News @ M-Media
Tag: fifa
  • ဖီဖာတာဝန်ရှိသူ ၂ ဦးကို ခြစားမှုဖြင့် ဆွစ်ဇာလန် ထပ်မံဖမ်းဆီး
    ဖီဖာတာဝန်ရှိသူ ၂ ဦးကို ခြစားမှုဖြင့် ဆွစ်ဇာလန် ထပ်မံဖမ်းဆီး
    ဒီဇင်ဘာ ၃၊ ၂၀၁၅
    M-Media
    fifa
    – ဖီဖာ၏ ခြစားမှုကိစ္စကို စစ်ဆေးနေသည့် အမေရိကန်အာဏာပိုင်များ၏ တောင်းဆိုမှုကြောင့် ဖီဖာတာဝန်ရှိသူ ၂
    ဦးကို ဖမ်းဆီးလိုက်သည်ဟု ဆွစ်ဇာလန် တရားရေးဌာနက ကြေငြာလိုက်သည်။
    မြို့တော်ဇူးရစ်ခ်ျ မြို့လယ်ကောင်ရှိ ဇိမ်ခံဟော်တယ် Baur au Lac ၌ ဖီဖာ၏ အမှုဆောင်ကော်မတီ အစည်းအဝေးမပြုလုပ်ခင် ယနေ့တွင် ဖမ်းဆီးလိုက်ခြင်းဖြစ်ပြီး ထိုနေရာမှာ မေလက ဖီဖာတာဝန်ရှိသူများကို ဖမ်းဆီးခဲ့သည့် နေရာလည်း ဖြစ်သည်။
    အဆိုပါ လာဘ်ငွေများမှာ ဖီဖာ၏ လက်တင်အမေရိက ဘောလုံးပြိုင်ပွဲများနှင့် ကမ္ဘာဖလား ခြေစစ်ပွဲများအတွက် ဈေးကွက်ရပိုင်ခွင့်နှင့် ဆက်စပ်နေသည်ဟု တရားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။
    အမေရိကန်တရားရေးဌာနက ကိုပါအမေရိကပြိုင်ပွဲအတွက် ဒေါ်လာသန်းပေါင်းများစွာ လာဘ်စားခဲ့မှုနှင့် ပတ်သက်၍ ဖီဖာမှ ဘောလုံးနှ ဈေးကွက်တာဝန်ရှိသူ ၁၄ ဦးကို ဖမ်းဆီးထားပြီး ထိုအထဲမှ ၂ ဦးကို တရားစွဲဆိုထားသည်။ ကမ္ဘာဖလားပြိုင်ပွဲ ကျင်းပရန် ဖီဖာက ဂျာမနီ၊ ရုရှားနှင့် ကာတာတို့အား အိမ်ရှင်အဖြစ် ရွေးချယ်ခဲ့မှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကာ ချစားမှုစွဲချက်ဖြင့် တရားစွဲဆိုမှုများကိုလည်း ပြုလုပ်ထားသည်။
    Ref: Aljazeera
  • ပလာတီနီမှာ ဖီဖာဥက္ကဌ ဖြစ်ခွင့်ရှိသည်ဟု ဘလတ္တာပြော
    ပလာတီနီမှာ ဖီဖာဥက္ကဌ ဖြစ်ခွင့်ရှိသည်ဟု ဘလတ္တာပြော
    နိုဝင်ဘာ ၂၃၊ ၂၀၁၅
    M-Media
    fifa
    – ဖီဖာ၏ ဥက္ကဌရားထူးအတွက် မိုက်ကယ်ပလာတီနီက အခွင့်အရေး ရှိနေပြီး မကြာသေးမီက ဖြစ်ပွားခဲ့သည့် ကျန်းမာရေး ချို့တဲ့မှုတွင် မိမိအနေဖြင့် သေလုနီးနီး ဖြစ်ခဲ့သည်ဟု ဖီဖာဥက္ကဌ ဆပ်ဘလတ္တာက ပြောကြားလိုက်သည်။
    ၎င်းတို့နှစ်ဦးစလုံးကို ငွေကြေးအရှုပ်အရှင်း ပြဿနာကြောင့် ဖီဖာက ရက်ပေါင်း ၉၀ ရာထူးမှ ဆိုင်းငံ့ထားပြီး ထိုကိစ္စအတွက် စုံစမ်းစစ်ဆေးမှုများကိုလည်း ဖီဖာကျင့်ဝတ်ကော်မတီက အဆုံးသတ်နိုင်ခဲ့ကာ ဘလတ္တာနှင့် ပလာတီနီတို့မှာ နှစ်ရှည် အနားပေးခံရဖွယ် ရှိနေသည်။ ထိုစွပ်စွဲချက်များကို နှစ်ဦးစလုံးက ငြင်းဆိုထားသည်။
