News @ M-Media

Category: ကျန်းမာရေးနှင့်ဆေးပညာ

  • တစ်နေ့လျှင် ဆီးသီးအနည်းငယ် စားပေးခြင်းဖြင့် အရိုးကျန်းမာရေး ကောင်းမွန်နိုင်

    တစ်နေ့လျှင် ဆီးသီးအနည်းငယ် စားပေးခြင်းဖြင့် အရိုးကျန်းမာရေး ကောင်းမွန်နိုင်

    ဧပြီ ၁၅၊ ၂၀၁၆
    M-Media

    bone health

    – တစ်နေ့လျှင် ဆီးသီးခြောက် ၅ လုံး ဒါမှမဟုတ် ၆ လုံးလောက် စားပေးခြင်းက အရိုးကျန်းမာရေးကို ကောင်းမွန်စေတယ်လို့ အမေရိကန်ပြည်ထောင်စု ဆန်ဒီယေဂိုတက္ကသိုလ်ရှိ သုတေသီတွေက ပြောကြားလိုက်ပါတယ်။

    သုတေသီတွေဟာ သွေးဆုံးပြီးအမျိုးသမီးတွေမှာ အက်စထရိုဂျင်ပမာဏ နည်းသွားသောကြောင့် အရိုးတွေ အားနည်းလာတဲ့အခါ ဖြည့်စွက်စာအဖြစ် ဆီးသီးခြောက် ၅၀ ဂရမ် (ဆီးသီးခြောက် ငါးခု၊ခြောက်ခုနဲ့ညီမျှ) ကို ခြောက်လကြာ စားသုံးစေခဲ့တာပါ။

    အဲ့ဒီလို ဖြည့်စွက်စာအဖြစ် ဆီးသီးခြောက် စားသုံးတဲ့သူတွေရဲ့ အရိုးဟာ ပိုမိုသန်မာပြီး သိပ်သည်းတဲ့အရိုးတွေ ဖြစ်လာခဲ့တယ်လို့ ဒီလေ့လာမှုအရ သိခဲ့ရပါတယ်။ ဒါဟာ အဲဒီ ဆီးသီးခြောက်တွေမှာ အသက်ရလာတာနဲ့အမျှ အရိုးကျိုးလွယ်မှုကို တားဆီးပေးတဲ့ ဓာတုပစ္စည်းတွေ ပါဝင်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ဆီးသီးအစိုကို စားသုံးတဲ့အခါမှာလည်း အလားတူအကျိုးသက်ရောက်မှုမျိုး ရရှိနိုင်တယ်လို့ သုတေသီတွေက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    Ref: IINA

  • ဇီကာဗိုင်းရပ်စ်မှာ ထင်ထားသည်ထက် ပိုမိုကြောက်စရာကောင်းသည် အမေရိကန်ပြော

    ဇီကာဗိုင်းရပ်စ်မှာ ထင်ထားသည်ထက် ပိုမိုကြောက်စရာကောင်းသည် အမေရိကန်ပြော

    ဧပြီ ၁၃၊ ၂၀၁၆
    M-Media

    zika

    – ဇီကာဗိုင်းရပ်စ်ပိုးဟာ အရင်တုန်းက ခန့်မှန်းထားတာထက် ပိုပြီး ကြောက်စရာကောင်းတယ်လို့ အမေရိကန် ကျန်းမာရေးတာဝန်ရှိသူတွေက တနင်္လာနေ့မှာ သတိပေးလိုက်ပြီး မွေးရာပါ ဦးနှောက်ချို့ယွင်းမှုတွေနဲ့ ဆက်နွယ်နေတဲ့ ဒီဗိုင်းရပ်စ်ကို နှိမ်နင်းဖို့အတွက် ရံပုံငွေတွေ တိုးမြှင့်ပေးဖို့ လွှတ်တော်ကို တိုက်တွန်းပြောကြားလိုက်ပါတယ်။

    ဇီကာဗိုင်းရပ်စ်အတွက် ကြိုတင်ပြင်ဆင် တုံ့ပြန်နိုင်အောင် ဒေါ်လာ ၁.၉ ဘီလီယံ ထုတ်ပေးဖို့ အိုဘားမားအစိုးရအဖွဲ့ဟာ လွှတ်တော်မှာ တောင်းဆိုထားပေးမယ့် အဲဒီတောင်းဆိုမှုကိုတော့ လွှတ်တော်က ဆိုင်းငံ့ထားပါတယ်။

