News @ M-Media

Tag: north korea

  • တောင်ကိုရီးယားနှင့် အငြင်းပွားရေပိုင်နက်တွင် မြောက်ကိုရီးယားက အမြှောက်များပစ်ခတ်

    တောင်ကိုရီးယားနှင့် အငြင်းပွားရေပိုင်နက်တွင် မြောက်ကိုရီးယားက အမြှောက်များပစ်ခတ်

    ဖေဖော်ဝါရီ ၂၀၊ ၂၀၁၆
    M-Media

    north korea

    – တောင်ကိုရီးယားနှင့် ရေပိုက်နက်အငြင်းပွားမှုများရှိနေသည့် ပင်လယ်ပြင်အနီး၌ မြောက်ကိုရီးယားက ယနေ့တွင် အမြှောက်များဖြင့် ပစ်ခတ်ခဲ့ပြီး ဒေသခံများ အလန့်တကြားဖြစ်ခဲ့သည်ဟု သိရသည်။

    တောင်ကိုရီးယား စစ်တပ်ကမူ အဆိုပါ အမြှောက်ဆံများမှာ နယ်စပ်ဖြတ်ကျော်လာခြင်း မရှိသော်လည်း တောင်ကိုရီးယားဘက်တွင် နေထိုင်သည့် ပြည်သူများမှာ စိုးရိမ်မှုများ ဖြစ်ပွားခဲ့သည်ဟု ပြောကြားခဲ့သည်။ ယခုလအစောပိုင်းတွင်မြောက်ကိုရီးယားမှာ တားမြစ်ထားသည့် တိုက်ချင်းပစ်ဒုံးကျည်ကို အသုံးပြု၍ ဂြိုဟ်တုတစ်လုံးကို လွှတ်တင်ခဲ့ပြီး ထိုလုပ်ရပ်ကို တောင်ကိုရီးယားနှင့် အမေရိကန်တို့က ရှုတ်ချခဲ့သည်။

    ဇန်န၀ါရီလကလည်း မြောက်ကိုရီးယားမှာ နျူကလီးယားစမ်းသပ်မှုတစ်ခုကို ပြုလုပ်ခဲ့သည်။ ယနေ့ ပြုလုပ်ခဲ့သည့် ထိုပစ်ခတ်မှုမှာ စစ်ရေးလေ့ကျင့်မှု အစိတ်အပိုင်းတစ်ခု ဖြစ်မည်ဟု တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနမှ အမည်မဖော်လိုသူက ပြောကြားခဲ့သည်။ သို့သော်လည်း ထိုကဲ့သို့ ပစ်ခတ်မှုမှလွဲ၍ မြောက်ကိုရီးယားစစ်တပ်မှာ အခြား မည်သည့်လှုပ်ရှားမှုမှ မပြုလုပ်ခဲ့ချေ။

    Ref: Aljazeera

  • မြောက်ကိုရီးယား၏ ဂြိုဟ်တုလွှတ်တင်မှုအတွက် ဂျပန်က ပိတ်ဆို့မှုအသစ်များ ပြုလုပ်

    မြောက်ကိုရီးယား၏ ဂြိုဟ်တုလွှတ်တင်မှုအတွက် ဂျပန်က ပိတ်ဆို့မှုအသစ်များ ပြုလုပ်

    ဖေဖော်ဝါရီ ၁၀၊ ၂၀၁၆
    M-Media

    japan 2

    – တားမြစ်ထားသော တာဝေးပစ်ဒုံးကျည်သုံးကာ မြောက်ကိုရီးယားက ဂြိုဟ်တုလွှတ်တင်ခဲ့မှုနှင့်ပတ်သက်၍ ဂျပန်နိုင်ငံက ယနေ့တွင် မြောက်ကိုရီးယားအပေါ် ပိတ်ဆို့မှုအသစ်များ ထပ်မံ ပြုလုပ်လိုက်သည်ဟု သိရသည်။

    တနင်္ဂနွေနေ့က လွှတ်တင်ခဲ့ခြင်းဖြစ်ပြီး အမေရိကန်နှင့် ၎င်း၏ မဟာမိတ်နိုင်ငံများက မြောက်ကိုရီးယားမှာ တိုက်ချင်းပစ်ဒုံးကျည် ထုတ်လုပ်မှုကို ဂြိုဟ်တုဖြင့် ကာကွယ်ခြင်းဖြစ်သည်ဟု ရှုမြင်ကြသည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကလည်း ထိုကဲ့သို့ လွှတ်တင်မှုကို ရှုတ်ချခဲ့သည်။