    “ပလာတီနီက လူရိုးတစ်ယောက်ပါ။ တကယ်လို့ သူပြန်လာရင် သူဟာ ရွေးချယ်ခံရမှာပါ။ သူပြန်လာရင်လည်း ကျွန်တော်လည်း ဘောလုံးလောကထဲ ပြန်ဝင်လာမှာပါ” ဟု ဘလတ္တာက RTS နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။
    အသက် ၇၉ နှစ်အရွယ် ပလာတီနီမှာ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ကျန်းမာရေးအခြေအနေ ဆိုးရွားလာသောကြောင့် ဆေးရုံတက်ခဲ့ရသည်။
    “ကျွန်တော် သေလုနီးနီး ဖြစ်ခဲ့ပါတယ်။ သီချင်းဆိုနေတဲ့ ကောင်းကင်တမန်တွေ၊ မီးတောက်မီးလျှံတွေနဲ့ မကောင်းဆိုးဝါးတွေကို ကျွန်တော် တွေ့ခဲ့ရပါတယ်”
    Ref:Goal
  • ဘလတ္တာနှင့် ပလာတီနီတို့ ဘောလုံးလောကမှ အပြီး ထွက်ရဖွယ်ရှိနေ
    ဘလတ္တာနှင့် ပလာတီနီတို့ ဘောလုံးလောကမှ အပြီး ထွက်ရဖွယ်ရှိနေ
    နိုဝင်ဘာ ၂၁၊ ၂၀၁၅
    M-Media
    fifa
    – ၂၀၁၁ ခုနှစ်က ယူအီးအက်ဖ်အေဥက္ကဌ ပလာတီနီထံ ဖီဖာဥက္ကဌ ဘလတ္တာမှ ကန်ဒေါ်လာ ၁.၃ သန်း ပေးချေခဲ့မှုတွင် မသမာမှုများရှိခဲ့သည်ဆိုသည်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ အဆုံးသတ်ပြီးနောက် ၎င်းတို့နှစ်ဦးအား ပိတ်ဆို့မှုများ ပြုလုပ်ရန် ဖီဖာက တောင်းဆိုခဲ့သည်ဟု သိရသည်။
    ထိုကိစ္စနှင့်ပတ်သက်၍ ဆွဇ်ဇာလန် တရားသူကြီးများက စွပ်စွဲခဲ့ပြီးနောက်ပိုင်း ၎င်းတို့ ၂ ဦးအား ဖီဖာက ရက်ပေါင်း ၉၀ ရာထူးမှ ယာယီအနားပေးခဲ့ပြီး ကျင့်ဝတ်ကော်မတီကလည်း စုံစမ်းစစ်ဆးမှုများ ပြုလုပ်ခဲ့သည်။ ဘလတ္တာနှင့် ပလာတီနီတို့မှာ အယူခံများ ၀င်ထားပြီး ၎င်းတို့အား ရာထူးမှ ရပ်ဆိုင်းထားမှုကို ရုပ်သိမ်းရန် တောင်းမှုအား ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ဖီဖာမှ ပယ်ချခဲ့သည်။
    ယနေ့တွင် ဖီဖာက ထိုစုံစမ်းစစ်ဆေးမှုနှင့် ပတ်သက်၍ အဆုံးသတ်ပြီး နောက်ဆုံးအစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။ ထို့ကြောင့် ဘလတ္တာနှင့် ပလာတီနီတို့မှာ နှစ်ရှည်ပြစ်ဒဏ်များ ချမှတ်ခံရဖွယ် ရှိနေသည်။ ဘလတ္တာမှာ ဖီဖာဥက္ကဌရာထူးမှ နှုတ်ထွက်တော့မည်ဟု ပြီးခဲ့သည့်မေလက ကြေငြာခဲ့ပြီး ပလာတီနီက ထိုနေရာကို ရယူရန် ရေးပန်းစားသော်လည်း ယခုကိစ္စကြောင့် ဖြစ်မလာတော့ပေ။
