News @ M-Media

Tag: indonesia

  • သက်ငယ်မုဒိမ်းမှုအတွက် ကြီးလေးသောပြစ်ဒဏ်ချမှတ်ရေးဥပဒေကို အင်ဒိုနီးရှားပြဌာန်း

    သက်ငယ်မုဒိမ်းမှုအတွက် ကြီးလေးသောပြစ်ဒဏ်ချမှတ်ရေးဥပဒေကို အင်ဒိုနီးရှားပြဌာန်း

    အောက်တိုဘာ ၁၄၊ ၂၀၁၆
    M-Media

    indo

    – အရွယ်မရောက်သေးသည့် ကလေးငယ်များအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ကျူးလွန်သူများကို ပိုမိုကြီးလေးသည့် ပြစ်ဒဏ် ချမှတ်ရန်အတွက် အစိုးရမှတင်သွင်းသည့် ဥပဒေကြမ်းကို အင်ဒိုနီးရှားလွှတ်တော်အမတ်များက ဗုဒ္ဓဟူးနေ့တွင် အတည်ပြုခဲ့သည်ဟု သိရသည်။

    အဆိုပါ ဥပဒေသစ်အရ ပြစ်မှုကျူးလွန်သူကို အမြင့်ဆုံးပြစ်ဒဏ်အဖြစ် သေဒဏ် သို့မဟုတ် ဓာတုနည်းဖြင့် သင်းကွပ်ကာ ထောင်ဒဏ် ၂ နှစ် ချမှတ်ခြင်းတို့ ပါဝင်သည်။

    ထောင်ဒဏ်တစ်သက် သို့မဟုတ် အနည်းဆုံး ပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၁၀ နှစ် ကျခံခဲ့ရသော ကျူးလွန်သူများအနေဖြင့် ထောင်မှလွတ်မြောက်လျှင်လည်း ၎င်းတို့၏ လှုပ်ရှားမှုများကို စောင့်ကြည့်နိုင်မည့် လျှပ်စစ် ခြေရာခံကိရိယာတစ်ခုကို တင်ဆင်ထားရမည်ဖြစ်သည်။

    အဆိုပါ ဥပဒေနှင့်ပတ်သက်၍ လွှတ်တော်အမတ်များအကြား သဘောထားကွဲလွဲမှုများ ဖြစ်ခဲ့သည့်အတွက် အတည်ပြုရန် ၂ လခန့် ကြာမြင့်ခဲ့ပြီး နောက်ဆုံးတွင် ယခုကဲ့သို့ အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။

    Ref : CNA

  • ဟာလာလ်ဈေးကွက်သို့ ၀င်ရောက်ရန် ကိုရီးယား အစားအသောက်လုပ်ငန်းများ ကြိုးပမ်းလာ

    ဟာလာလ်ဈေးကွက်သို့ ၀င်ရောက်ရန် ကိုရီးယား အစားအသောက်လုပ်ငန်းများ ကြိုးပမ်းလာ

    အောက်တိုဘာ ၅၊ ၂၀၁၆
    M-Media

    korea

    – နိုင်ငံအတွင်း ပင်လယ်စာ တင်ပို့မှုလုပ်ငန်း လုပ်ကိုင်နေသူများအနေဖြင့် ဟာလာလ်ဈေးကွက်အတွင်းသို့ ၀င်ရောက်နိုင်ရေး အထောက်အကူဖြစ်စေရန်အတွက် ကိုရီးယား နိုင်ငံတကာ ကုန်သွယ်ရေးအသင်း KITA က အင်ဒိုနီးရှားနိုင်ငံတွင် ကိုရီးယား ကုန်စည်ပြပွဲကို ၃ ရက်တာ ပြုလုပ်ခဲ့သည်ဟု Korean Herald သတင်းဌာနက တနင်္လာနေ့တွင် ဖော်ပြခဲ့သည်။

