News @ M-Media
Tag: PremierLeague
  • ချန်ပီယံဖြစ်ခွင့်မှာ အခြားအသင်းများ၏ ရလဒ်များပေါ်တွင်သာ မူတည်သည်ဟု မော်ရင်ဟိုဆို
    ဧပြီ ၇ ၊ ၂၀၁၄
    M-Media
    – ယခုတစ်ပါတ်ပွဲစဉ်တွင် စတုတ်စီးတီးအသင်းအား ဂိုးပြတ်ဖြင့် အနိုင်ရခဲ့သော်လည်း ချန်ပီယံဖြစ်ခွင့်မှာ မိမိတို့အပေါ်တွင် မူတည်ခြင်းမရှိဟု ချယ်ဆီးနည်းပြ မော်ရင်ဟိုက ပြောကြားခဲ့သည်။
    383966_heroa
    မိုဟာမက်ဆာလာဟ်၊ လမ်းပတ်နှင့် ၀ီလီယံတို့၏ဂိုးဖြင့် အနိုင်ရခဲ့ကာ ချန်ပီယံလမ်းကြောင်းပေါ်ရှိနေသည့် မန်စီးတီး၊ လီဗာပူးလ်တို့ကို ဖိအားပေးနိုင်နေသော်လည်း ချန်ပီယံဖြစ်ရေးမှာ ပြိုင်ဘက်အသင်းများပေါ်တွင်သာ မူတည်သည်ဟု မော်ရင်ဟိုက ဆိုသည်။
    “(ချန်ပီယံဖြစ်ခွင့်ဟာ) ကျွန်တော်တို့အသင်းပေါ်မှာ မူတည်မနေဘူးဆိုတာ ကျွန်တော်ထပ်ပြောပါမယ်။ ဇယားထိပ်ဆုံးမှာရှိဖို့၊ ချန်ပီယံဖြစ်ရေး ကျွန်တော်တို့ကိုယ်တိုင်ဆောင်ရွက်ဖို့ စောင့်နေခဲ့ပေမယ့် ဖြစ်မလာပါဘူး။ ကျွန်တော်တို့ လီဗာပူးလ်နဲ့ ကစားဖို့ရှိနေပြီး ၃ မှတ်အတွက် စကားပြောရပါမယ်။ ဒါပေမယ့် ကျနော်တို့ မန်စီးတီးနဲ့ ကစားဖို့မရှိတော့ သူတို့က တစ်ပန်းသာနေပါတယ်” ဟု မော်ရင်ဟိုက Sky Sports သို့ပြောကြားခဲ့သည်။
    ချယ်ဆီးအသင်းမှာ ယခုလက်ရှိတွင် ၇၂ မှတ်ဖြင့် ထိပ်ဆုံး၌ဦးဆောင်နေသော်လည်း လီဗာပူးလ်က တစ်ပွဲလျော့ ၇၁ မှတ်ဖြင့်လည်းကောင်း၊ မန်စီးတီးအသင်းက ၂ ပွဲလျော့ ရမှတ် ၇၀ ဖြင့်လည်းကောင်း အဆင် ၂ နှင့် အဆင့် ၃ တို့တွင် ရှိနေကြသောကြောင့် ချန်ပီယံဖြစ်ရေးအတွင် အကြိတ်အနယ်ရုန်းကန်ရမည်ဖြစ်သည်။
  • ချန်ပီယံဖြစ်ရေး ကြိုးစားရအုံးမည်ဟု လီဗာပူးလ်နည်းပြ ရော်ဂျာဆို
    ဧပြီ ၁ ၊ ၂၀၁၄
    M-Media
    – ယခုနှစ် ပရီးမီးယားလိဂ်ချန်ပီယံလုပွဲမှာ ပြီးဆုံးခြင်း မရှိသေးဘဲ ဗိုလ်စွဲနိုင်ရန်အတွက် ကြိုးစားရဦးမည်ဟု လီဗာပူးလ်အသင်း၏ နည်းပြည် ဘရန်ဒန်ရော်ဂျာက ပြောကြားခဲ့သည်။
    384836_heroa
