အောက်တိုဘာ ၈၊ ၂၀၁၅
M-Media
– နှစ်နိုင်ငံ ချုပ်ဆိုထားသော ကာကွယ်ရေးစာချုပ်အသစ်အရ ပါကစ္စတန် ဆိပ်ကမ်းမြို့ဖြစ်သော ကရာချီတွင် တရုတ်နိုင်ငံမှာ ရေငုပ်သင်္ဘော ၄ စီးကို ဆောက်လုပ်ပေးသွားမည်ဟု ပါကစ္စတန် ပြည်တွင်းမီဒီယာများက ယမန်နေ့တွင် ဖော်ပြခဲ့သည်။
အဆိုပါစာချုပ်တွင် ပါကစ္စတန်အတွက် တရုတ်က ရေငုပ်သင်္ဘော ၈ စီး ဆောက်လုပ်ပေးရေး ပါဝင်ပြီး၊ ပါကစ္စတန် ကာကွယ်ရေးလက်နက်ပစ္စည်း ထုတ်လုပ်မှုဆိုင်ရာ ၀န်ကြီး ရာနာ တန်ဗီယာ ဟူစိန်က တရုတ်နိုင်ငံမှာ မိမိတို့အား ရေငုပ်သင်္ဘော ဆောက်လုပ်ရေးလုပ်ငန်းအတွက် နည်းပညာများကို လွှဲပြောင်းပေးအပ်သွားမည်ဟု ပြောကြားခဲ့သည်။
သို့သော်လည်း မည်သည့်ရေငုပ်သင်္ဘောအမျိုးအစားကို မည်သည့်အချိန်တွင် ဆောက်လုပ်မည်ဆိုခြင်းနှင့် ပတ်သက်၍ ၀န်ကြီးက ပြောကြားခဲ့ခြင်းမရှိပေ။ ပါကစ္စတန်နိုင်ငံမှာ ရေငုပ်သင်္ဘောများ ၀ယ်ယူရန်အတွက် ပြင်သစ်၊ ဂျာမနီနိုင်ငံများနှင့် ဆက်သွယ်ခဲ့သော်လည်း အရောင်းအ၀ယ် ဖြစ်မလာခဲ့ပေ။
Ref: PeopleDaily
Leave a Reply
You must be logged in to post a comment.