    ထိုပြပွဲ၏ အခြား ရည်ရွယ်ချက်တစ်ခုမှာ ကိုရီးယားအစားသောက်များအား နိုင်ငံရပ်ခြားတွင် မိတ်ဆက်ရန်လည်း ဖြစ်သည်။ KITA မှာ သြဂုတ်လမှစ၍ ထိုကဲ့သို့ ပြပွဲမျိုးကို တရုတ်နိုင်ငံတွင် ချန်ဒူးနှင့် ရှန်ဟိုင်းမြို့တို့တွင်လည်းကောင်း၊ နယူးယောက်တွင်လည်းကောင်း ပြသခဲ့သည်။

    ယခု ဂျကာတာပြပွဲမှာ ဟာလာလ်ဈေးကွက်ကို ၀င်ရောက်ရန် ရုန်းကန်နေရသည့် ကိုရီးယား ပင်လယ်စာလုပ်ငန်းများအတွက် အထူး စီစဉ်ပေးခြင်းဖြစ်သည်။

    မွတ်စလင်အများစုရှိရာ အင်ဒိုနိးရှားနိုင်ငံတွင် ကိုရီးယား လုပ်ငန်းရှင်များမှာ ကျယ်ကျယ်ပြန့်ပြန့် အခြေချလုပ်ကိုင်နေကြပြီး KITA ကမူ ထိုလုပ်ငန်းရှင်များနှင့် ဒေသတွင်း စာသုံးသူများအကြား စီးပွားရေးဆိုင်ရာ အကြံပေးမှုများ၊ ကိုရီးယား အစားအသောက်များကို စိတ်ဝင်စားစေရန် အချက်အပြုတ်ပြပွဲများကို စီစဉ်ကျင်းပပေးလျက် ရှိနေသည်။

    ယခုပြုလုပ်ခဲ့သည့် ဂျာကာတာ ပြပွဲတွင် ဒေသတွင်းမှ စီးပွားရေးလုပ်ငန်းရှင် ၃၃ ဦး တက်ရောက်ခဲ့ပြီး ကိုရီးယား ပင်လယ်စာလုပ်ငန်း ၁၂ ခုမှ တာဝန်ရှိသူများကို အကြံပြုမှုများ ပြုလုပ်ခဲ့သည်။

    “တောင်ကိုရီးယား အစားအသောက်ကို ပရိုမိုးရှင်ပြုလုပ်တဲ့ ဒီပွဲဟာ ဒေသတွင်းက စားသုံးသူတွေကို ကိုရီးယား အစားသောက်နဲ့ပတ်သက်ပြီး အသိတွေမြင့်တက်ဖို့ အကူအညီ ဖြစ်စေပါလိမ့်မယ်။ ပြီးတော့ ပြပွဲမှာပါဝင်တဲ့ ကိုရီးယားလုပ်ငန်းရှင်တွေအတွက် ဟာလာလ်ဈေးကွက်ရဖို့လည်း အရေးကြီးပါတယ်။ (ကိုရီးယာ လုပ်ငန်းရှင်တွေကို) ဟာလာလ် အသိအမှတ်ပြုလက်မှတ် ရရှိရေး ကူညီဖို့အပါအ၀င် သိသာတဲ့ ရလဒ်တွေ ရဖို့လည်း ကျွန်တော်တို့ ဆက်လက်ဆောင်ရွက်သွားမှာပါ” ဟု KITA အကြီးအကဲ ကွန် ဒို ကီအွမ်က ပြောကြားခဲ့သည်။

    ကမ္ဘာတစ်ဝှမ်း ဟာလာလ်ဈေးကွက်မှာ တစ်ဟုန်ထိုး မြင့်တက်လာနေပြီး ၂၀၁၂ ခုနှစ်တွင် ကန်ဒေါ်လာ ၁.၀၈ ဘီလီယံ တန်ဖိုး ရှိနေရာမှ ၂၀၁၈ ခုနှစ်တွင် ၁.၆၂ ထရီလီယံအထိ မြင့်တက်လာမည်ဟု ခန့်မှန်းထားသည်။

