6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇွန်-၂၁၊၂၀၁၃

M-Media

အချိန်အတန်ကြာ လျစ်လျူရှုခံထားရသော မာလာဝီ (Malawi) နိုင်ငံရှိ မိန်းကလေးငယ်များ၏ ပညာရေးကဏ္ဍသည် မွတ်စ်လင်မ်များအကြား  အားလုံး၏စိတ်ဝင်စားမှုနှင့်အတူ ထောက်ခံချက်ကိုလည်း ရရှိခဲ့သည်။ မွတ်စ်လင်မ်များ၏ လူထုအတွင်းပညာပေးခြင်း အားထုတ်ချက် အကျိုးဆက်အဖြစ် အများက နားလည်လက်ခံလိုက်ပြီဖြစ်သည်။

Malawi students.jpg1“ မိဘအချို့နှင့် လူမျိုးစုများတွင် မိန်းကလေးငယ်များအတွက် ပညာသင်ကြားခြင်းမှာ အချိန်ကုန် လူပန်း အလုပ် ဖြစ်သည်ဟု ယုံကြည်ထားကြကြောင်း၊ ၀မ်းနည်းစရာကောင်းသည်မှာ ယင်းသို့သောအယူအဆကြောင့် နောက်ဆုံးတွင် ၄င်းတို့သာ ထိခိုက်နစ်နာရကြောင်း၊  မိန်းကလေးငယ်များအား ပညာ မသင်ပေးရ ဟု အစ္စလာမ့်သင်ကြားချက်များတွင် မပါဝင်ကြောင်း၊ မိန်းကလေးများ၏ပညာသင်ကြားမှုကို လက်မခံသူများသည် ဘာသာရေးရှုထောင့်မှ ဘောင်ဝင်အောင် ပြောဆိုနေခြင်း မဟုတ်ကြောင်း၊ အစ္စလာမ်သာသနာ၌ မိန်းကလေးများ ပညာသင်ကြားခြင်းအတွက် မည်သည့်တားမြစ်ချက်မှ မပါဝင်ကြောင်း ” ဟု မာလာဝီနိုင်ငံရှိ Islamic Information Bureau(IIB) ၏ တာဝန်ခံ ဒီနာလာ ချာဘူလီကာ (Dinala Chabulika) က OnIslam.net သို့ပြောကြားခဲ့သည်။

မာလာဝီနိုင်ငံရှိ မိန်းကလေးများတွင် မူလတန်းထက်ကျော်လွန်ပြီး ပညာသင်ကြားခွင့်မရခဲ့သူဦးရေမှာ နှစ်များစွာအတွင်း ပိုမိုတိုးတက်များပြားလာခဲ့သည်ဟု သုံးသပ်ချက်များကဆိုသည်။

မိန်းကလေးများအတွက် ပညာရေးသည် အရေးပါကြောင်း ရှင်းပြပေးသော မာလာဝီရှိ မွတ်စ်လင်မ်များ၏ ပညာပေးလှုံ့ဆော်ပွဲများကြောင့် ထိုသို့ပညာသင်ကြားခွင့်ရရှိလာခြင်းပင်ဖြစ်သည်ဟု လူထုခေါင်းဆောင်များက ယုံကြည်ကြသည်။