    ၂၄ နှစ်ကြာ ပရီးမီးယားလိဂ် ချန်ပီယံဆုနှင့် ဝေးကွာနေခဲ့ရသည့် လီဗာပူးလ်အသင်းမှာ ယခုနှစ်တွင် ခြေစွမ်းကောင်းများ ပြသနေပြီး ချန်ပီယံဖြစ် ရေပန်းစားနေသည်။ နည်းပြဖြစ်သူရောဂျာမှာလည်း ၎င်း၏ တိုက်စစ် နည်းဗျူဟာကြောင့် ချီးကျူးခြင်းခံနေရသည်။ သို့သော်လည်း ရော်ဂျာကမူ ချန်ပီယံဖြစ်ရန်အတွက် ကြိုးစားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
    “ကျွန်တော်တို့ တိုးတက်အောင်လုပ်ရပါဦးမယ်။ ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်က ဒီရာသီအတွက်ပဲမဟုတ်ပါဘူး။ ဒီဆောင်ရွက်ချက်ဟာ လွန်ခဲ့တဲ့ ၁၈ လကတည်း စတင်ခဲ့ပြီး အခုအချိန်အထိလည်း ဆက်လက်ဆောင်ရွက်နေရတုန်းပါ” ဟု ရော်ဂျာ၏ ပြောကြားမှုကို အသင်း၏ ၀ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။ တို့ပြင် မိမိတို့အနေဖြင့် ကြိုးကြိုးစားစားဆောင်ရွက်မှုမရှိပါ ဘာမှဖြစ်မလာနိုင်ကြောင်း ရော်ဂျာက ထည့်သွင်းပြောကြားခဲ့သည်။
    ရာသီသိမ်းရန် ၆ ပွဲကျန်ရှိနေချိန်တွင် လီဗာပူးလ်အသင်းမှာ ၂ မှတ်လျော့ဖြင့် ချယ်ဆီး၏အောက် ဒုတိယနေရာတွင်ရှိနေသည်။ မန်စီးတီးအသင်းကမူ ၂ မှတ်လျော့ ၄ မှတ်အကွာဖြင့် တတိယနေရာ၌ ရှိနေသည်။
    Ref: Goal
  • လီဗာပူးလ် ၄ ဂိုးပြတ်နိုင်ပြီး ထိပ်ဆုံးရောက်၊ အဲဗာတန် ၅ ပွဲဆက်နိုင်တဲ့ EPL ပွဲစဉ် ၃၂ ဆူပါဆန်းဒေး
    မတ် ၃၁၊ ၂၀၁၄
    M-Media
    လီဗာပူးလ် ၄ ဂိုးပြတ်နိုင် ထိပ်ဆုံးရောက်၊ ၅ ပွဲဆက်နိုင်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်မှန်းလာတဲ့ အဲဗာတန်တို့ရဲ့ EPL ပွဲစဉ် ၃၂ ဆူပါဆန်းဒေးပွဲများ
    31-3-2014
    – မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၃၂ ရဲ့ လက်ကျန် ၂ ပွဲမှာတော့ ချန်ပီယံဆုအတွက် ရေပန်းစားနေတဲ့ လီဗာပူးလ်တို့ အိမ်ကွင်းမှာ စပါးကို ဂိုးပြတ် အနိုင်ရခဲ့ပြီး စတုတ္ထနေရာအတွက် အာဆင်နယ်ကိုခြိးမ်ခြောက်နေတဲ့ အဲဗာတန်တို့လည်း အနိုင်ရခဲ့ပါတယ်။