    Ref: IINA

  • သက်ငယ်မုဒိမ်းမှု ကျူးလွန်သူများကို အင်ဒိုက သေဒဏ်နှင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်

    သက်ငယ်မုဒိမ်းမှု ကျူးလွန်သူများကို အင်ဒိုက သေဒဏ်နှင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်

    စက်တင်ဘာ ၃၀၊ ၂၀၁၆
    M-Media

    indo-2

    – အင်ဒိုနီးရှားတွင် ကျောင်းသူတစ်ဦးကို မုဒိန်းကျင့် သတ်ဖြတ်ခဲ့သည့် ဂိုဏ်းတစ်ခု၏ ခေါင်းဆောင်ကို အင်ဒိုနီးရှားတရားရုံးက ယမန်နေ့တွင် သေဒဏ်ချမှတ်ခဲ့ပြီး ကျန်ပါဝင်သူများကိုလည်း နှစ်ရှည်ထောင်ဒဏ်များ အသီးသီး ချမှတ်ခဲ့သည်ဟု သိရသည်။

    လူငယ် ၈ ဦး အပါအ၀င် လူ ၁၄ ယောက်ပါဝင်သည့် အဆိုပါဂိုးဏ်မှာ ဆူမားတြားကျွန်း အနောက်ဘက်တွင် ဧပြီလက အသက် ၁၄ နှစ်အရွယ် ကျောင်းသူတစ်ဦးကို အဓမ္မပြုကျင့်ကာ သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး ခေါင်းဆောင်ဖြစ်သူ ဇိုင်နယ်အား တရားရုံးက သေဒဏ်ချမှတ်ခဲ့ကာ၊ အခြား ၄ ဦးကို ထောင်ဒဏ် နှစ် ၂၀ စီ ချမှတ်ခဲ့ခြင်ဖြစ်သည်။

    အမျိုးသမီးများနှင့် မိန်းလေးငယ်များအပေါ် လိင်အကြမ်းဖက်မှုမှာ အင်ဒိုနီးရှားတွင် ဖြစ်လေ့ဖြစ်ထရှိသော်လည်း အုပ်စုဖွဲ့ အုပ်စုဖွဲ့ အဓမ္မပြုကျင့်မှုမှာ ဖြစ်ခဲသည်။

    ယခုဖြစ်ရပ်က ကမ္ဘာ့ စတုတ္ထလူဦးရေအများဆုံးနိုင်ငံဖြစ်သည့် အင်ဒိုနီးရှားကို အထိတ်တလန့်ဖြစ်စေခဲ့ပြီး၊ သက်ငယ်မုဒိမ်းမှု ကျူးလွန်သူများကို သေဒဏ်ပေးခြင်း၊ ဓာတုဗေဒနည်းဖြင့် သင်းကွပ်ခြင်းတို့အပါအ၀င် ပိုမိုကြီးလေးသော အပြစ်ဒဏ်များကို ပေးအပ်နိုင်မည့် ဥပဒေကို သမ္မတ ၀ီဒိုဒိုက လက်မှတ်ထိုးစေသည်အထိ ဖြစ်ခဲ့သည်။

    ယခု အုပ်စုဖွဲ့ အဓမ္မပြုကျင့်မှုတွင် အသက်အငယ်ဆုံးမှာ ၁၃ နှစ်အရွယ်ရှိပြီး ၎င်းတို့ ၁၄ ဦးမှ ၇ ဦးကို ထောင်ဒဏ် ၁၀ နှင့် ချမှတ်ခဲ့ကာ တစ်ဦးကိုမူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ရန် အမိန့်ပေးခဲ့သည်။ တစ်ဦးမှာမူ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်သည်။

    သေဆုံးသွားသူ မိန်းကလေးငယ်၏ မိသားစုများကမူ အဆိုပါ ပြစ်ဒဏ်မှာ လုံလောက်ခြင်းမရှိဟု ပြောကြားခဲ့သည်။