“ ကျွန်တော်တို့ရဲ့ ပညာပေးလှုံ့ဆော်ပွဲများမှာ မိဘတွေက ပညာရေးအခန်းကဏ္ဍအတွက် အဓိက သော့ချက် ဖြစ်တဲ့အကြောင်း၊ မိန်းကလေးငယ်များရဲ့ပညာရေးကို အလေးထားပေးတဲ့ အစဉ်အလာခေါင်းဆောင်များက ယဉ်ကျေးမှုကိုထိန်းသိမ်းသူတွေဖြစ်တဲ့အကြောင်း ရှင်းပြပေးခဲ့တယ်။ ကျွန်တော်တို့ရဲ့ ကြိုးပမ်းမှုများကြောင့် မိန်းကလေးငယ်များဆိုင်ရာပညာရေးအပေါ် လူတွေရဲ့အမြင်ကို ပြောင်းလဲသွားစေခဲ့ပါတယ်။ ဒီအားထုတ်မှုအားဖြင့် ကျွန်တော်တို့ဟာ မိန်းကလေးငယ်များကို ကျောင်းတက်ခွင့်ကိုပိတ်ပင်ထားခဲ့တဲ့ အစဉ်အလာဓလေ့များကို ဖျက်သိမ်းလိုက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒီလို ကြိုးပမ်းမှုများသာ မရှိဘူးဆိုယင်  အခြေအနေက ပိုမိုဆိုးဝါးသွားဖို့ပဲ ရှိပါတော့တယ် ” ဟု ချာဘူလီကာ မှ ပြောပြခဲ့သည်။

ဆက်လက်၍ ချာဘူလီကာက ပညာရေးတွင် ထူးချွန်သော မွတ်စ်လင်မ် မိန်းကလေးနှင့် အမျိုးသမီးများစွာတို့သည် ယခုအခါ ပုဂ္ဂလိက နှင့် ပြည်သူ့အခန်းကဏ္ဍများတွင် အရေးပါသော ထိပ်တန်းနေရာများ၌ တာဝန်ယူနေကြပြီ ဟု ဆိုသည်။

“ ဒီ(ထူးချွန်)သူတွေဟာ စာသင်ကျောင်းနဲ့လူ့အဖွဲ့အစည်းတွေထဲက မိန်းကလေးငယ် နဲ့ မိဘတွေဆီ လှည့်လည်ပြီး ပညာရေးရဲ့အရေးပါချက်ကို  ရှင်းပြနေပြီဖြစ်ပါတယ်။ သူတို့ရဲ့စံပြဖြစ်မှုဟာ မိန်းကလေးများအဖို့ ပညာကိုဆက်သင်လိုတဲ့ဆန္ဒ ဖြစ်လာစေခဲ့တယ်။ သူတို့ကိုကြည့်ပြီး ကျောင်းတက်ခြင်းရဲ့အရေးပါမှုကို မိန်းကလေးများက ပိုမိုသိရှိလက်ခံသွားကြပါတယ် ” ဟု ချာဘူကာက ဆိုသည်။

တရားဝင် စာရင်းအင်းများအရ လူဦးရေ ၁၄ သန်းရှိသော မာလာဝီနိုင်ငံတွင် မွတ်စလင် ၁၂ ရာခိုင်နှုန်းပါဝင်သည်ဟု ဖော်ပြထားသည်။ သို့သော်လည်း  Muslim Association of Malawi (MAM) မှ ၃၆ ရာခိုင်နှုန်း ဟု တွက်ဆထားသည်။
တောင်အာဖရိကဒေသတွင် ခရစ်ယာန်ဘာသာပြီးလျင် အစ္စလာမ်ဘာသာသည် ဒုတိယ အကြီးဆုံးဘာသာအဖြစ် တည်ရှိနေသည်။

၁၉၉၀ ခုနှစ်များ နောက်ပိုင်းမှစတင်ကာ မာလာဝီနိုင်ငံတွင် ပညာရေးကဏ္ဍ၌ နိုင်ငံတကာ မွတ်စ်လင်မ်အဖွဲ့အစည်းများ ရုတ်ခြည်းဆိုသလို ပိုမိုတိုးပွားလာခဲ့သည်။ ၄င်းအဖွဲ့အစည်းများသည် မိန်းကလေးသီးသန့်ကျောင်း များစွာကို ဆောက်လုပ်ပေးခဲ့ကြသည်။