    ချန်ပီယံဆုအတွင် အမှားခံလို့မရတဲ့ လီဗာပူးလ်တို့ အခုပွဲမှာ ဂျရတ်၊ စတာလင်၊ ဆွာရက်ဇ်၊ စတားရစ်ခ်ျတို့နဲ့ လူစုံထုတ်ခဲ့ပါတယ်။ ပွဲအစ ၂ မိနစ်မှာပဲ ကဘူလ်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမိမှုကြောင့် ဦးဆောင်ဂိုး စရခဲ့တဲ့အတွက် လီဗာပူးလ်တို့ စိတ်ဓာတ်အသာရခဲ့ပြီး နောက်ပိုင်းမှာလည်း စပါးအသင်းကို တောက်လျှောက် ဖိကစားနိုင်ခဲ့ပါတယ်။ စပါးအသင်းကတော့ လီဗာပူးလ်ခံစစ်ကို မကျော်နိုင်ခဲ့ဘဲ ဂိုးပေါက်ခြိမ်းခြောက်ခွင့်အနည်းငယ်သာရခဲ့ပါတယ်။ ဒုတိယဂိုးကို စပါးနောက်ခံလူ ဒေါ်ဆန်ရဲ့အမှားကနေတစ်ဆင့် ၂၅ မိနစ်မှာ ဆွာရက်စ်က သွင်းယူပေးခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း လီဗာပူးလ်တို့ကသာ ပွဲကိုစိုးမိုးခဲ့ပြီး ၅၅ မိနစ်မှာ ကော်တင်ဟိုက အဝေးကန်ချက်နဲ့ တစ်ဂိုး၊၊ ၇၅ မိနစ်မှာ ဟန်ဒါဆန်က ဖရီးကစ်ကနေ တစ်ဂိုး သွင်းပေးခဲ့ပြီး ၄ ဂိုး ဂိုးမရှိနဲ့ ပွဲသိမ်းနိုင်ခဲ့ပါတယ်။ လီဗာပူလ်းရဲ့ ဒီအနိုင်ဟာ ပရီးမီးယားလိဂ် ၈ ပွဲဆက်အနိုင်ဖြစ်ပြီး ထိပ်ဆုံးမှာ ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။
    ချန်ပီယံလိဂ်ဝင်ခွင့် အဆင့်လေး နေရာအတွင် အာဆင်နယ်ကို ခြိမ်းခြောက်နေတဲ့ အဲဗာတန်အသင်းကလည်း ဇယားအောက်ခြေက ဖူလ်ဟမ်အသင်းကို သက်တောင့်သက်သာနဲ့ အနိုင်ယူနိုင်ခဲ့ပါတယ်။ နောက်ဆုံး လေးပွဲဆက် အနိုင်ကစားထားတဲ့ အဲဗာတန် ဒီပွဲမှာလည်း ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဂိုးသွင့်ခွင့်ကတော့ ဖူလ်ဟမ်က ပိုသာခဲ့ပြီး တိုက်စစ်မှူးတွေ အသုံးမချနိုင်လို့သာ အိမ်ကွင်းမှာ ရှုံးခဲ့ရတာပါ။ အဲဗာတန်အသင်းရဲ့ ဂိုးတွေကိုတော့ ဒုတိပိုင်းကျမှ ရရှိခဲ့ပါတယ်။
    ပရီးမီးယားလိဂ် ပွဲစဉ် ၃၂ အပြီးမှာတော့ လီဗာပူးလ်အသင်းက ၇၁ မှတ်နဲ့ ထိပ်ဆုံးမှာရှိနေပြီး ချယ်ဆီးက ၆၉ မှတ်နဲ့ ဒုတိယနေရာမှာရှိနေပါတယ်။ တတိယနေရာမှာတော့ မန်စီးတီးက ၂ ပွဲလျော့ ၆၇ မှတ်နဲ့ရှိနေပြီး အာဆင်နယ်က ၆၄ မှတ်နဲ့ အဆင့်လေးနေရာမှာပါ။ တစ်ပွဲလျော့နေတဲ့ အဲဗာတန်တို့ အဲဒီပွဲကို အနိုင်ကစားနိုင်ရင် အာဆင်နယ်နဲ့ ၁ မှတ်သာ ကွာတော့မှာပါ။
    အက်စတွန်ဗီလာကိုဂိုးပြတ်နိုင်ခဲ့တဲ့ မန်ယူအသင်းက အဆင့် ၇ နေရာမှာပဲ ဆက်ရှိနေပြီး တန်းဆင်းဇုန်မှာတော့ ကာဒစ်ဖ်၊ ဆန်းဒါးလန်းနဲ့ ဖူလ်ဟမ်တို့ အသီးသီးရှိနေကြပါတယ်။
    ပရီးမီးယားလိဂ် ပွဲစဉ် ၃၂ ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