    ဂျပန်မှာ မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးကျည်စမ်းသပ်မှုများအတွက် ယခင်ကလည်း ပိတ်ဆို့မှုများ ပြုလုပ်ထားပြီး ယခုပိတ်ဆို့မှုမှာ ထပ်မံ၍ ပြုလုပ်ခြင်းဖြစ်သည်။ တောင်ကိုရီးယားကလည်း ထိုလုပ်ရပ်ကြောင့် မြောက်ကိုရီးယားအား ဒဏ်ခတ်ခြင်းအဖြစ် မြောက်ကိုရီးယားရှိ ကေဆွန်စက်မှုဇုန်တွင် ပူးပေါင်းဆောင်ရွက်မှုများအားလုံးကို ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့သည်။

    မြောက်ကိုရီးယားမှ လွှတ်တင်ခဲ့သည့် အဆိုပါ ဂြိုဟ်တုမှာ ကမ္ဘာပတ်လမ်းကြောင်းတွင် တည်ငြိမ်စွာ လည်ပတ်နေပြီဖြစ်သော်လည်း ကမ္ဘာမြေပြင်သို့ အချက်အလက်များ ပေးပို့မှုမရှိသေးဟု အမေရိကန်က ယနေ့တွင် ပြောကြားခဲ့သည်။

    Ref: Channelnewsasia

  • ကမ္ဘာကိုအာခံကာ မြောက်ကိုရီးယားက ဒုံးကျည်ပစ်လွှတ်

    ကမ္ဘာကိုအာခံကာ မြောက်ကိုရီးယားက ဒုံးကျည်ပစ်လွှတ်

    ဖေဖော်ဝါရီ ၇၊ ၂၀၁၆
    M-Media

    North 1

    – မြောက်ကိုရီးယားနိုင်ငံမှာ ကမ္ဘာမြေစောင့်ကြည့်ရေး ဂြိုဟ်တစ်ခုကို တားမြစ်ထားသည့် တာဝေးပစ်ဒုံးကျည်နှင့် ယနေ့မနက်ပိုင်းက လွှတ်တင်ခဲ့ပြီး ထိုလုပ်ရပ်က ကုလ၏ ဆုံးဖြတ်ချက်များကို ချိုးဖောက်ခြင်းဖြစ်ကာ နိုင်ငံတကာ၏ သတိပေးတားမြစ်မှုများကိုလည်း အာခံခဲ့ခြင်းဖြစ်သည်။

    နိုင်ငံပိုင် သတင်းဌာနက ဂြိုဟ်တုအား အာကာသထဲသို့ လွှတ်တင်မှုမှာ အောင်မြင်ခဲ့ပြီး အနာဂတ်တွင်လည်း ထိုကဲ့သို့ ဆက်လက်လွှတ်တင်သွားမည်ဟု ယနေ့တွင် ကြေငြာခဲ့သည်။ မြောက်ကိုရီးယားအစိုးရကမူ အဆိုပါ လွှတ်တင်မှုမှာ သိပ္ပံဆိုင်ရာ အာကာသစီမံကိန်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု ပြောကြားခဲ့သော်လည်း နိုင်ငံတကာအသိုင်းအ၀ိုင်းက တိုက်ချင်းပစ်ဒုံးကျည်ကို ပြသလိုခြင်းသာဖြစ်သည်ဟု ပြောကြားခဲ့သည်။

    မြောက်ကိုရီးယား၏ အဆိုပါဒုံးကျည်၏ လမ်းကြောင်းမှာ ပင်လယ်ဝါနှင့် တောင်ဘက်စွန်းစွန်း ဖိလစ်ပိုင်ပင်လယ်ပြင်အထိ ကန့်လန့်ဖြတ်ဖြစ်ပြီးး တောင်ကိုရီးယားနှင့် ဂျပန်တို့ကမူ မိမိတို့ပိုင်နက်ကို ထိုဒုံးကျည် ရောက်ရှိလာပါက ပစ်ချမည်ဟု ခြိမ်းခြောက်ထားသည်။