ရှေ့ပြေးနေသည့် မွတ်စ်လင်မ်များ

မာလာဝီတွင် မွတ်စလင် မိန်းကလေးများသည် အထက်တန်း နှင့် တက္ကသိုလ်ပညာရေးအတွက် စကော်လာရှစ်များ လျှောက်ထားနိုင်ကြပြီဖြစ်သည်။

“တစ်ချိန်တုန်းက စကော်လာရှစ်လျှောက်သူ အများစုဟာ ယောက်ျားလေးများသာဖြစ်ခဲ့တယ်။ အခုအခါမှာတော့  မိန်းကလေးတွေက ထိပ်ဆုံးကပါဝင်လာတာကို ကျွန်တော်တို့ မြင်နေရပါပြီ။ ဒီအနေအထားက နှစ်စဉ်နှစ်တိုင်း တိုးတက်လျက်ရှိနေပါတယ်။ ဒါဟာ မိဘနဲ့အသိုင်းအ၀ိုင်းများက မိန်းကလေးတွေအတွက် ပညာရေးအရေးပါမှုကို သိမြင်နားလည်နေပြီ လို့ အခိုင်အမာ ညွှန်ပြချက်တစ်ခုပါဘဲ ” ဟု မာလာဝီနိုင်ငံ၏ အစ္စလာမ့်ဇကာ့သ်ရံပုံငွေဌာန(Islamic Zakkat Fund -IZF) ရှိ အမှုဆောင်ဒါရိုက်တာ မုဟမ္မဒ် အွတ်စ်မန်း (Muhammad Osman) မှ ပြောကြားခဲ့သည်။

မာလာဝီ၌ ယခင်ကထက်စာလျှင် မိန်းကလေးငယ်များ၏ပညာရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ ပိုမို ကြီးမားလာခဲ့ကြောင်းကို အွတ်စ်မန်းက “ မာလာဝီမှာရှိတဲ့ မိန်းကလေးတွေအဖို့ ပညာရေးနဲ့ကင်းကွာစေမယ့် ဘာအကြောင်းပြချက်မှ မရှိတော့ပါဘူး ” ဟူ၍ ရည်ညွှန်းပြောဆိုလိုက်သည်။

မှတ်တမ်းများအရ ယခုတွင် မိန်းကလေးငယ်များသည် တက္ကသိုလ်များ၏စည်းမျဉ်းများကို ယခင်ကထက် ပိုမိုလေးစားလိုက်နာလာကြသည်။

“ အရင်အချိန်တုန်းက ဒီလိုအခြေအနေမျိုး မဟုတ်ခဲ့ဘူး။ မာလာဝီက တက္ကသိုလ်များထဲ သိသိသာသာဝင်ရောက်လာတဲ့ မွတ်စ်လင်မ်မိန်းကလေးဦးရေမှာ အလွန်ကိုနည်းပါးခဲ့ပါတယ်။ ကျွန်တော်က တက္ကသိုလ်မှာ တာဝန်ယူနေတာ အချိန်အတော်ကြာခဲ့ပြီ။ ယခုလို တိုးပွားလာခြင်းမှာ တွန်းအားတစ်ခုခုရှိနေတယ်ဆိုတာ ကျွန်တော် သေသေချာချာပြောနိုင်ပါတယ် ” ဟု မာလာဝီ တက္ကသိုလ်၏ ဒုတိယ ပါမောက္ခချုပ် ဒေါက်တာ အီမန်နျူယဲလ် ဖာဘီယာနို (Emmanuel Fabiano) က လွန်ခဲ့သော ၁၅ နှစ်မှစ၍ မွတ်စ်လင်မ်ကျောင်းသားဦးရေ ပိုမိုတိုပွားလာခဲ့ကြောင်းကိုပါ ဖြည့်စွက်ပြောကြားသည်။