    ဖူလ်ဟမ် ၁-၃ အဲဗာတန်
    လီဗာပူးလ် ၄-၀ စပါး
    မန်ယူ ၄-၁ အက်စတွန်ဗီလာ
    ခရစ္စတယ်ပဲလေ့စ် ၁-၀ ချယ်ဆီး
    ဆောက်သက်တမ် ၄-၀ နယူးကာဆယ်
    စတုတ်စီးတီး ၁-၀ ဟားလ်စီးတီး
    ဆွမ်ဆီး ၃-၀ နော်ဝစ်ခ်ျ
    အာဆင်နယ် ၁-၁ မန်စီးတီး
  • ခရစ္စတယ်ပဲလေ့စ်နှင် ပွဲတွင် ပဲလေစ့်၏ ဘောကောက် ကလေးငယ်အား မော်ရင်ဟိုမှ ခြိမ်းခြောက်ခဲ့
    မတ် ၃၀ ၊ ၂၀၁၄
    M-Media
    – ယမန်နေ့က ကစားခဲ့သည့်ပွဲတွင် ပဲလေ့စ်အသင်း၏ ဘောကောက်ကလေးငယ်အား အထိုးခံရမည်ဟု ချယ်ဆီးနည်းပြ မော်ရင်ဟိုက ငြိမ်းခြောက်ခဲ့သည်ဟု သိရသည်။
    article-2592360-1CABE14800000578-829_634x454
    ၁ ဂိုး ဂိုးမရှိဖြင့်ရှုံးနိမ့်ခဲ့သည့် ထိုပွဲတွင် ချယ်ဆီးကစားသမား ဆီဇာ အက်ဇ်ပီလီကျူတာမှာ လက်ပစ်ဘောမြှောက်ရန်အတွက် ဘောလုံးကို အမြန်အလိုရှိနေချိန်တွင် ပဲလေ့စ်အသင်းမှ ဘောကောက် ကလေးငယ်က ဘောလုံးပေးရန် အချိန်ဆွဲနေခဲ့သည်။ ထို့ကြောင့် မော်ရင်ဟိုက ထိုကလေးအနားကပ်ကာ အထိုးခံရမည်ဟု ပြောခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။
    သို့သော်လည်း မော်ရင်ဟိုကမူ ပြီးခဲ့သည့်နှစ်က ဆွမ်ဆီးအသင်းနှင့်ပွဲတွင် ချယ်ဆီးကွင်းလယ်လူ ဟဇာ့ဒ် ဘောကောက်အား ကန်ခဲ့မှုကြောင့် အနီကဒ်ပြခံခဲ့ရသည့် အဖြစ်အပျက်ကို ရှောင်ရှားရန် ကြိုးစားခြင်းသာ ဖြစ်သည်ဟု ကာကွယ်ပြောကြားခဲ့သည်။
    “(ဘောကောက်ကလေးငယ်အပေါ်) ဆီဇာအ အက်ဇ်ပီလီကျူတာဟာ ဒေါသထွက်တော့မယ်လို့ ကျွန်တော်တွေးမိခဲ့ပါတယ်။ ပြီးတော့ ကလေးတွေဟာ အချိန်ဆွဲဖို့ သင်ပေးခံထားရပြီး၊ ကစားသမားက ဒီကလေးကို ရိုက်ပုတ်လိုက်မယ်ဆိုရင်တော့ သူတို့ကိုသင်ပေးထားတဲ့သူတွေ ပျောက်သွားပါတယ်။ အဲဒီကစားသမားကတော့ သူ့လုပ်ရပ်အတွက် ဒုက္ခရောက်တော့တာပါပဲ” ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။
    ထို့ပြင် ချစ်စရာကောင်းသည့် ထိုကလေးငယ်၏နားကို သွားခွင့်ရခဲ့ပြီး “မင်း ဒီလိုသာလုပ်နေ၊ တစ်နေ့ကျရင် တစ်ယောက်ယောက်က မင်းကိုထိုးလိမ့်မယ်” ဟုပြောခဲ့ကြောင်း မော်ရင်ဟိုက ၀န်ခံခဲ့သည်။
