News @ M-Media

ပြည်သူကပေးသော နံပါတ် ၁ မီဒီယာသည် ပရိုအဆင့်များဖြင့် ရပ်တည်ထားခြင်းလော

M-Media
၂၀၁၃ ဇွန်လ ၂၂

 

images မြန်မာပြည်၏ ပြည်သူကပေးသော နံပါတ် ၁ မီဒီယာအဖြစ် မိမိတို့ကိုယ်ကို ကင်ပွန်းတပ်ထားသည့် ဦးသန်းထွတ်အောင် ဦးစီးသော အလဲဗင်း မီဒီယာသည် ကမ္ဘာကျော်တိုင်းမ်စ်မဂ္ဂဇင်းပါ When Buddhists Go Bad ဟူသည့် ဆောင်းပါးကို When Buddhist Gone Bad ဟု အမည်ပြောင်းပြီး မြန်မာမှု ပြုခဲ့ပါသည်။

၎င်းတို့၏ အခြေခံမီဒီယာအဆင့် ဘာသာပြန်ဆိုမှုမှာ သံသယဖြစ်စရာရှိနေသည်မှာ အချိန်ပမာဏအားဖြင့် အလွန်ကြာမြင့်ခဲ့ပြီဖြစ်ပါသည်။ ထိုနည်းတူ မြန်မာနိုင်ငံသား မွတ်စလင်များအား အကြမ်းဖက်ကြသည့်အရေးတွင် ကမ္ဘာ့မီဒီယာများအား ဆက်တက်ဝေဖန်ခဲ့သည့် အလဲဗင်းမှာ မကြာသေးမီကလည်း တိုင်းမ်စ်မဂ္ဂဇင်းအား စာနယ်ဇင်းကျင့်ဝတ်မရှိဟု ဝေဖန်ခဲ့ပါသေးသည်။

“သူတို့ရဲ့ ဒီဘာသာပြန်ကိုပဲ ကြည့်ကြည့်ဗျာ။ ခေါင်းစဉ်တောင် မှန်အောင် တပ်နိုင်သေးတာမဟုတ်ဘူး၊ ဒါနဲ့များဗျာ၊ သက်တမ်းရင့် တိုင်းမ်စ်လို မဂ္ဂဇင်းကို စာနယ်ဇင်းကျင့်ဝတ်နဲ့ ကိုင်ပေါက်တယ်ဆိုတာက ဒါမျိုးဖြစ်လာတော့ ရယ်စရာကြီးဖြစ်သွားတာပေါ့။” ဟု စင်္ကာပူအခြေဆိုက်မြန်မာ့အရေး လေ့လာသူ တစ်ဦးက မှတ်ချက်ပြုပါသည်။

ထိုနည်းသူ တိုင်းမ်စ်မဂ္ဂဇင်းပါ ဦးဝီရသူကိစ္စနှင့်ပတ်သတ်၍ မြန်မာကျောင်းသားတစ်ဦးက – “အကြမ်းဖက်တယ်ဆိုတာက၊ လူကိုယ်တိုင်ပါပြီး လိုက်သတ်နေတာကို ပြောတာမဟုတ်ဘူး၊ အကြမ်းဖက်ကြဖို့ လှုံဆော်တာကလည်း ဒါအကြမ်းဖက်သမားတွေရဲ့ လုပ်ရပ်ပဲလို့ ကျနော်ထင်ပါတယ်။ ဒီဝီရသူကိစ္စမှာ ဗွိုက်စ်ဂျာနယ်က ဦးကျော်မင်းဆွေက သက်သေရှိလို့လားလို့ မေးတယ်၊ ဒါက ချောင်ပိတ်အရိုက်ခံရတဲ့အခြေမှာ ဖြေတဲ့အဖြေလိုမျိုးပေါ့။ သက်သေက မလိုဘူးလေ၊ သူဖေ့စ်ဘွတ်သုံးနေတာပဲ။ သူသိပါတယ်။” ဟု m-media ၏ ဆက်သွယ်မေးမြန်းမှုအား ဖြေကြားခဲ့ပါသည်။

Times မဂ္ဂဇင်းပါ ဆောင်းပါး www.time.com

အလဲဗင်း၏ မြန်မာပြန်ဆောင်းပါး www.news-eleven.com 

အလဲဗင်း၏ ဘာသာပြန်ဆောင်းပါးပါ ခေါင်းစဉ် =>

11

ဖြည့်စွက်ချက် ။ အလဲဗင်းဂရုက ခေါင်းစဉ်ကို အမှန်ပြင်ဆင်လိုက်သော်လည်း အက်စ်(s) ပြုတ်ကျန်လျက် ရှိနေပါသေးသည်။

11_2

 

Comments

Leave a Reply