News @ M-Media

အိုလံပစ်ပြိုင်ပွဲဝင် အမေရိကန်နိုင်ငံ ကိုယ်စားပြု ပထမဆုံး မွတ်စလင်အားကစားမယ်

အိဗ်သီဟာဂ်ျ မုဟမ္မဒ်ကတော့ အာဖရိကန်-အမေရိကန်မွတ်စလင်မ်တစ်ဦးဖြစ်ပြီး Fencer လို့ခေါ်တဲ့ အမေရိကန်နိုင်ငံကိုယ်စားပြု အိုလံပစ်ပြိုင်ပွဲဝင် ဓားခုတ် ပရောဖက်ရှင်နယ် အားကစားမယ်ဖြစ်ပါတယ်။ ဓားခုတ်ပြိုင်ပွဲအတွက်မှာ မွတ်စလင်မ် အားကစားမယ်တစ်ဦးအနေနဲ့ ပြိုင်ပွဲဝင်လာတာကတော့ အတော့်ကို ရှားရှားပါးပါးပါပဲ။

အိုလံပစ်ပြိုင်ပွဲဝင် အမေရိကန်နိုင်ငံ ကိုယ်စားပြု ပထမဆုံး မွတ်စလင်အားကစားမယ်

အိဗ်သီဟာဂ်ျကတော့ ဒီအချက်တစ်ခုတည်းနဲ့ ပရိသတ်ရဲ့အာရုံစိုက်မှုကို ရရှိထားပေမယ့် ဘယ်သူကမှ သူမရဲ့ထူးချွန်မှုကို ငြင်းချက်မထုတ်နိုင်ပါ။ ၂၀၁၀ ခုနှစ်က အမေရိကန်ကမ္ဘာ့ဓားခုတ်အဖွဲ့ မှာ ပါဝင်ဖို့ ရွေးချယ်ခံခဲ့ရပြီး သူမရဲ့အနှစ်သက်ဆုံးလက်နက်ကတော့ ဆေးဗားခေါ် အသွားတဖက်တည်းရှိပြီး မြင်းသည်တော်များကိုင်ဆွဲတဲ့ ဓားမျိုးဖြစ်ပါတယ်။

နယူးဂျာဆီဇာတိဖြစ်တဲ့ အိဗ်သီဟာဂ်ျကတော့ အထက်တန်းကျောင်းသူဘ၀ကတည်းက ဓားခုတ်အားကစားကို ကစားခဲ့တာပါ။ သူမရဲ့ ပြင်းထန်တဲ့ကြိုးစားမှုတွေကြောင့် အမျိုးသမီး ဆေးဗားဓား ခုတ်မှာ ဒုတိယအမြင့်ဆုံးအဆင့်ကို ရောက်ရှိခဲ့ပါပြီ။

အစ္စလာမ့်ထုံးစံအရ ဦးခေါင်းပ၀ါစည်းပြီး ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်နေတဲ့ အိဗ်သီဟာဂျာဟ်က မွတ်စလင်မ်အမျိုးသမီးတစ်ဦးအနေနဲ့ ဓားခုတ်အားကစားမယ်ဖြစ်ဖို့ဆိုတာ အမြဲတမ်းတော့ လွယ်ကူမနေဘူးလို့ ပြောပြခဲ့ပါတယ်။

အိုလံပစ်ပြိုင်ပွဲဝင် အမေရိကန်နိုင်ငံ ကိုယ်စားပြု ပထမဆုံး မွတ်စလင်အားကစားမယ်

“ဓားခုတ်အားကစားအ၀န်းအ၀ိုင်းအတွင်းမှာ မွတ်စလင်မ်ဓားခုတ်အားကစားမယ်ဖြစ်လာရင် အနာဂတ်အတွက်စိုးရိမ်စရာအများအပြားရှိနေဆဲပါ။ ကျွန်မဆိုလိုတာက ဒီဓားခုတ်အားကစားနည်းမှာ မွတ်စလင်မ်အားကစားမယ် အနည်းအကျဉ်းပဲရှိတယ်ဆိုတာကိုပါ။” ဟု သူမက သည်ဂရီယိုသို့ ပြောပြခဲ့သည်။

အိဗ်သီဟာဂ်ျကတော့ သမိုင်းတွင်ရစ်အောင် အစွမ်းပြတော့မှာပါ။ သူမက ကမ္ဘာသိ ဓားခုတ်အားကစားမယ်လည်းဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ဆေးဗားဓားခုတ်မယ်တွေထဲက အဆင့် ၁၁ ရှိ အားကစားမယ်လည်းဖြစ်ပါတယ်။ ဝေါလ်စထရိထ်ဂျာနယ်ကတော့ သူမအနေနဲ့ အမေရိကန် အိုလံပစ်အသင်းအတွက် တစ်ခုခုလုပ်ပြနိုင်ရင်တော့ အမေရိကန်ကိုယ်စားပြု အားကစားမယ်တွေထဲက ပထမဆုံးသော မွတ်စလင်မ်အားကစားမယ်ဖြစ်ပါလိမ့်မယ်။

အိဗ်သီဟာဂ်ျအတွက် နောက်တဆင့်က ဘာလဲ

အိဗ်သီဟာဂ်ျက မကြာသေးမီကမှ အမေရိကန်ဓားခုတ်အားကစားအဖွဲ့မှာ အရွေးခံခဲ့ရတာပါ။ သူမရဲ့အသင်းကတော့ ၂၀၁၂ လန်ဒန်အိုလံပစ်မှာ ၀င်ရောက်ယှဉ်ပြိုင်နေပါပြီ။

“ကျွန်မကတော့ အမေရိကန်နိုင်ငံအတွက် အိုလံပစ်မှာ ကိုယ်စားပြုယှဉ်ပြိုင်ချင်တာပါ။ ဘယ်သူမှ လူမျိုး၊ ယောက်ျားမိန်းမဖြစ်မှုနဲ့ ဘာသာတရားတွေက သူ့ရဲ့ကိုယ်ပိုင်စွမ်းရည်ကို ဖုန်းကွယ်မထား ဘူးဆိုတာ သက်သေပြသွားမှာပါ။ တည်တည်ငြိမ်ငြိမ်နဲ့ ဆွဲမြဲမှုရှိခြင်းက အရာအားလုံးကိုဖြစ်စေနိုင်တယ်ဆိုတာ ကျွန်မက စံနမူနာပြသွားချင်ပါတယ်။” ဟု သူမ၏ အိုလံပစ် အဖွဲ့ အွန်လိုင်းအချက်အလက်စုစည်းရေး (http://usfencing.org/athletes/ibtijah-muhammad) ကို ပြောပြသွားပါတယ်။

ဓားခုတ်အားကစားနည်းကတော့ ခေတ်သစ်အိုလံပစ်အားကစားနည်းထဲမှာ ၁၈၉၆ ခုနှစ်ကစတင်ပြီး ပါဝင်လာတဲ့ အားကစားနည်း လေးမျိုးထဲက တစ်မျိုးဖြစ်ပါတယ်။

Ibtihaj Muhammad’s Facebook – http://www.facebook.com/pages/Ibtihaj-Muhammad/165214850191487

source: http://thegrio.com/2012/06/21/2012-ibtihaj-muhammad/#46149759

Comments

Leave a Reply