News @ M-Media

Tag: US

  • ဆန္ဒပြမှုများကြောင့် အမေရိကန်ရှိ ချာလော့တေးမြို့ကို အရေးပေါ်အခြေအနေ ကြေငြာ

    ဆန္ဒပြမှုများကြောင့် အမေရိကန်ရှိ ချာလော့တေးမြို့ကို အရေးပေါ်အခြေအနေ ကြေငြာ

    စက်တင်ဘာ ၂၂၊ ၂၀၁၆
    M-Media

    charlotte

    – လူမည်းတစ်ဦးအား ရဲတပ်ဖွဲ့က ပစ်သတ်မှုကို မကျေနပ်သောကြောင့် ဆန္ဒပြမှုများ အပြင်းအထန် ဖြစ်ပွားနေသော ချာလော့တေးမြို့ကို အရေးပေါ်အခြေအနေ ကြေငြာခဲ့သည်ဟု သိရသည်။

    အသက် ၄၃ နှစ်အရွက်ရှိ လူမည်းအမျိုးသား ကိသ်လာမွန့် စကော့ကို ရဲတပ်ဖွဲ့က ပစ်သတ်ခဲ့ပြီးနောက် အင်္ဂါနေ့မှ စတင်ကာ အဆိုပါမြို့တွင် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ သောကြောနေ့ကလည်း တူလ်ဆာမြို့တွင် ရဲတပ်ဖွဲ့က လူမည်းတစ်ဦးကို ပစ်သတ်မှု ဖြစ်ပွားခဲ့သေးသည်။

    ချာလော့တေး ဆန္ဒပြမှုအတွင်း ယမန်နေ့က ဆန္ဒပြသူတစ်ဦးမှာ သေနတ်ပစ်ခတ်ခံရမှုကြောင့် ဆိုးရွားစွာ ဒဏ်ရာရရှိခဲ့ပြီး ရဲတပ်ဖွဲ့ကမူ အရပ်သားတစ်ဦးက သေနတ်ဖြင့်ပစ်ခဲ့ခြင်းဟု ပြောကြားခဲ့သည်။ ဆန္ဒပြမှုမှာ ဆိုးရွားလာပြီး အိုကလာဟိုးမားမြို့အထိပါ ဦးတည်လာခဲ့ပြီးနောက် ယနေ့တွင် မြောက်ကယ်ရိုလိုင်းနားပြည်နယ် အုပ်ချုပ်ရေးမှူးက ချာလော့တေးမြို့အား အရေးပေါ်အခြေအနေ ကြေငြာခဲ့ခြင်းဖြစ်သည်။

    စကော့မှာ ၎င်း၏လက်ထဲမှ သေနတ်အား ချထားရန် မိမိတို့၏ အကြိမ်ကြိမ်တောင်းဆိုမှုကို လိုက်နာခဲ့ခြင်းမရှိဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့ပြီး မျက်မြင်သက်သေများကမူ စတော့မှာ စာအုပ်ကိုင်ထားခြင်းသာဖြစ်ပြီး မည်သည့်လက်နက်မှ မရှိဟု ဆိုသည်။

    ဆန္ဒပြမှုအတွင်း မီးရှို့ဖျက်ဆီးမှုများလည်းရှိခဲ့ပြီး အဝေးပြေးလမ်းမလည်း ပိတ်ပစ်ခဲ့ရကာ ရဲတပ်ဖွဲ့ဝင် ၆ ဦးနှင့် ပြည်သူ ၂ ဦး ဒဏ်ရာအနည်းငယ် ရရှိခဲ့သည်။

    Ref: Aljazeera

  • ထရမ့်အတွက် သဘောထားတင်းမာသည့် ဇီယွန်ဝါဒီတစ်ဦးက ၄၅ သန်း ထောက်ပံ့မည်

    ထရမ့်အတွက် သဘောထားတင်းမာသည့် ဇီယွန်ဝါဒီတစ်ဦးက ၄၅ သန်း ထောက်ပံ့မည်

    စက်တင်ဘာ ၂၁၊ ၂၀၁၆
    M-Media

    zion

    – ရီပတ်ဘလီကန်ပါတီ၏ အတောင့်တင်းဆုံးအလှူရှင်ဖြစ်ပြီး၊ သဘေထားတင်းမာသည့် ဇီယွန်ဝါဒီတစ်ဦးလည်းဖြစ်သူ ရှဲလ်ဒန် အဒဲလ်ဆန်က ပါတီ၏သမ္မတလောင်းဖြစ်သူ ဒေါ်နယ်လ်ထရမ့်၏ မဲဆွယ်ပွဲများအတွက် ကန်ဒေါ်လာ ၄၅ သန်း ထောက်ပံ့မည်ဟု သိရသည်။