    Ref: Goal
  • ၂၀၀၆ ကမ္ဘာ့ဖလား မသမာမှုအတွက် ဂျာမနီဘောလုံးအဖွဲ့ချုပ်ရုံးကို အာဏာပိုင်များ စီးနင်းရှာဖွေ
    ၂၀၀၆ ကမ္ဘာ့ဖလား မသမာမှုအတွက် ဂျာမနီဘောလုံးအဖွဲ့ချုပ်ရုံးကို အာဏာပိုင်များ စီးနင်းရှာဖွေ
    နိုဝင်ဘာ ၃၊ ၂၀၁၅
    M-Media
    german
    – ၂၀၀၆ ကမ္ဘာ့ဖလားပွဲအတွက် ငွေပေးချေမှုများနှင့် ပတ်သက်၍ သံသယရှိသည့်အတွက် ဂျာမန်ဘောလုံးအဖွဲ့ချုပ်
    DFB ၏ ရုံးခန်းကို အခွန်ဆိုင်ရာ အာဏာပိုင်များက ယနေ့မနက်ပိုင်းတွင် ၀င်ရောက်စီးနင်းကာ ရှာဖွေမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။
    ဖရန့်ဖတ်မြို့တွင်ရှိသည့် ရုံးချုပ်အဆောက်အဦးအပြင် DFB ဥက္ကဌ ၀ုဖ်ဂန် နီယာဘက်ခ်ျနှင့် ဥက္ကဌဟောင်း သီယို ဇွမ်ဇင်ဂါတို့၏ အိမ်များကိုလည်း အာဏာပိုင်များက ၀င်ရောက်ရှာဖွေခဲ့ကြသည်။
    ထိုဆောင်ရွက်မှုမှာ ၂၀၀၆ ခုနှစ် ကမ္ဘာ့ဖလား အိမ်ရှင်အဖြစ် ရွေးချယ်ခံရခြင်းကိစ္စ၊ အဆိုပါ ကမ္ဘာဖလားပြိုင်ပွဲအတွက် ဖီဖာသို့ ကန်ဒေါ်လာ ၇.၄ သန်း ပေးချေမှုတို့နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှု၏ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်သည်ဟု ဂျာမန်အာဏာပိုင်များက ပြောကြားခဲ့သည်။
    အစိုးရမှ ထုတ်ပြန်သော ကြေငြာချက်တွင် ထိုစုံစမ်းစစ်ဆေးမှုမှာ ၂၀၀၆ ကမ္ဘာဖလား ကျင်းပရေးကော်မတီတွင် ဒုဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ နီယာဘက်ခ်ျ၊ ၂၀၀၆ ခုနှစ် DFB ဥက္ကဌနှင့် ကမ္ဘာ့ဖလား ကျင်းပရေးကော်မတီ၏ ဘဏ္ဍာရေးအကြီးအကဲဖြစ်သူ ဇွမ်ဇင်ဂါတို့နှင့် ပတ်သက်သည်ဟု ဖော်ပြထားသည်။
    “အခွန်ရှောင်ခဲ့တယ်ဆိုတဲ့ သံသယဖြစ်မှုအတွက် အထောက်ထားတွေကို ရှာဖွေနေပါတယ်” ဟု စုံစမ်းစစ်ဆေးရေးအဖွဲ့မှ တစ်ဦးက ပြောကြားခဲ့သည်ဟု ဂျာမန်သတင်းစာ Bild တွင် ဖော်ပြထားသည်။
    ထိုကဲ့သို့ ၀င်ရောက်စီးနင်းရှာဖွေမှုတွင် အခွန်ဆိုင်ရာနှင့် တရားရေးဌာနမှ တာဝန်ရှိသူ ၅၀ ကျော် ပါဝင်ခဲ့ပြီး ဖိုင်များ၊ ကွန်ပျူတာများနှင့် Hard Disk များကို သိမ်းဆည်းခဲ့သည်။
    ဂျာမန်ဘောလုံးအဖွဲ့ချုပ်ကမူ ၂၀၀၆ ကမ္ဘာ့ဖလား ကျင်းပခွင့်ရရေးအတွက် ငွေကြေးအမြောက်အများပေးကာ ဖီဖာအမှုဆောင်ကော်မတီ အဖွဲ့ဝင်များထံမှ မဲဝယ်ခဲ့သည်ဆိုသော သတင်းများကို ငြင်းဆိုခဲ့သည်။