    ဂျွန်တယ်ရီ၏ ကိုယ့်ဂိုးကိုသွင်းမှုကြောင့် မထင်မှတ်ဘဲရှုံးနိမ့်ခဲ့သည့် ထိုပွဲပြီးနောက် မော်ရင်ဟိုက မိမိတို့အသင်းအနေဖြင့် ချန်ပီယံပြေးလမ်းမှ ထွက်ခဲ့ရပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
    Ref: Daily Mail
  • အသင်းလူစာရင်းမှာ ဇရာထောင်းနေ၍ ဖာဂူဆန်ကိုင်လည်း ရုန်းကန်ရမည်ဟု မိုယက်ဆို
    မတ် ၃၀ ၊ ၂၀၁၄
    M-Media
    – အသင်း၏ ဇရာထောင်းနေသော လူစာရင်းကြောင့် ဖာဂူဆန် ကိုင်တွယ်ပါကလည်း ယခုကဲ့သို့ ရုန်းကန်ရမှုများ ရှိလိမ့်မည်ဟု မန်ယူအသင်းနည်းပြ မိုယက်စ်ကပြောကြားခဲ့သည်။
    380722_heroa
    ဂန္တ၀င်နည်းပြ ဖာဂူဆန်၏နေရာကို ဆက်ခံခဲ့သည့် မိုယက်စ်လက်ထက်တွင် မန်ယူအသင်းမှာ အခြေအနေဆိုးရွားနေပြီး ပြည်တွင်းရှုံးထွက် ဖလားများတွင်လည်း ထွက်ခဲ့ရကာ၊ အသင်းသမိုင်းတွင် ပထမဆုံးအကြိမ် အဖြစ် ရှုံးပွဲ ၁၀ ပွဲတွေ့ခဲ့ရသည်။ ထို့ပြင် အသင်းမှာလည်း အဆင့် ၇ နေရာတွင်ရောက်နေသည်။
    အသင်းပရိတ်သတ်များက အဓိကပြိုင်ဘက်များဖြစ်သည့် လီဗာပူးလ်၊ မန်စီးတီးတို့ကို ရှုံးနိမ့်ခဲ့သောကြောင့် မကျေမနပ်ဖြစ်နေကြပြီး မိုယက်စ်အား ဝေဖန်သည့် နဖူးစီးတစ်ခုကိုပါ လေယာဉ်ဖြင့်ချိတ်၍ အိုးထရက်ဖိုဒ့်ကွင်းပေါ်သို့ ပျံသန်းရန် စီစဉ်ခဲ့ကြသည်။
    သို့သော်လည်း မန်ယူအသင်းရှိလူစာရင်းမှာ ဇရာထောင်းလားပြီဖြစ်သည့်အတွက် မည်သူကိုင်တွယ်သည်ဖြစ်စေ ခက်ခဲမည်ဟု မိုယက်စ်က ပြောကြားခဲ့သည်။
    “ဒီနှစ် ဆာအဲလက်စ် ဒီနေရာမှာ ရှိမယ်ဆိုရင်လည်း သူ့အတွက် ခက်ခဲမှာပါပဲ။ သူလည်းဒါကို သတိပြုမိမှာပါ။ အသင်းရဲ့ လူစာရင်းဟာ အိုမင်းနေတယ်ဆိုတာကို လူတွေကလည်း သိကြပါတယ်။ ဒါ့ကြောင့် ဒီရာသီမှာ ဘယ်သူပဲပဲ ကိုင်ကိုင် ခက်ခဲမှာပါပဲ” ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။
    ထို့ပြင် လေယာဉ်ပျံသန်းမည့်အစီအစဉ်နှင့်ပတ်သက်၍ မိုယက်စ်က ပရိတ်သတ်များမှာ ၎င်းတို့၏ ခံစားချက်များကို ထုတ်ဖော်ခွင့်ရှိပြီး မိမိအနေဖြင့် တည်တည်ငြိမ်ငြိမ်ရှိကြောင်း၊ မိမိအား ကောင်း၊ မကောင်းဆုံးဖြတ်ရမည်မှာ မိမိကို ခန့်ထားသူသာ ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။