    Las Vegas Sands ကာစီနိုလုပ်ငန်း၏ စီအီးအိုဖြစ်သူ အဒဲလ်ဆန်မှာ ဆီးနိတ်လူများစုခေါင်းဆောင် မစ်ခ်ျမက်ကော်နယ်နှင့် ဆက်နွယ်နေသည့် ရီပတ်ဘလီကန်ပါတီ အထူးနိုင်ငံရေးလှုပ်ရှားမှုကော်မတီဖြစ်သော ‘ဆီးနိတ်ခေါင်းဆောင်မှုရံပုံငွေအဖွဲ့’ နှင့် အောက်လွှတ်တော်မှ ‘ခေါင်းဆောင်မှုရန်ပုံငွေအဖွဲ့’ တို့ကိုလည်း ဒေါ်လာ သန်း ၂၀ စီ ထောက်ပံ့ခဲ့သည်။

    မေလတွင် အဒဲလ်ဆန်က ၎င်းအနေဖြင့် ထရမ့်ကို ထောက်ခံသည်ဟု ပြောကြားခဲ့ပြီး၊ ငွေကြေးအကူအညီပေးမည်ဟုလည်း ဆိုသည်။ ထရမ့်အား သီးသန့်တွေ့ဆုံမှုတစ်ခုတွင် ၎င်းအနေနှင့် ထရမ့်၏ သမ္မတလောင်းမဲဆွယ်ပွဲ၌ ဒေါ်လာ သန်း ၁၀၀ ကျော် အကူအညီပေးရန် ဆန္ဒရှိကြောင်း ပြောဆိုခဲ့သည်ဟု The New York Times သတင်းစာတွင် ဖော်ပြခဲ့သည်။

    ထိုသို့တွေ့ဆုံစဉ် ထရမ့်ကလည်း သမ္မတဖြစ်ပါက မိမိအနေဖြင့် အစ္စရေးနိုင်ငံ လုံခြုံရေးအတွက် ဆောင်ရွက်ပေးမည်ဟု အဒဲလ်ဆန်ကို ကတိပေးခဲ့သည်။ ဇီယွန်ဝါဒီ ဂျူးတစ်ဦးဖြစ်သည့် အဒဲလ်ဆန်မှာ အမေရိကန်ရွေးကောက်ပွဲတွင် မည်သည့်သမ္မတလောင်းကို ထောက်ခံရမည်လဲဟု စဉ်းစားသည့်အခါ အစ္စရေး၏ လုံခြုံရေးက အရေးပါသည့်အချက်ဟု ပြောကြားဖူသည်။

    ပါလက်စတိုင်းပိုင်နက်များအား ကျူးကျော်သိမ်းပိုက်ကာ ပါလက်စတိုင်းပြည်သူများကို တရားလက်လွတ် သတ်ဖြတ်နေသည့် အစ္စရေးမှာ အရှေ့အလယ်ပိုင်းတွင် အမေရိကန်၏ အဓိကမဟာမိတ်ဖြစ်ပြီး အမေရိကန်၏ စစ်ရေးထောက်ပံ့ကူညီမှုကို အများဆုံးရရှိသည့်နိုင်ငံလည်းဖြစ်သည်။ အမေရိကန်အနေဖြင့် အစ္စရေး၏ နိုင်ငံတကာဥပေဒကို ချိုးဖောက်သော ထိုလုပ်ရပ်များကို ကန့်ကွက်ရှုတ်ချလေ့ရှိသော်လည်း ထိုကိစ္စများ ရပ်တန့်ရေး လက်တွေ့တွင် ထိရောက်သော ဆောင်ရွက်မှုများ လုပ်ဆောင်ခြင်း မရှိပေ။

    Ref : Presstv

  • နယူးယောက်ပေါက်ကွဲမှုအတွက် သံသယရှိသူကို ဖမ်းမိပြီ

    နယူးယောက်ပေါက်ကွဲမှုအတွက် သံသယရှိသူကို ဖမ်းမိပြီ

    စက်တင်ဘာ ၁၉၊ ၂၀၁၆
    M-Media

    ny

    – နယူးယောက်တွင် စနေနေ့က ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုနှင့်ပတ်သက်၍ သံသယရှိသူ အဟ်မဒ် ခန်း ရာဟာမီ ဖမ်းဆီးရမိခဲ့သည်ဟု နယူးဂျာစီ ရဲတပ်ဖွဲ့က ပြောကြားလိုက်သည်။