မာလာဝီ မွတ်စ်လင်မ်လူ့အဖွဲ့အစည်းအတွင်း  တတိယအဆင့်ရှိ  Maryam Girls Teacher Training College အား ပထမဆုံး ဖွင့်လှစ်လိုက်တည်ထောင်လိုက်ခြင်းသည်လည်း ဤတိုးတက်မှု၏အကြောင်းရင်းတစ်ခုဖြစ်သည်။
လွန်ခဲ့သော ၅ နှစ်ခန့်က Islamic Charity Bilal Trust ၏ ပဏာမခြေလှမ်းအဖြစ် ကောလိပ်စတင်ဖွင့်လှစ်မှုသည် မိန်းကလေးများ၏ပညာရေးကန့်သတ်ချက်ဆိုင်ရာ အစဉ်အလာများကို ဖယ်ရှားရာ၌ အဓိက အခန်းကဏ္ဍတစ်ခု ဖြစ်ခဲ့သည်။

“ကောလိပ်ဟာ ပညာရေးမှာ  လိင်ခွဲခြားမှုအပေါ် ပေါင်းကူးတံတားခင်းလိုက်တဲ့ ကြိုးစားအားထုတ်မှု တစ်စိတ်တစ်ပိုင်း ဖြစ်သွားခဲ့ပါတယ် ” ဟု Bilal Trust ၏ အထွေထွေအတွင်းရေးမှုး အလ်တဖ် ဂနီ (Altaf Gani) က ဆိုသည်။
ထိုအချက်အားဖြင့် အထက်တန်းပြီးသော မိန်းကလေးများအတွက် ပညာရေးရှေ့ဆက်နိုင်စေရန် အခွင့်အရေးတစ်ခုကို ထပ်တိုးနိုင်ခဲ့သည် ဟု သူက ဆက်လက်ပြောကြားခဲ့သည်။

“ နိုင်ငံတစ်ဝှမ်းက မိမိပညာရေးကို ရှေ့ဆက်လိုတဲ့ မိန်းကလေးငယ်တွေဆီကနေ ကျောင်းဝင်ခွင့်လျှောက်လွှာတွေ အပုံအပင် လက်ခံရရှိပါတယ်။ ဒါပေမယ့် နေရာအခက်အခဲကြောင့် သူတို့အားလုံးကို တစ်ချိန်တည်းမှာ မစီစဉ်ပေးနိုင်ခဲ့ပါဘူး။ ”

မွတ်စ်လင်မ်တစ်ဦးဖြစ်သူ မာလာဝီ၏ လမ်းပန်းဆက်သွယ်ရေးနှင့် အများပြည်သူလုပ်ငန်းဌာန(Transport and Public Works)၀န်ကြီး စီဒိခ် မီယာ(Sidik Mia) သည်  နိုင်ငံအတွင်း ပညာသင်ကြားသော မိန်းကလေးဦးရေ ပိုမိုတိုးပွားစေရန် မွတ်စ်လင်မ်အသင်းအဖွဲ့များ၏ ဆောင်ရွက်ချက်များကို ထောက်ခံအားပေးခဲ့သည်။

“ မိန်းကလေးငယ်များအတွက် လူ့အသိုင်းအ၀ိုင်းထဲမှာ နေရာတစ်ခုရှိနေကြောင်း နားလည်ဖို့ လူထုရဲ့သဘောထားပြောင်းလဲပေးဖို့ကို အစိုးရတစ်ဖွဲ့ထဲကိုသာ လုပ်ခိုင်းမယ်ဆိုလို့ရှိယင် ဒီထက်အခြေအနေ ဆိုးဝါးသွားဖို့ဘဲရှိပါတယ်။ ဒီလို ကြိုးပမ်းအားထုတ်မှု နဲ့ ပေးဆပ်မှုအတွက်  ကျွန်တော်တို့အစိုးရအနေနဲ့ အလွန်ကို ကျေးဇူးတင်ပါတယ် ” ဟု သူက OnIslam.net သို့ပြောကြားခဲ့သည်။

Ref:OnIslam

Leave a Reply