    Aedes aegypti ခြင်အမျိုးအစားကနေ ပေါက်ဖွားတဲ့ ဇီကာဗိုင်းရပ်စ်ဟာ မနှစ်ကတည်းက လက်တင်အမေရိကနဲ့ ကာရေဘီယန်ရဲ့ နေရာ ၃၀ ကျော်မှာ လျင်မြန်စွာ ကူးစက်ပြန့်နှံ့ ခဲ့ပါတယ်။ ယင်းဗိုင်းရပ်စ်ဟာ လိင်မှတဆင့် ကူးစက်တာကိုလည်း ရှားရှားပါးပါးတွေ့မြင်ရပါတယ်။

    “ကျွန်မတို့ လုံးဝ အသင့်ပြင်ထားရပါမယ်။ ဗိုင်းရပ်စ်နဲ့ပက်သက်ပြီး ကျွန်မတို့တွေ့နေရတဲ့ အရာအားလုံးက ပထမကထင်ထားတာထက် ပိုကြောက်စရာကောင်းပါတယ်” လို့ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာန တွဲဖက်ဒါရိုက်တာ အန်နီ စခူးချက်က ပြောကြားခဲ့ပါတယ်။

    အမေရိကန်ပိုင်နက်မှာရှိတဲ့ ပေါ်တိုရီကိုဒေသမှာ လာမယ့်နှစ်ကုန်ပိုင်းမှာ လူသိန်းနဲ့ချီ ဇီကာဗိုင်းရပ်စ် ကူးစက်နိုင်တယ်လို့ သတိပေးမှုလည်း ရှိနေပါတယ်။

    Ref: Arab news

  • နေရောင်များများထိတွေ့ခြင်းက ဗီတာမင် D ချို့တဲ့စေနိုင်

    နေရောင်များများထိတွေ့ခြင်းက ဗီတာမင် D ချို့တဲ့စေနိုင်

    ဧပြီ ၁၀၊ ၂၀၁၆
    M-Media

    sun

    – နေရောင်ခြည်ဟာ လူခန္ဓာကိုယ်မှာ ဗီတာမင် D ထွက်အောင် ကူညီပေးပေမယ့် အလွန်အကျွံ ထိတွေ့မှုများရင်တော့ ဗီတာမင်ထွက်နိုင်စွမ်း လျော့ကျစေကြောင်း ဘရာဇီးလ်မှာပြုလုပ်တဲ့ လေ့လာမှုတစ်ခုမှာ တွေ့ရှိခဲ့ရပါတယ်။

    နေပူဆာလှုံပြီး အသေားရေညိုအောင် ပြုလုပ်ခြင်းက နေရောင်ခြည်ရဲ့ အန္တရာယ်ရှိတဲ့ ခရမ်းလွန်ရောင်ခြည်ကနေ ကာကွယ်မှုပေးသော်လည်း အသားရေမှာ အညိုရောင်များလာရင် ဗီတာမင် D ဖွဲ့စည်းမှုကို ပိတ်ဆို့လိုက်ပြီး အရေပြားရဲ့ ဗီတာမင် D ထွက်ရှိနိုင်စွမ်းကို ကန့်သတ်ပစ်လိုက်တယ်လို့ လေ့လာမှုမှာ ပါဝင်ခဲ့တဲ့ သုတေသီတွေက ဆိုပါတယ်။

    “အသားရေညိုစေခြင်းဟာ ခရမ်းလွန်ရောင်ခြည်ရဲ့ အန္တရာယ်ကနေ သဘာဝအတိုင်းကာကွယ်နည်းတစ်ခု ဖြစ်ပေမယ့် ဗီတာမင် D ထွက်ရှိတဲ့ပမာဏကို ကန့်သတ်လိုက်ပါတယ်” လို့ ဘရာဇီးနိုင်ငံ ရီဆိုက်ဖ်မြို့ Pernambuco ဆေးတက္ကသိုလ်က ဦးဆောင်လေ့လာသူ ဒေါက်တာ ဖရန်စစ္စကို ဘန်ဒီရာက ပြောကြားခဲ့ပါတယ်။