    ကုလသမဂ္ဂက မြောက်ကိုရီးယား၏ တိုက်ချင်းပစ်ဒုံးကျည်များ ထုတ်လုပ်မှုကို တရားမ၀င်ဟု သတ်မှတ်ထားသော ဆုံးဖြတ်ချက်အများအပြားကို ထုတ်ပြန်ထားသည်။ မြောက်ကိုရီးယားက ထိုကဲ့သို့ ဒုံးကျည်ထုတ်လုပ်မှုမှာ ငြိမ်းချမ်းစွာ အသုံးပြုရေးအတွက်ဟု ပြောဆိုထားသော်လည်း နိုင်ငံတကာအသိုင်းအ၀ိုင်းကမူ ထိုနည်းပညာကို မြောက်ကိုရီးယားက အရပ်ဖက်နှင့် စစ်ဖက် နှစ်မျိုးစလုံးတွင် အသုံးပြုမည်ဟု ယူဆထားသည်။

    ယခုဂြိုဟ်တုလွှတ်တင်မှုနှင့်ပတ်သက်၍ ယနေ့နှောင်းပိုင်းတွင် ကုသမဂ္ဂ လုံခြုံရေးကောင်စီက အရေးအပေါ်အစည်းဝေးခေါ်ယူမည်ဖြစ်သည်။

    Ref: Aljazeera

  • မြောက်ကိုရီးယားက ဒုံးကျည်ဖြင့် တိုက်ခိုက်တော့မည်ဟု သတင်းများ ထွက်ပေါ်

    မြောက်ကိုရီးယားက ဒုံးကျည်ဖြင့် တိုက်ခိုက်တော့မည်ဟု သတင်းများ ထွက်ပေါ်

    ဇန်န၀ါရီ ၂၉၊ ၂၀၁၆
    M-Media

    North

    – မြောက်ကိုရီးယားမှ ရုတ်တရက် ဒုံးကျည်ဖြင့် တိုက်ခိုက်ဖွယ်ရှိသည်ဆိုသည့် သတင်းများ ထွက်ပေါ်လာပြီးနောက် မြောက်ကိုရီးယားမှ လာသည့် မည်သည့် ဒုံးကျည်ကိုမဆို ဖျက်ဆီးရေး အသင့်ဖြစ်နေရန် ဂျပန်နိုင်ငံက စစ်တပ်အား အမိန့်ပေးလိုက်သည်ဟု ဂျပန်မီဒီယာများက ယနေ့တွင် ဖော်ပြခဲ့ကြသည်။

    ကာကွယ်ရေးဝန်ကြီး ဂျန် နာကာတာနီက ထိုကဲ့သို့ အမိန့်ပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုပြီး ဂျပန်ကာကွယ်ရေး ၀န်ကြီးဌာန၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်ကမူ ထိုသတင်းနှင့်ပတ်သက်၍ AFP မေးမြန်းမှုကို အတည်ပြုရန် ငြင်းဆိုခဲ့ကာ ထိုသို့ပြောဆိုခြင်းဖြင် မိမိတို့၏ မဟာဗျူဟာကို ထုတ်ဖော်လိုက်ခြင်းဖြစ်မည်ဟု ပြောကြားခဲ့သည်။

    မြောက်ကိုရီးယား၏ အဓိက ဂြိုဟ်တုဌာနတွင် သံသယဖြစ်ဖွယ် လှုပ်ရှားမှုများကို တွေ့ရှိရသောကြောင့် ဒုံးကျည်ဖြင့် တိုက်ခိုက်မှုများပြုလုပ်ရန် ပြင်ဆင်နေသည်ဟု ကောလဟာလများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့သည်။ အဆိုပါဒုံးကျည်ပစ်လွှတ်မှုမှာ အစောဆုံး လာမည့်တစ်ပတ်အတွင်း ဖြစ်နိုင်သည်ဟု ဖော်ပြမှုများလည်းရှိနေသည်။

