News @ M-Media

Pathein: မွတ်စလင်မ်တို့၏ အီးဒ်နေ့၌ ပုသိမ်တွင် ၉၆၉ တရားပွဲ စီစဉ်မှုကြောင့် ဒေသခံများ စိုးရိမ်နေ

အောက်တိုဘာ ၁၀
M-Media
သုတ

MaHa Na

ပုသိမ် ။          ။ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်တွင် ၉၆၉ တရားပွဲပြုလုပ်မည့်ရက်မှာ မွတ်စလင်မ်တို့၏ အီးဒ်နေ့ကျရောက်သော အောက်တိုဘာ ၁၆-ရက်နေ့ကို စီစဉ်နေသည်ဟု သိရသဖြင့် ဒေသခံများမှ စိုးရိမ်မှုများ ရှိနေတယ်လို့ သိရပါတယ်။

အဆိုပါအကြောင်းအရာနှင့်ပတ်သက်၍ ပုသိမ်မြို့သို့ ဆက်သွယ်စုံစမ်းခဲ့ရာ ၉၆၉-တရားပွဲအား အောက်တိုဘာ ၁၆-ရက်နေ့တွင် ကျရောက်သော အီးဒ်နေ့နဲ့ တိုက်ဆိုင်ပြီး ပြုလုပ်ရန် စီစဉ်နေကြောင်းကြားသိရပြီး ၁၆-ရက်နေ့ လုပ်မည်ဟု အတိအကျ မသိရသေးသော်လည်း ၎င်းနေ့တွင် လူစုလူဝေးဖြင့် အကြမ်းဖက်မှုများပြုလုပ်ရန် လှုံ့ဆော်လာမည်ကို စိုးရိမ်နေကြကြောင်း ပြောပါတယ်။

ထို့ပြင် အီးဒ်နေ့နှင့် ပတ်သက်ပြီး ခရိုင် အုပ်ချုပ်ရေးမှူးမှ စည်းကမ်းချက်များ ထုတ်ပြန်ထားရာတွင်လည်း “ယဇ်ပူဇော်မည့် သားကောင်” ဆိုသည့်စကားလုံးကို ရှေးယခင်နှစ်များက မသုံးဘဲ ယခုနှစ်မှ ထပ်ပြန်တလဲလဲ သုံးနှုန်းထားသည်မှာ မွတ်စလင်မ် မဟုတ်သော အခြားဘာသာဝင်များ ပိုမိုအမြင်စောင်းစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ထားသလို ဖြစ်နေကြောင်း၊ မိမိတို့ကိုးကွယ်ရာ ဖန်ဆင်းရှင်ကို ယဇ်ပူဇော်ရန် မလိုအပ်ကြောင်း၊ ကုရ်ဘာနီ ပြုလုပ်ခြင်းမှာ မိမိတို့ ကိုးကွယ်ရာ အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကို နာခံခြင်းဖြစ်ကြောင်း၊ မရှိ ဆင်းရဲသားများကို လှူဒါန်းရန်ဖြစ်ကြောင်း ဒါကြောင့် ယခုကဲ့သို့ အသုံးအနှုန်းမျိုး လုံးဝ မသုံးနှုန်းသင့်ဘူးဟု ပုသိမ်မြို့ခံများက ဆိုပါတယ်။

ဇူလိုင် ၁၅-ရက်တွင်ကျင်းပသော သတ္တမအကြိမ် နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ ၄၇-ပါ စုံညီ ဒုတိယအစည်းအဝေးတွင်  ဗုဒ္ဓဘာသာ၏ အမှတ် တံဆိပ်အဖြစ် ၉၆၉ ကို အသုံးပြုလှုပ်ရှားနေခြင်းနှင့် သံဃာ့ကွန် ရက်အဖွဲ့အစည်းများ ဖွဲ့စည်းဆောင်ရွက်နေခြင်းသည် သံဃမဟာ နာယကအဖွဲ့မှ ထုတ်ပြန်ထားသည့် စည်းမျဉ်း၊ ဥပဒေများအရ ဖွဲ့စည်းဆောင်ရွက်ခွင့် မရှိကြောင်း နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့က  သြဂုတ် ၁၄-ရက် ညွှန်ကြားချက် ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။

 

Image: 7-Day Daily

Comments

Leave a Reply