    သုတေသီတွေက ရီဆိုက်ဖ်မြို့မှာ နေ့စဉ် နေရောင်ခြည်ထိတွေ့မှု လွန်ကဲတဲ့ ယောက်ျား၊ မိန်းမ ၁၀၀၀ နီးပါးလောက်ကို စမ်းသပ်လေ့လာခဲ့တာပါ။ ဘယ်သူမှ နေရောင်ကာလိမ်းဆေး ဒါမှမဟုတ် ဗီတာမင် D ဖြည့်စွက်ပစ္စည်းတွေ မသုံးစွဲကြပါဘူး။

    သုတေသီတွေက ပါဝင်သူတွေရဲ့ နေရောင်ခြည်ထိတွေ့မှု အချိန်ပမာဏ၊ အရေပြားအမျိုးအစားနဲ့ သွေးထဲ ဗီတာမင် D ပါဝင်မှုအဆင့် စသည်တို့ကို နှိုင်းယှဉ်လေ့လာပြီး နေရောင်ခြည်ထိတွေ့မှုလွန်ကဲသူ အများစုမှာ ဗီတာမင် D အဆင့် ပုံမှန်ထက် နည်းပါးတာကို တွေ့ရပါတယ်။

    “ကျွန်တော်တို့ရဲ့ သုတေသနကနေ သက်သေပြလိုက်ပါပြီ။ အီကွေတာတောင်ဘက် ၈ ဒီဂရီလောက်မှာ တည်ရှိတဲ့ အပူပိုင်းဒေသက လူတစ်ဦးချင်းစီရဲ့ နေရောင်ခြည်ထိတွေ့နှုန်းနဲ့ ခရမ်းလွန်ရောင်ခြည် အပြင်းထန်ဆုံး ထိတွေ့ခံရသူတွေရဲ့ နမူနာကို စစ်ဆေးကြည့်တဲ့အခါမှာ လူအများစုမှာ ပုံမှန်အတိုင်းရှိရမယ့် ဗီတာမင် D ၃၀ ng/ml (နာနိုဂရမ်ပါမီလီမီတာ) အောက်ရောက်နေကြပါတယ်” လို့ ဘန်ဒီရာက ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    Ref : IINA

  • ကော်ဖီသောက်ခြင်းက ဆီးကြိတ်ကင်ဆာဖြစ်နိုင်ချေကို လျော့ကျစေ

    ကော်ဖီသောက်ခြင်းက ဆီးကြိတ်ကင်ဆာဖြစ်နိုင်ချေကို လျော့ကျစေ

    ဧပြီ ၈၊ ၂၀၁၆
    M-Media

    coffee

    – တစ်နေ့ကော်ဖီနှစ်ခွက် သောက်သုံးခြင်းက ဆီးကြိတ်ကင်ဆာဖြစ်နိုင်ချေ ၂.၅ ရာခိုင်နှုန်း လျှော့ချပေးတယ်လို့ တရုတ်နိုင်ငံက ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုအရ သိရပါတယ်။

    ရှန်ဟိုင်းမြို့ရှိ Tongji တက္ကသိုလ်ဆေးရုံက ကမ္ဘာတစ်ဝှမ်း အမျိုးသား ၅၅၀၀၀ ကျော်ကို ကောက်ယူခဲ့တဲ့ စစ်တမ်းကို အခြေပြုလေ့လာထားတာပါ။ သုတေသီတွေက ကော်ဖီနဲ့ ဆီးကြိတ်ကင်ဆာ ဆက်နွယ်မှု ၁၃ ခုကို လေ့လာခဲ့တာဖြစ်ပြီး နောက်ဆုံးမှာ ကော်ဖီဟာ ဒီရောဂါအန္တရာယ်ကို လျော့ကျစေတယ်လို့ ကောက်ချက် ချနိုင်ခဲ့ပါတယ်။

    ကော်ဖီသောက်တတ်တဲ့သူတွေမှာ ဆီးကြိတ်ကင်ဆာဖြစ်လာလို့ရှိရင် သေဆုံးနိုင်ချေ ၂၄ ရာခိုင်နှုန်းလောက်နည်းပါးတယ်လို့လည်း လေ့လာမှုအရ တွေ့ရှိခဲ့ရပါတယ်။