    Ref : Reuter

  • အင်ဒို-ပါကစ္စန် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မည်

    အင်ဒို-ပါကစ္စန် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မည်

    စက်တင်ဘာ ၂၄၊ ၂၀၁၆
    M-Media

    indo

    – အင်ဒိုနီးရှား၏ နိုင်ငံရေး၊ လုံခြုံရေးနှင့် တရားဥပဒေဆိုင်ရာ ညှိုနှိုင်းရေးဝန်ကြီး ၀ီရန်တိုက ပါကစ္စတန်လက်နက်ကိုင်တပ်ဖွဲ့များ၏ အကြီးအကဲဖြစ်သူ ဗိုလ်ချုပ်ကြီး ရာရှဒ် မာမွတ်နှင့် တွေ့ဆုံခဲ့ပြီး သတင်းအချက်အလက်နှင့် လက်နက်ဖလှယ်ရေးတို့ အပါအ၀င် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ရန် ဆွေးနွေးခဲ့သည်ဟု သိရသည်။

    “လက်နက်တင်ဆင်ထားတဲ့ Anoa ကား၊ မောင်းပြန်ရိုင်ဖယ်နဲ့ CN-235 တိုက်လေယာဉ်တို့အပါအ၀င် ကျွန်တော်တို့ရဲ့ကာကွယ်ရေး လက်နက်ကိရိယာတွေကို ပေးဖို့ သူတို့ကို ကမ်းလှမ်းထားပါတယ်” ဟု ၀ီရန်တိုက အင်္ဂါနေ့တွင် ပြုလုပ်သည့် အစည်းအဝေးအပြီး၌ ပြောကြားခဲ့သည်။

    အင်ဒိုနီးရှားနှင့် ပါကစ္စတန်အကြား ပူးပေါင်းဆောင်ရွက်မှုမှာ နှစ်အတော်ကြာပြီဖြစ်ပြီး ကျောင်းသားများနှင့် ကြည်းတပ်၊ ရေတပ်၊ လေတပ်တို့မှ ဗိုလ်မှူးများ အပြန်အလှန်စေလွှတ်ရေးသာမက အမျိုးသားကာကွယ်ရေးဌာန အဖွဲ့ဝင်များ ဆွေးနွေးဖလှယ်ရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်ခဲ့ကြသည်။

    “နှစ်နိုင်ငံကြား စစ်တပ်တွေရဲ့ အပြန်အလှန်ဆက်သွယ်ရေးက အလွန်နီးကပ်မှုရှိပါတယ်။ ဗိုလ်ချုပ်ကြီး ရာရှဒ် မာမွတ်က အဲ့ဒီဆက်ဆံရေး တည်တံ့ဖွံ့ဖြိုးအောင် ထိန်းသိမ်းဖို့တောင်းဆိုထားပါတယ်” ဟု ၀ီရန်တိုက ထည့်သွင်းပြောကြားခဲ့သည်။

    အင်ဒိုနီးရှားကြည်းတပ်၏ ဗိုလ်ချုပ်ဟောင်း တစ်ဦးဖြစ်သူ ၀ီရန်တိုက အာဆီယံဒေသတွင်း ငြိမ်းချမ်းရေး၊ ချစ်ခင်ရင်းနှီးမှုနှင့် စည်းလုံးညီညွှတ်စေရန် အားထုတ်မှု၏ အစိတ်အပိုင်းတစ်ခုအဖြစ် အကြမ်းဖက်ဝါဒကို တိုက်ဖျက်ရန် အင်ဒိုနီးရှားအစိုးရက စိတ်အားထက်သန်လျက်ရှိသည်ဟု အလေးထား ပြောကြားခဲ့သည်။