    အသက် ၂၈ နှစ်အရွယ်ရှိ ၎င်းမှာ နယူးဂျာစီပြည်နယ်ရှိ အဲလိဇဘက်မြို့တွင် နေထိုင်သူဖြစ်ပြီး မဖမ်းဆီးနိုင်ခင် ပစ်ခတ်မှုဖြစ်ပွားသောကြောင့် ရဲတပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရရှိခဲ့သည်ဟု အဲလိဇဘက် အုပ်ချုပ်ရေးမှူး ခရစ် ဘောလ်ဝေ့ဂ်ျက ဆိုသည်။ အမည်မဖော်လိုသူ ရဲတပ်ဖွဲ့ဝင်တစ်ဦး၏ အဆိုအရ ဒဏ်ရာရရှိသူများမှာ အသက်အန္တရာယ် စိုးရိမ်ရခြင်းမရှိ သိရသည်။

    စနေနေ့က နယူးယောက်မြို့လယ်ကောင် မန်ဟက်တန်တွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုအပြင် နယူးဂျာဆီပြည်နယ်တွင်လည်း ဖောက်ခွဲရေးပစ္စည်းများကို တွေ့ရှိခဲ့ရပြီးနောက် ရဲတပ်ဖွဲ့က ရာဟာမီကို သံသယရှိသူအဖြစ် သတ်မှတ်ကာ ရှာဖွေခဲ့ခြင်းဖြစ်သည်။

    ၎င်းအပြင် တိုထိုက်ခိုက်မှုတွင် နောက်ထပ်ပါဝင်သူများ ရှိမည်ဟု တာဝန်ရှိသူများက ယူဆနေသည်။

    Ref : Aljazeera

  • နယူးယောက်ပေါက်ကွဲမှုအတွက် သံသယရှိသူကို ရဲတပ်ဖွဲ့ရှာဖွေ

    နယူးယောက်ပေါက်ကွဲမှုအတွက် သံသယရှိသူကို ရဲတပ်ဖွဲ့ရှာဖွေ

    စက်တင်ဘာ ၁၉၊ ၂၀၁၆
    M-Media

    newyourk

    – စနေနေ့က နယူးယောက်မြို့ မြို့လယ်ကောင် မန်ဟက်တန်တွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုနှင့် ဆက်စပ်သည်ဟု ယူဆရသူတစ်ဦးကို ရဲတပ်ဖွဲ့က ရှာဖွေနေသည်ဟု သိရသည်။

    အဆိုပါ သံသယရှိသူမှာ အသက် ၂၈ နှစ်အရွယ်ရှိ အဟ်မဒ် ခန်း ရဟ်မာနီဆိုသူဖြစ်ပြီး အာဖဂန်နွယ်ဖွား အမေရိကန်နိုင်ငံသားအဖြစ် ရရှိထားသူဖြစ်သည်။ ၎င်းမှာ နယူးဂျာစီတွင် နေထိုင်သူဖြစ်ပြီး ရဲတပ်ဖွဲ့ကမူ လက်နက်ဖြင့် အန္တရာယ်ရှိနိုင်သည်ဟု သတိပေးချက် ထုတ်ပြန်ထားသည်။

    ယမန်နေ့တွင် နယူးယောက်အုပ်ချုပ်ရေးမှူး အန်ဒရူး ကူအိုမိုက ထိုပေါက်ကွဲမှုမှာ အကြမ်းဖက်ဝါဒနှင့် ဆက်နွယ်မှုရှိသော အထောက်အထားမျိုး မတွေ့ရဟု ပြောကြားခဲ့သော်လည်း ယနေ့ထုတ်ပြန်သော ကြေငြာချက်တွင် စုံစမ်းစစ်ဆေးမှုများအရ ထိုပေါက်ကွဲမှုမှာ နိုင်ငံရပ်ခြားနှင့် ဆက်စက်မှု ရှိနိုင်သည်ဟု အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့သည်။

    မန်ဟက်တန်ရှိ ချယ်ဆီးရပ်ကွက်တွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှု၌ ဒဏ်ရာရသူ ၂၉ ဦးရှိခဲ့ပြီး၊ နောက်ပိုင်းတွင် ဆေးရုံမှ ဆင်းသွားခဲ့ကြသည်။

    ပြည်ထဲရေးတာဝန်ရှိသူတစ်ဦးကမူ မိမိတို့မှာ တနင်္ဂနွေနေ့ ညနေပိုင်းက နယူးဂျာဆီတွင် ပေါက်ကွဲစေတတ်သော ပစ္စည်း ၅ ခုကို တွ့ရှိခဲ့ရပြီး ၎င်းတို့မှာ မန်ဟက်တန် ပေါက်ကွဲမှုနှင့် ဆက်စပ်နေသည်ဟု ပြောကြားခဲ့သည်။ ညဥ့်နက်ပိုင်းတွင်လည်း နောက်ထပ် ပေါက်ကွဲစေတတ်သည့် ပစ္စည်း ၅ ခုကို နယူးဂျာဆီရှိ ရထားဘူတာတွင် တွေ့ခဲ့ရပြီး ထိုအထဲမှတစ်ခုကို အာဏာပိုင်များက စနက်တံဖြုတ်နေစဉ် ယနေ့မနက်ပိုင်းက ပေါက်ကွဲခဲ့သည်။

