News @ M-Media

အီဘိုလာသံသယရှိသူ နိုင်ငံခြားသားတစ်ဦး ထိုင်းမှာ ပျောက်ဆုံးနေ

နိုဝင်ဘာ ၊ ၂၆ ၊ ၂၀၁၄
M-Media
EmakManhunt2511e
– နိုင်ငံအတွင်းသို့ ရောက်ရှိလာပြီး အီဘိုလာ လက္ခဏာများတွေ့ရသည့် ဆီရာလီယွန် နိုင်ငံသားတစ်ဦးမှာ နေ့စဉ် ဆေးစစ်မှုအတွက် လာရောက်ခြင်း မရှိသောကြောင့် ရှာဖွေမှုများပြုလုပ်နေသည်ဟု ထိုင်းတာဝန်ရှိသူများက အောက်တိုဘာ ၂၄ ရက်နေ့တွင် ပြောကြားလိုက်သည်။

အသက် ၃၁ နှစ်အရွယ် ဆီဆေးဆင်မြူယဲလ်ဆိုသူဖြစ်ပြီး နိုဝင်ဘာ ၁၆ ရက်နေ့မှ စတင်ကာ ပျောက်ဆုံးသွားဖြစ်သည်။ ၎င်းမှာ ဆီရာလီယွန် နိုင်ငံမှ နိုဝင်ဘာ ၁၃ ရက်နေ့က အခြား သူငယ်ချင်း ၇ ဦးနှင့်အတူ သုဝဏ္ဏဘူမိလေဆိပ်သို့ ရောက်ရှိလာခြင်းဖြစ်ပြီး ထိုင်း ကျန်းမာရေးတာဝန်ရှိသူများ၏ စစ်ဆေးမှုများအရ အီဘိုလာရှိနိုင်သည့် လက္ခဏာများကို တွေ့ရှိခဲ့ရသည်။

ထို့ကြောင့် ၎င်းအား ပြည်သူ့ကျန်းမာရေးဌာနသို့ ခေါ်ဆောင်သွားကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် Bang Rak ခရိုင်ရှိ Mode Sathorn ဟိုတယ်သို့ နိုဝင်ဘာ ၁၅ ရက်နေ့တွင် ပို့ဆောင်ပေးခဲ့သည်။ ထို့ပြင် ဆင်မြူယဲလ်နှင့် ၎င်း၏ သူငယ်ချင်းများကို နေ့စဉ် ကျန်းမာရေး လာရောက်စစ်ဆေးရန် တာဝန်ရှိသူများက မှာကြားခဲ့သည်။

သို့သော်လည်း ဆင်မြူယဲလ်မှာ အဆိုပါဟိုတယ်တွင် တည်းခိုခြင်းမရှိဘဲ၊ လက်ကိုင်ဖုန်းကိုလည်း ပိတ်ထားကြောင်း နိုဝင်ဘာ ၁၆ ရက်နေ့တွင် တာဝန်ရှိသူများက တွေ့ရှိခဲ့ရသောကြောင့် ဘန်ကောက်မြို့နှင့် အခြားသော ပြည်နယ်များရှိ တည်းခိုခန်းများနှင့် ဟိုတယ်များ၊ နိုင်ငံခြားခရီးသွားများ သွားရောက်လေ့ရှိသည့် နေရာများတွင် လိုက်လံရှာဖွေမှုများ ပြုလုပ်နေသည်။

တာဝန်ရှိသူများက ယမန်နေ့က သတင်းထုတ်ပြန်ရာတွင် ဆင်မြူယဲလ်၌ အီဘိုလာကူးစက်နေကြောင်း မတွေ့ရှိရသေးသော်လည်း ၎င်းအားရှာဖွေကာ အတိအကျ စစ်ဆးမှုများ ပြုလုပ်ရန် ဆက်လက်ကြိုးစားသွားမည်ဟု ပြောကြားခဲ့သည်။

Bangkokpost.

Comments

Leave a Reply