ဒီဇင်ဘာ ၁၊ ၂၀၁၅
M-Media
– IS နှင့် ရေနံကုန်သွယ်မှုကို ကာကွယ်ရန်အတွက် ရုရှားတိုက်လေယာဉ်ကို ပစ်ချခဲ့သည်ဟူသော ပူတင်၏ စွပ်စွဲမှုကို သက်သေပြနိုင်ပါက မိမိမှာ ရာထူးမှ နှုတ်ထွက်သွားမည်ဟု တူရကီသမ္မတ ရီဆက်ပ်တိုင်ယစ်အာဒိုဂန်က ပြောကြားလိုက်သည်။
“အဲဒီလိုပြောကြားမှု သက်သေပြနိုင်တာနဲ့ ကျွန်တော်တို့ရဲ့ တိုင်းပြည်ဟာ ကျွန်တော့်ရဲ့ နှုတ်ထွက်မှုကို လိုအပ်မှာပါ” ဟု
ပဲရစ်တွင်ပြုလုပ်နေသည့် ရာသီဥတုပြောင်းလဲရေး ထိပ်သီးအစည်းအဝေးတွင် ယမန်နေ့တွင် အာဒိုဂန်က ပြောကြားခဲ့ခြင်းဖြစ်ပြီး သက်သေမပြနိုင်ပါက ပူတင်မှာ ရာထူးမှ နှုတ်ထွက်သင့်သည်ဟု ဆိုသည်။
“မစ္စတာပူတင်ကို ကျွန်တော်မေးပါမယ်။ ခင်ဗျား သမ္မအဖြစ် ဆက်ရှိနေမှာလား?”
နိုဝင်ဘာ ၂၄ ရက်နေ့က ဖြစ်ပွားခဲ့သည့် အဆိုပါလေယာဉ်ပစ်ချမှုတွင် တူရကီက ရုရှားတိုက်လေယာဉ်မှာ မိမိတို့လေပိုင်နက်ကို ချိုးဖောက်ဝင်ရောက်လာသည်ဟု ပြောကြားခဲ့သည်။ ထိုအဖြစ်အပျက်ပြီးနောက် ရုရှားနှင့် တူရကီတို့အကြား စကားလုံးတိုက်ပွဲများ ဖြစ်လာခဲ့သည်။
Ref: CNN


Leave a Reply
You must be logged in to post a comment.