    မန်ဟက်တန်ပေါက်ကွဲမှုနှင့်ပတ်သက်၍ ဆိုရှယ်မီဒီယာတစ်ခုဖြစ်သော Tumblr တွင် လူတစ်ဦးက I Am The NY Bomber (ကျွန်တော်နယူးယောက်ဗုံးခွဲသမားပါ) ဆိုသည့် ခေါင်းစဉ်ဖြင့် ကြေငြာစာတမ်းတစ်ခုကို လွှင့်တင်ခဲ့ပြီး မိမိက ထိုဖောက်ခွဲမှုကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ မိမိမှားယွင်းသည်ကို သိသော်လည်း လိင်တူချစ်သူနှင့် အခြားသော LGBTQ လူ့အဖွဲ့အစည်းအား ပတ်ဝန်းကျင်၏ နှိမ့်ချဆက်ဆံမှုကို မခံနိုင်တော့၍ ထိုကဲ့သို့ ဖောက်ခွဲခြင်းကြောင်း ရေးသားဖော်ပြခဲ့သည်။

    အဆိုပါပို့စ်၏ စစ်မှန်မှုနှင့်ပတ်သက်၍ အတိအကျ မပြောနိုင်သော်လည်း ထိုအတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။

    Ref: Aljazeera,Independent

  • နယူးယောက်ပေါက်ကွဲမှု အကြမ်းဖက်မှုနှင့် ဆက်စပ်မှုမရှိ

    နယူးယောက်ပေါက်ကွဲမှု အကြမ်းဖက်မှုနှင့် ဆက်စပ်မှုမရှိ

    စက်တင်ဘာ ၁၈၊ ၂၀၁၆
    M-Media

    manhattan

    – နယူးယောက်မြို့ မြို့လယ်ကောင် မန်ဟတ်တန်တွင် ဖြစ်ပွားခဲ့ပြီး လူ ၂၉ ဦး ဒဏ်ရာရရှိခဲ့သည့် ပေါက်ကွဲမှုမှာ တမင်ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်သော်လည်း အကြမ်းဖက်မှုနှင့် ဆက်စပ်သည့် အထောက်အထားများ မတွေ့ရဟု မြို့တော်ဝန် ဘီလ် ဒီ ဘလာဆီယိုက ယနေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    ပေါက်ကွဲမှုမှာ မန်ဟက်တန်၏ ချယ်ဆီးရပ်ကွက် အနောက် ၂၃ လမ်းတွင် ယမန်နေ့ည ဒေသစံတော်ချိန် ၈ နာရီခွဲက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ လူနေအိမ်ယာများသည့် ထိုနေရာမှာ ညဘက်လျှောက်လည်ရမည့် နေရာတစ်ခုအဖြစ် ကျော်ကြားသော်လည်း အဓိက ကမ္ဘာလှည့်ခရီးသွား နေရာများ၊ အစိုးရရုံးများနှင့် နီးကပ်ခြင်း မရှိပေ။

    “အခုအချိန်မှာ ဘယ်အကြမ်းဖက်အဖွဲ့အစည်းကမှ နယူးယောက်မြို့ကို သိသာတဲ့၊ ကြီမားတဲ့ ခြိမ်းခြောက်မှုမျိုး မရှိပါဘူး။ ဘာ့ကြောင့်ဖြစ်ပွားတယ်ဆိုတာကို ဆုံးဖြတ်ဖို့ စောလွန်းနေပါသေးတယ်။ ဒါဟာ တမင်လုပ်တယ်လို့ ကျွန်တော်တို့ယုံကြည်တယ်။ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေဆဲပါပဲ” ဟု မြို့တော်ဝန်က ပြောကြားခဲ့သည်။

    ထို့ပြင် ဒဏ်ရာရရှိသူများတွင် အသက်အန္တရာယ်စိုးရိမ်ရသူ တစ်ဦးမှ မရှိဟုလည်း ၎င်းက ဆိုသည်။

    နောက်ပိုင်းတွင် နယူးယောက်ရဲတပ်ဖွဲ့ဝင်တစ်ဦးက မိမိတို့အနေဖြင့် ပေါက်ကွဲစေော ပစ္စည်းဟု ယူဆရသည့် အရာတစ်ခုကို မန်ဟက်တန်တွင် ထပ်မံတွေ့ရှိရသည်ဟု Twitter စာမျက်နှာ၌ ရေးသားခဲ့သည်။ နောက်ပိုင်းတွင် ဗုံးရှင်းလင်းရေးအဖွဲ့များကို ပို့ဆောင်၍ ရှင်းလင်းနိုင်ခဲ့သည်။

    Ref: Aljazeera