6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ပြင်ဦးလွင်၊ ဇွန် ၉
The Voice Weekly

အသားအရောင် မတူသူများ၊ ဘာသာ မတူများ၊ လူမျိုးမတူသူများကို ရန်သူဟု မသတ်မှတ်သင့်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြင်ဦးလွင်မြို့တွင် ဇွန်လ ၉ ရက် က ဒေသခံများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

DASSK

Photo Zaw Zaw Latt FB

ပြင်ဦးလွင် ခရီးစဉ်အတွင်း ဒေသခံ လူထုနှင့်တွေ့ဆုံပြီးအမေး အဖြေပြုလုပ်စဉ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကျွန်မတို့ ဘာသာမတူတာကို အပြစ်လို့ မယူဆဘူး။ အချင်းချင်းနားလည်မှု တည်ဆောက်ထားရင် ပြဿနာ အားလုံး ပြေလည်နိုင်ပါတယ်” ဟု ၎င်းက အကြံပြုပြောဆိုသည်။

မြန်မာနိုင်ငံတွင်းဖြစ်ပွားခဲ့သည့် ဘာသာရေး ပဋိပက္ခများသည် တရားဥပဒေ စိုးမိုးမှု မရှိခြင်း၊ အစိုးရ၏ ဆောင်ရွက်ပုံ အားနည်းခြင်းကြောင့် ပိုမိုကြီးထွား လာရခြင်း ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောကြားစဉ် ထည့်သွင်း ပြောကြားခဲ့သည်။

ပဋိပက္ခဖြေရှင်းအတွက်ကို လူ့အဖွဲ့အစည်း နှစ်ဖက်စလုံး သည်းခံရန် လိုအပ်ပြီး နိုင်ငံသားအချင်းချင်းနားလည်မှု ရှိသင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပဋိပက္ခ ဖြစ်ပွားခဲ့သည့် ဒေသများအတွင်း ထုတ်ပြန်ထားသော အရေးပေါ်ကြေညာချက်များ လိုအပ်မှု ရှိ မရှိ ပြန်လည် သုံးသပ်ရန် လွှတ်တော်တွင် အစိုးရကို တိုက်တွန်းထားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဇွန်လ ၉ ရက်နေ့ ပြင်ဦးလွင်ခရီးစဉ်တွင် မန္တလေး အောင်ပင်လယ်ရှိ မြရည်နန္ဒာ ကျူးကျော်ရပ်ကွက်တွင်နေထိုင်သူ များ နေအိမ် ပြန်လည်ရရှိရန် ကူညီသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ယင်းခရီးစဉ်တွင် ပြင်ဦးလွင် မြို့ခံများကို မိန့်ခွန်း ပြောကြားခဲ့ပြီး ဒေသခံများ မေးမြန်းသည့် မေးခွန်းငါးခု ကို ပြန်လည်ဖြေကြားခဲ့သည်။

Leave a Reply