6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

M-Media

(ဓာတ်ပုံ – ဆော်ဒီတက္ကသိုလ် မြင်ကွင်းတစ်ခု)

အစ္စရေးမှ ကျူးကျော်လာရင် အီရန်က ပြင်းပြင်းထန်ထန် တုန့်ပြန်မည်
————
အစ္စရေးက အီရန်ကို ကျူးကျော်တိုက်ခိုက်လာမယ်ဆိုရင် ပြင်းထန်တဲ့ ခုခံတိုက်ခိုက်မှုတွေလုပ်ဖို့ တွန့်ဆုတ်နေမှာ မဟုတ်ဘူးလို့ အီရန်နိုင်ငံခြားရေး၀န်ကြီး အဘတ်စ် အာရဂ်ချီက ကမ္ဘာတစ်၀ှမ်း နိုင်ငံခြားရေး၀န်ကြီးတွေကို ပေးပို့တဲ့စာမှာ ဖော်ပြထားပါတယ်။ အီရန်ဟာ အစ္စရေးရဲ့ ကျူးကျော်မှုအတွက်လည်း အပြည့်အ၀ ပြင်ဆင်ထားပြီးဖြစ်တယ်လို့ သူက ဆိုပါတယ်။

ကမ္ဘာ့ထိပ်တန်းရောက်လာတဲ့ ဆော်ဒီတက္ကသိုလ်
————
ဆော်ဒီ ရေနံနဲ့ ဓာတ်သတ္ထုဆိုင်ရာ တက္ကသိုလ် King Fahd University of Petroleum and Minerals ဟာ ၂၀၂၄ ခုနှစ်အတွင်း အရှေ့အလယ်ပိုင်းနဲ့ အာဖရိက ထိပ်တန်း တက္ကသိုလ်များစာရင်းမှာ ပါ၀င်လာပါတယ်။ ၂၀၂၀ ခုနှစ်က ကမ္ဘာအဆင့် ၅၀၇ ရှိတဲ့ အဲဒီတက္ကသိုလ်ဟာ ပြုပြင်ပြောင်းလဲမှုတွေလုပ်ပြီး ၄ နှစ်အကြာမှာပဲ ၁၇၆ ကို ရောက်လာတာဖြစ်ပါတယ်။ ဆော်ဒီက အခြားတက္ကသိုလ်တွေလည်း ကမ္ဘာ့အဆင့်တွေ မြင့်တက်လာပါတယ်။

ဘင်္ဂလားဒေ့ရှ်တွင် သွေးလွန်တုပ်ကွေးပြဿနာ ရင်ဆိုင်နေရ
———-
အခုနှစ်အတွင်း သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူအရေအတွက်ဟာ ၂၀၁ ဦးရှိလာပြီလို ဘင်္ဂလားဒေ့ရှ်က ထုတ်ပြန်ပါတယ်။ ရောဂါဖြစ်ပွားမှုအရေအတွက်က ၄၀၈၉၅ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ဘင်္ဂလားဒေ့ရှ်မှာ သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူ အရေအတွက်ဟာ ၁၇၀၅ ဦး ရှိပါတယ်။


Comments are closed.