ဒီဇင်ဘာ ၂၈၊ ၂၀၂၂
M-Media
-တရုတ်နိုင်ငံမှာ ကိုဗစ်အကြီးအကျယ် ပြန်ဖြစ်နေတဲ့အတွက် နိုင်ငံတစ်ချို့က တရုတ်ခရီးသွားတွေကို ကိုဗစ်ကန့်သတ်ချက် တင်းကျပ်ဖို့ စီစဥ်လာကြပါတယ်။
အိန္ဒိယနဲ့ ဂျပန်တို့က တရုတ်ခရီးသွားတွေ ကိုဗစ်ကင်းရှင်းကြောင်း ဆေးစစ်ချက်ပြနိုင်မှ ၀င်ခွင့်ပေးတော့မယ်လို့ ဒီကနေ့ ထုတ်ပြန်ပါတယ်။
ဖိလစ်ပိုင် ခရီးသွားလာရေး၀န်ကြီး ဂျာမီ ဘာတစ္စတာက တရုတ်ခရီးသွားတွေအတွက် ဒီလိုကန့်သတ်ချက်တွေထုတ်ဖို့ စဥ်းစားနေတယ်လို့ ပြောပါတယ်။
တရုတ်အစိုးရက နိုင်ငံထဲကထွက်မယ့် ခရီးသွားတွေအတွက် ကိုဗစ်စည်းမျဥ်း ဖြေလျော့မှု ပြုလုပ်ထားပြီး လာမယ့်နှစ်ဆန်း တရုတ်နှစ်ကူး ကာလတွေမှာ တရုတ်ခရီးသွားတွေ အာရှနိုင်ငံတွေထဲ အလုံးအရင်းနဲ့ ၀င်ရောက်ဖို့ ရှိနေတာပါ။
နိုင်ငံအတွင်း ကိုဗစ်ကူးစက်မှုတွေ ပြန်လည်မြင့်တက်လာတာကြောင့် တရုတ်နိုင်ငံသားတွေဟာ နိုင်ငံပြင်ပကိုထွက်ဖို့ စီစဥ်နေကြတာလည်း ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံက တရုတ်နိုင်ငံကလာမယ့်သူတွေအတွက် ကိုဗစ်စည်းမျဥ်း ပြန်လည်တင်းကြပ်ဖို့ စီစဥ်နေပြီး အခြားကမ္ဘာ့နိုင်ငံတွေလည်း ဒီလိုစည်းမျဥ်းတွေ ပြန်ထုတ်ဖို့ စဥ်စားနေကြပါတယ်။
Ref: BBC
Comments