    Ref : IINA

  • ဖိလစ်ပိုင်ကဲ့သို့ အင်ဒိုတွင်လည်း မူးယစ်ပြဿနာကို ပြင်းပြင်းထန်ထန် ကိုင်တွယ်မည်

    ဖိလစ်ပိုင်ကဲ့သို့ အင်ဒိုတွင်လည်း မူးယစ်ပြဿနာကို ပြင်းပြင်းထန်ထန် ကိုင်တွယ်မည်

    စက်တင်ဘာ ၈၊ ၂၀၁၆
    M-Media

    indo-3

    – ဖိလစ်ပိုင်တွင် မူးယစ်ဆေးဝါးပြဿနာကို ပြင်းပြင်းထန်ထန် ကိုင်တွယ်နေသည့် နည်းလမ်းအား အတုယူ၍ အင်ဒိုနီးရှားတွင်လည်း ရဲတပ်ဖွဲ့အား လူအင်အား လက်နက်အင်အား တိုးမြှင့်ကာ မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းရန် အင်ဒို မူးယစ်တိုက်ဖျက်ရေး အကြီးအကဲက စီစဉ်နေသည်ဟု သိရသည်။

    အရှေ့တောင်အရှ အိမ်နီးချင်းနိုင်ငံများဖြစ်ကြသည့် အင်ဒိုနှင် ဖိလစ်ပိုင်တို့မှာ ‘မူးယစ်စစ်ပွဲ’ ဆင်နွှဲမည်ဟု ကြေငြာထားပြီး အင်ဒိုနီးရှားက ပြစ်မှုကျူးလွန်သူများကို အဆုံးစီရင်ရန်သာ လုပ်ဆောင်နေသော်လည်း ဖိလစ်ပိုင်ကမူ ပြင်းပြင်းထန်ထန် ကိုင်တွယ်နေပြီး မူးယစ်ဆေးဝါး ရောင်းချသူဟု သံသရှိသူ ရာပေါင်းများစွာကို ပစ်သတ်ခဲ့သည်။

    နှစ်နိုင်ငံခေါင်းဆောင်များမှာ ယခုရက်သတ္တပတ်တွင် ဂျာကာတာ၌ တွေ့ဆုံရန် ရှိနေပြီး ဆွေးနွေးမည့်အဓိကအကြောင်း အရာများအနက် တစ်ခုမှာ ဒေသတွင်း မူးယစ်ဆေးဝါးကုန်သွယ်မှုကို အပြီး ရှင်းထုတ်နိုင်ရေး နည်းလမ်းများ ဖြစ်နိုင်သည်။

    အင်ဒိုနီးရှား မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ (BNN) ၏ အကြီးအကဲ ဘူဒီ ၀ါဆေဆိုက ၎င်းတို့အဖွဲ့မှာ ဒေသတွင်း အကြီးဆုံး မူးယစ်ဆေး ဈေးကွက်တစ်ခုဖြစ်သော အင်ဒိုတွင် တရားဥပဒေစိုးမိုးရေး ကြိုးပမ်းအားထုတ်မှုများကို ပိုမိုတင်းကြပ်နိုင်ရန်အတွက် လက်နက်များ၊ ထောက်လှမ်းရေးများ၊ နည်းပညာများ၊ အနံ့ခံခွေးများ စသည်တို့ကို ဖြည့်တင်းနေသည်ဟု ပြောကြားခဲ့သည်။

    အင်ဒိုအနေဖြင့် ဖိလစ်ပိုင်ကဲ့သို့ ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်မည်လားဟု မေးမြန်းရာတွင် “ဟုတ်ပါတယ်။ အဲဒီလိုလုပ်မယ်လို့ ယုံကြည်ပါတယ်။ အင်ဒိုနီးရှားက (မူးယစ်ပြဿနာဟာ) ဖိလစ်ပိုင်လောက်ကို ဆိုးဝါးတာကြောင့် ဒါမျိုး ဖြစ်လာနိုင်ပါတယ်” ဟု ၀ါဆေဆိုက ပြန်လည်ဖြေကြားခဲ့သည်။

    Ref : channelnewsasia