲထွက်လာခဲ့ပါတယ်။ ဧည့်သည့်အသင်းရဲ့ မာကျောတဲ့ ကစားပုံကြောင့် အာဆင်နယ်တို့ အခက်တွေ့ခဲ့ရပြီး အဖွင့်ဂိုးကိုလည်း ခရစ္စတယ်ပဲလေ့စ်က ၃၅ မိနစ်မှာ ရခဲ့တာပါ။ ဒါပေမယ့် အာဆင်နယ်က ကစားပုံပိုကောင်းခဲ့ပြီး ပထမပိုင်းနဲ့ ဒုတိယပိုင်း နာကျင်အချိန်ပိုတွေမှာ ကွန်စီယန်နီနဲ့ ရမ်ဆေးတို့က ချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းပေးခဲ့တာကြောင့် ရာသီသစ်ကို အာဆင်နယ်တို့ အနိုင် ၃ မှတ်နဲ့ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။
    စပါးအသင်းကတော့ အင်္ဂလန် ယူ ၂၁ နောက်ခံလူ ဒီအာရဲ့ ဒုတိယပိုင်း နာကျင်အချိန်ပိုသွင်းဂိုးနဲ့ ၀က်စ်ဟမ်းအသင်းကို အဝေးကွင်းမှာ အနိုင်ယူနိုင်ခဲ့ပါတယ်။ အက်စတွန်ဗီလာနဲ့ ဟားလ်စီးတီးတို့ကလည်း အဝေးကွင်းမှာ စတုတ်စီးတီးနဲ့ ကျူပီအာရ်တို့ကို ၁ ဂိုးစီနဲ့ အသီးသီး အနိုင်ရခဲ့ကြပါတယ်။
    တန်းတက် လက်စတာစီးတီးအသင်းကတော့ အဲဗာတန်အသင်းရဲ့ ဦးဆောင်မှုကို နှစ်ကြိမ်တိုင်တိုင် ချေပနိုင်ခဲ့ပြီး သရေတစ်မှတ်အရယူနိုင်ခဲ့ကာ၊ ဆန်းဒါးလန်းနဲ့ ၀က်စ်ဘရွန်းတို့လည်း ၂ ဂိုးစီ သရေကျခဲ့ပါတယ်။
    ပရီးမီယားလိဂ်အဖွင့်ပွဲ စနေနေ့ ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
    မန်ယူ ၁-၂ ဆွမ်ဆီး
    လက်စတာစီးတီး ၂-၂ အဲဗာတန်
    ကျူပီအာ ၀-၁ ဟားလ်စီးတီး
    စတုတ် ၀-၁ အက်စတွန်ဗီလာ
    အာဆင်နယ် ၂-၁ ခရစ္စတယ်ပဲလေ့စ်
  • ယခုနှစ် ရာသီအတွက် ကစားသမားများ၏ ကျောနံပါတ်များကို ချယ်ဆီးထုတ်ပြန်
    ယခုနှစ် ရာသီအတွက် ကစားသမားများ၏ ကျောနံပါတ်များကို ချယ်ဆီးထုတ်ပြန်
    သြဂုတ် ၁၆ ၊ ၂၀၁၄
    M-Media
    443687_heroa
    – ၂၀၁၄-၁၅ ဘောလုံးရာသီအတွက် ချယ်ဆီးအသင်းသားများ ၀တ်ဆင်မည့် ကျောနံပါတ်များကို ချယ်ဆီးအသင်းမှ ထုတ်ပြန်ခဲ့ရာ အသင်းမှ ထွက်ခွာသွားခဲ့သည့် ကျော်ကြားသည့် ကွင်းလယ်လူလမ်းပတ်၏ ကျောနံပါတ် ၈ အား အော်စကာက ၀တ်ဆင်ခွင့် ရရှိခဲ့သည်။
    ပြီးခဲ့သည့် ဘောလုံးရာသီက အော်စကာမှာ နံပါတ် ၁၁ ကို ၀တ်ဆင်ခွင့်ရခဲ့သော်လည်း ဒရော့ဘာရောက်ရှိလာခဲ့သောကြောင့် ပြန်လည်ပေးအပ်ခဲ့ရပြီး လမ်းပတ် ၀တ်ဆင်ခဲ့သည့် နံပါတ် ၈ အင်္ကျီအား ၀တ်ဆင်ခွင့်ရခဲ့ခြင်းဖြစ်သည်။
    လမ်းပတ်မှာ ချယ်ဆီးအသင်းအတွက် ပရီးမီးယားလိဂ်ပွဲပေါင်း ၂၄၉ ပွဲကစားပေးခဲ့ပြီး အသင်းသမိုင်းတစ်လျှောက် အကောင်းဆုံး ကစားသမားများထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူဖြစ်သည်။
    မန်ယူသို့ ပြောင်းရွှေ့သွားသည့် မာတာ၏ ကျောနံပါတ် ၁၀ ကို မော်ရင်ဟို၏ ဦးစားပေး ကစားသမားဖြစ်သည့် ဟာဇာ့ဒ်က ၀တ်ဆင်သွားမည်ဖြစ်ပြီး၊ ဘာစီလိုနာမှ ပြောင်းရွှေ့လာသည့် ဖာဘရီဂက်စ်မှာ ကျောနံပါတ် ၄ ကို ၀တ်ဆင်မည်ဖြစ်သည်။
    အနာဂတ်အတွက် မရေရာဟု သတင်းများထွက်ပေါ်နေသည့် ဂိုးသမား ပီတာချက်မှာ နံပါတ် ၁ ဂျာစီကို ၀တ်ဆင်ခွင့်ရခဲ့ပြီး အက်သလက်တီကိုမှ ပြောင်းရွှေ့လာခဲ့သည့် ဒီယေဂို ကော်စတာနှင့် ဖိလစ်ပီ လူးဝစ်တို့မှာ ကျောနံပါတ် ၁၉ နှင့် ၃ တို့ကို အသီးသီး ၀တ်ဆင်ခွင့်ရခဲ့သည်။