ဒီဇင်ဘာ ၂၉၊ ၂၀၁၄
M-Media
Autism ဆိုတာကတော့ မွေးရာပါလို့ ပြောလို့ရတဲ့ ဦးနှောက်နဲ့ အာရုံကြော ပုံမှန်မဟုတ်တဲ့ ရောဂါလက္ခဏာစု ဖြစ်ပါတယ်။ Autism ရောဂါသည် ကလေးငယ်တွေရဲ့ ရောဂါ လက္ခဏာတစ်ခုကတော့ အများသူငါနဲ့ မျက်လုံးချင်း မဆုံကြတာ၊ တစ်ဘက်လူရဲ့ မျက်နှာကို မကြည့်တာ ဖြစ်ပါတယ်။
ဒီလိုကလေးငယ်တွေအတွက် Samsung က စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းနဲ့ ကုစားပေးမယ် ဂိမ်း app တစ်ခုကို အခမဲ့ ရေးသား ဖြန့်ဝေလိုက်ပါတယ်။ စမ်းသပ်လေ့လာမှုတွအရ ၆၀ ရာခိုင်နှုန်းသော ကလေးငယ်တွေက အခြေအနေ တိုးတက်လာတယ်လို့ ဆိုပါတယ်။
ဂိမ်းမှာ မျက်နှာပုံလေးတွေ ရွေးချယ်ပေးရတာမျိုး၊ မျက်နှာ ခံစားချက်အမူအရာ တွဲဖက်ပေးရတာမျိုး အဆင့်ဆင့် ပါဝင်ပါတယ်။ “Look At Me” ဆိုတဲ့ ဒီဂိမ်းကို Google play မှာ အခမဲ့ပေးမှာ ဖြစ်ပါတယ်။
Leave a Reply
You must be logged in to post a comment.