ဧပြီ ၃၊ ၂၀၁၆
M-Media
– အာရဗ်စော်ဘွားများပြည်ထောင်စု လခြမ်းနီအဖွဲ့(ERC) က စားနပ်ရိက္ခာများ၊ ဆေးဝါးများ၊ ဆေးအကူအညီများနဲ့ အခြားသော အထောက်အပံ့များပါဝင်တဲ့ လေယာဉ်တစ်စီးကို လစ်ဗျားနိုင်ငံ ဘင်ဂါဇီမြို့ကို စေလွှတ်လိုက်တယ်လို့ သိရပါတယ်။
ဒါဟာ ယူအေအီးကနေ လစ်ဗျားပြည်သူတွေဆီ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီအဖြစ် ပို့ဆာင်ပေးတဲ့ လေယာဉ်ကိုးစီးအနက် ပထမဆုံးတစ်စီးလည်း ဖြစ်ပါတယ်။
ယခုအချိန်မှာ လစ်ဗျားပြည်သူတွေဟာ အဓိကထောက်ပံ့ရေးပစ္စည်းတွေ ပြတ်လပ်သွားတဲ့အတွက် အလွန်စိတ်ပျက်ဝမ်းနည်းဖွယ်ရာ အခြေအနေတွေနဲ့ တွေ့ကြုံနေရတာပါ။ ဒါဟာ မြောက်အာဖရိကနိုင်ငံတစ်ခုဖြစ်တဲ့ လစ်ဗျားမှာ လွန်ခဲ့တဲ့ငါးနှစ်က ဆိုက်ရောက်ခဲ့တဲ့ ကြပ်တည်းမှုအပြီး ယူအေအီး-လစ်ဗျားအကြား ဒုတိယအကြိမ် လေကြောင်းအကူအညီလည်း ဖြစ်ပါတယ်။
သတင်းစာရှင်းလင်းပွဲမှာ ERC အထွေထွေအတွင်းရေးမှူး ဒေါက်တာ မိုဟာမက် အလ်-ဖာလာဟီက “ဒီအကူအညီဟာ မိတ်ဆွေညီအစ်ကိုတွေ အခက်အခဲတွေ့ချိန်မှာ ကူညီပေးရမယ်ဆိုတဲ့ ယူအေအီးမူဝါဒကို ဖော်ဆောင်လိုက်တာဖြစ်ပါတယ်။ လစ်ဗျားနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ယူအေအီးက အနီးကပ်ကူညီနေတယ်ဆိုတာကိုလည်း ထင်ရှားစေပါတယ်။ လစ်ဗျားပြည်သူတွေရဲ့ အခြေအနေတွေဟာ လအနည်းငယ်အတွင်းမှာ တဖြည်းဖြည်း ဆုတ်ယုတ်ပျက်ဆီးလာပြီး အခုအချိန် မစောတော့ပါဘူး” လို့ ပြောကြားခဲ့ပါတယ်။
Ref: IINA


Leave a Reply
You must be logged in to post a comment.