    ဒါဟာ ကင်ဆာဆဲလ်ကြီးထွားမှုကို ဟန့်တားနိုင်တဲ့ ကာဖီစတောနဲ့ ကာဝီရော ဒြပ်ပေါင်းများအပါအ၀င် ဓာတ်တိုးဆန့်ကျင်ပစ္စည်းနဲ့ ရောင်ရမ်းမှုဆန့်ကျင်ပစ္စည်း စတဲ့ဒြပ်ပေါင်းအများအပြား ကော်ဖီထဲမှာ ပါရှိတာကြောင့်ပဲ ဖြစ်ပါတယ်။

    Ref: IINA

  • တစ်နေ့လျှင် ပန်းသီးတစ်လုံးစားခြင်းက အသက်ပိုရှည်နိုင်

    တစ်နေ့လျှင် ပန်းသီးတစ်လုံးစားခြင်းက အသက်ပိုရှည်နိုင်

    ဧပြီ ၇၊ ၂၀၁၆
    M-Media

    apple

    – တစ်နေ့လျှင် ပန်းသီးတစ်လုံးစားခြင်းက အသက်ငယ်ငယ်လေးနဲ့ သေဆုံးနိုင်မှုကို ၃၅ ရာခိုင်နှုန်းလောက် လျှော့ချပေးတယ်လို့ သြစတေးလျမှပြုလုပ်တဲ့ လေ့လာမှုတစ်ရပ်မှာ တွေ့ရှိခဲ့ပါတယ်။

    Western Australia တက္ကသိုလ်က အသက် ၇၀ ကနေ ၈၅ နှစ်အကြားမှာရှိတဲ့ အုပ်စုတစ်ခုကို ၁၅ နှစ်ကြာ လေ့လာခဲ့ရာကနေ ဒီလို တွေ့ရှိခဲ့တာပါ။ လေ့လာမှုမှာပါဝင်ခဲ့တဲ့ ဒေါက်တာ ဂျိုနသန် ဟဒ်ဆန်က ပန်းသီးဟာ အရေပြားအတွင်းက အမျှင်ဓာတ်နဲ့ ဖလာဗိုနွိုက်ပမာဏကို အားကောင်းတယ်လို့ ဆိုပါတယ်။

    ဖလာဗိုနွိုက်ဆိုတာ ပန်းသီး၊ ဘယ်ရီသီးများ၊ သစ်တော်သီးများ၊ စတော်ဘယ်ရီသီးနဲ့ မုန်လာဥအပါအ၀င် သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေမှာ တွေ့ရတဲ့ အပင်ဒြပ်ပေါင်းတစ်မျိုးဖြစ်ပြီး ဆဲလ်ပျက်စီးခြင်းကို ကာကွယ်ပေးနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။

    “ပန်းသီးအခွံက ဖလာဗိုနွိုက်ဒြပ်ပေါင်းတွေဟာ သွေးလွှတ်ကြောပြေလျော့မှုကို အားကောင်းစေကြောင်း သက်သေပြခဲ့ပြီးပါပြီ။ ပန်းသီးစားသုံးမှုများခြင်းဟာ အကြောင်းအမျိုးမျိုးကြောင်း သေဆုံးနိုင်ချေကို လျော့နည်းစေပြီး အသက်ကြီးတဲ့ အမျိုးသမီးတွေမှာ ကင်ဆာနဲ့သေဆုံးမှုကိုလည်း လျှော့ချပေးကြောင်းကို အခုသက်သေပြလိုက်ပါပြီ” လို့ ဒေါက်တာ ဟဒ်ဆန်က ထပ်လောင်းပြောကြားခဲ့ပါတယ်။

    “ဖလာဗိုနွိုက်များများစားသုံးခြင်းဟာ ကိုယ်အလေးချိန်ထိန်းသိမ်းခြင်းနဲ့လည်း ဆက်စပ်နေတဲ့အပြင် ၀ိတ်တောင်ကျစေနိုင်ပါတယ်။ အသက်အရွယ်မရွေး အမျိုးသားအမျိုးသမီးအကုန်လုံးမှာ ရလဒ်တူတူပဲတွေ့ရပါတယ်။ တစ်နေ့ကို ဒီလိုသစ်သီးမျိုးနည်းနည်းလောက်ပဲစားမယ်ဆိုရင်တောင် ကျန်းမာရေးအပေါ် အလွန်ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေ ရှိနိုင်ပါတယ်”

    SM/IINA