စက်တင်ဘာ ၂၃၊ ၂၀၁၆
M-Media
– နှစ်နိုင်ငံ တင်းမာမှုများ မြင့်တက်လာစဉ် အိန္ဒိယက ၎င်း၏ နယ်စပ်တစ်လျှောက်တွင် စစ်အင်အား တိုးမြှင့်နေသည်ဟု ပါကစ္စတန်က စွပ်စွဲပြောဆိုလိုက်ပြီး ထိုလုပ်ရပ်တွက် လိုအပ်သော ဆောင်ရွက်မှုများအားလုံးကို ပြုလုပ်သွားမည်ဟု ဆိုသည်။
ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့သည့် ကုလသမဂ္ဂ နှစ်ပတ်လည် အထွေထွေညီလာခံ မိန့်ခွန်း၌ ပါကစ္စတန်ဝန်ကြီးချုပ် နာဝဇ် ရှရစ်ဖ်က ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး ‘ပိုင်နက် ကာကွယ်ထိန်းသိမ်းရေးအတွက် လုပ်လို့ရတာမှန်သမျှ လုပ်သွားမယ်” ဟုလည်း သတိပေးခဲ့သည်။
ထို့ပြင် နျူလက်နက်ပိုင်ဆိုင်သည့် နှစ်နိုင်ငံအကြား ၂၇ နှစ်ကြာပဋိပက္ခကို အဆုံးသတ်ရန် ကရှ်မီးယားအရေးနှင့် ပက်သက်၍ ဖြစ်နိုင်ချေရှိသည့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများနှင့် ပတ်သက်၍ လက်သင့်မခံနိုင်သော ရှေ့ပြေးအခြေအနေများကို ပြုလုပ်လာမှုအတွက်လည်း သမ္မတက အိန္ဒိယကို ပြစ်တင်ရှုတ်ချခဲ့သည်။
“ဆွေးနွေးမှုတွေဟာ နှစ်နိုင်ငံလုံးရဲ့ အကျိုးစီးပွားအတွက်ပါပဲ၊ ဒီဆွေးနွေးမှုတွေဟာ ကျွန်တော်တို့ရဲ့ ခြားနားချက်တွေ အထူးသဖြင့် ဂျမ်မူးနဲ့ ကရှ်မီးယား အငြင်းပွားမှုတွေကို ဖြေရှင်းဖို့နဲ့ ဘယ်လိုတင်းမာမှု အန္တရာယ်မျိုးကိုမှ မဖြစ်လာအောင် တားဆီးဖို့ အထူးအရေးပါပါတယ်”
တနင်္ဂနွေနေ့က ကရှ်မီးယားရှိ အိန္ဒိယစစ်အခြေစိုက်စခန်းကို စစ်သွေးကြွများက တိုက်ခိုက်ခဲ့မှုကြောင့် အိန္ဒိယစစ်သား ၂၀ သေဆုံးပြီးနောက် နှစ်နိုင်ငံ တင်းမာမှုများ မြင့်တက်လာခဲ့ပြီး အိန္ဒိယကမူ ထိုစစ်သွေးကြွများကို ပါကစ္စတန်က ထောက်ပံ့ပေးထားသည်ဟု စွပ်စွဲခဲ့သည်။ သို့သော်လည်း ထိုစွပ်စွဲမှုကို ပါကစ္စတန်က ငြင်းဆိုခဲ့သည်။
Ref : Presstv


Leave a Reply
You must be logged in to post a comment.