    Ref: Aljazeera
  • ဖီဖာပြဿနာကို ပလာတီနီကစသည်ဟု ဘလတ္တာပြော
    ဖီဖာပြဿနာကို ပလာတီနီကစသည်ဟု ဘလတ္တာပြော
    အောက်တိုဘာ ၂၉၊ ၂၀၁၅
    M-Media
    fifa
    – ၂၀၂၂ ကမ္ဘာ့ဖလား အိမ်ရှင်ရွေးချယ်ပွဲ လုပ်ငန်းစဉ်ကို ယူအီးအက်ဖ်အေ ဥက္ကဌ ပလာတီနီက ပြောင်းလဲခဲ့ခြင်းဖြစ်ပြီး ဖီဖာရင်ဆိုင်နေရသည့် ချစားမှု ပြဿနာ၏ ရင်းမြစ်မှာ ထိုကိစ္စမှ စတင်ခဲ့ခြင်းဖြစ်သည်ဟု ရာထူးမှ အနားပေးခံထားရသည့် ဖီဖာဥက္ကဌ ဆပ်ဘလတ္တာက ပြောကြားလိုက်သည်။
    ၂၀၁၈ နှစ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင်ရွေးချယ်မှုများတွင် ချစားမှုများ ရှိခဲ့သည်ဟူသော ကိစ္စနှင့် ပတ်သက်၍ အမေရိကန် တရားရေးဌာနက ဖီဖာ၏ ၀န်ထမ်းဟောင်းများနှင့် လက်ရှိဝန်ထမ်း စုစုပေါင်း ၁၄ ဦးကို တရားစွဲဆိုထားသည်။ ပလာတီနီနှင့် ဘလတ္တာတို့မှာလည်း သံသယဖြစ်စရာ ငွေပေးချေမှုနှင့် ပတ်သက်၍ စုံစမ်စစ်ဆေးမှုများကို ခံနေရပြီး ၎င်းတို့၏ ရာထူးမှ ရက်ပေါင်း ၉၀ အနားပေးခြင်း ခံထားရသည်။
    “(၂၀၁၈) ကမ္ဘာ့ဖလားပွဲအတွက် ရုရှားကို ရွေးမယ်ဆိုတာ သဘောတူညီချက် ရခဲ့ပြီးပါပြီ။ ဘာ့ကြောင့်လည်းဆိုတော့ ဥရောပအရှေ့ပိုင်း ရုရှားက တစ်ခါမှ မကျင်းပရသေးလို့ပါ။ ၂၀၂၂ ကိုတော့ အမေရိကကို သွားမယ်။ ဒါဆိုရင် ကမ္ဘာ့ဖလားကို ကမ္ဘာ့နိုင်ငံရေး အင်အားကြီးနှစ်နိုင်ငံမှာ ကျင်းပရမှာပါ။ ဆာကိုဇီ (ပြင်သစ်သမ္မတဟောင်း) က လက်ရှိ ကာတာဘုရင်ဖြစ်နေတဲ့ အိမ်ရှေ့မင်းသားနဲ့ မတွေ့ဆုံခင်အထိ ဒါတွေ အားလုံးက အေးဆေးပါပဲ။ အိမ်ရှေ့မင်းသားနဲ့ မစ္စတာပလာတီနီ နေ့လည်စာစားပြီး နောက်ပိုင်းမှာ ပလာတီနီက ကာတာမှာလုပ်ရင် ကောင်းမယ်လို့ ပြောပါတယ်”
    “အဲဒီမှာ အစီအစဉ်တွေအာလုံး ပြောင်းကုန်တာပါပဲ။ လျှို့ဝှက်မဲခွဲကြတဲ့အခါ ဥရောပက ၄ မဲက အမေရိကန်ကို မပေးတော့ဘဲ မဲက ၁၂ မဲကနေ ၈ မဲကို လျော့သွားပါတယ်။ အဲဒီ ၄ မဲကိုထည့်ပေါင်းရင် ၁၂ မဲ ၁၀ မဲဖြစ်မှာပါ။ တကယ်လို့ အမေရိကန်ကိုသာ ၂၀၂၂ အိမ်ရှင်အဖြစ်ရွေးရင် ၂၀၁၈ ရုရှားကမ္ဘာ့ဖလားဟာ တော်တော်အံ့သြဖွယ်ရာကောင်းတယ်လို့ ပြောမှာဖြစ်ပြီး ဖီဖာရဲ့ ပြဿနာအကြောင်းတွေလည်း ထွက်လာမှာ မဟုတ်တော့ပါဘူး” ဟု ဘလတ္တာက ပြောကြားခဲ့သည်။
    Ref : Goal