    မြောက်ကိုရီးယားမှ ပြီးခဲ့သည့် သီတင်းပတ်အနည်းငယ်ကပင် ၎င်း၏ နောက်ဆုံး နျူလက်နက်စမ်းသပ်မှုကို ပြုလုပ်ခဲ့သည်။ မြောက်ကိုရီးယားအနေဖြင့် တိုက်ချင်းပစ်ဒုံးကျည်နည်းပညာ အသုံးပြုမှုကို ကုလလုံခြုံရေးကောင်စီက ပိတ်ပင်ထားပြီး၊ ဒုံးကျည်များပစ်လွှတ်ပါက ဒေသတွင်း တင်းမာမှုများ မြင့်တက်လာမည်ဖြစ်သည်။

    Ref: Channelnewsasia

  • လိုချင်တာရပါက နျူစမ်းသပ်မှု ရပ်တန့်ပေးမည်ဟု မြောက်ကိုရီးယားပြော

    လိုချင်တာရပါက နျူစမ်းသပ်မှု ရပ်တန့်ပေးမည်ဟု မြောက်ကိုရီးယားပြော

    ဇန်န၀ါရီ ၁၇၊ ၂၀၁၆
    M-Media

    north

    – အမေရိကန်က မိမိတို့နဲ့ ငြိမ်းချမ်းရေးသဘောတူညီမှု လက်မှတ်ရေးထိုးကာ တောင်ကိုးရီးယားနဲ့ပူးတွဲစစ်ရေး လေ့ကျင့်တာတွေ ရပ်တန့်မယ်ဆိုရင် နျူကလီးယားစမ်းသပ်မှုတွေ ရပ်ပေးမယ်လို့ မြောက်ကိုရီးယားက ပြောကြားလိုက်ပါတယ်။

    မြောက်ကိုးရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အမည်မဖော်လိုသူ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက စနေနေ့က ကမ်းလှမ်းခဲ့တာဖြစ်တယ်လို့ တောင်ကိုးရီးယားသတင်းဌာန KCNA က ဖော်ပြခဲ့တာပါ။

    “ကျွန်တော်တို့ရဲ့ နျူကလီးယားစမ်းသပ်မှုကို ရပ်တန့်မှုနဲ့ ငြိမ်ချမ်းရေးစာချုပ် အဆုံးသတ်တာတွေ အပါအ၀င် ကိုရီးယားကျွန်းဆွယ်နဲ့ အရှေ့မြောက်အာရှမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းဖို့ အဆိုပြုချက်တွေအားလုံးက အတည်ဖြစ်နေပါသေးတယ်။ အပြန်အလှန်အားဖြင့် အမေရိကန်က တောင်ကိုရီးယားနဲ့ပြုလုပ်တဲ့ ပူးတွဲ စစ်ရေးလေးကျင့်မှုကိုတော့ ရပ်တန့်ပေးရမှာပေါ့လေ” လို့ အဲဒီ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။

    မြောက်ကိုရီးယားရဲ့ ဒီပြောကြားချက်နဲ့ပတ်သက်လို့ အမေရိကန်ကအစိုးရက တုန့်ပြန်ရာမှာ သူတို့အနေနဲ့ မကြာခင်ကဘဲ ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် တံခါးဖွင့်ထားတယ်လို့ ပြောဆိုခဲ့ပြီး၊ မြောက်ကိုရီးယားအနေနဲ့ နျူလက်နက်ဖျက်သိမ်းဖို့အတွက် အဓိပ္ပါယ်ရှိတဲ့ ဆောင်ရွက်မှုတွေ ပြုလုပ်ရမယ်လို့ ဆိုပါတယ်။

    အမေရိကန်နဲ့ တောင်ကိုးရီးယား ပူးတွဲစစ်ရေးလေ့ကျင့်နေတာက သူတို့ကို စိတ်အနှောင့်အယှက်ဖြစ်စေပြီး နိုင်ငံရဲ့လုံခြုံရေးကိုလည်း တိုက်ရိုက်ခြိမ်းခြောက်လျက်ရှိတယ်လို့ မြောက်ကိုရီးယားက ရှုမြင်သုံးသပ်ပါတယ်။ တောင်ကိုးရီးယားမှာ အမေရိကန်တပ်သား ၂၈၅၀၀ ခန့် ရှိနေပါတယ်။

    အမေရိကန်ကို တောင်ကိုးရီးယားနဲ့ပူးတွဲစစ်ရေးလေ့ကျင့်မှုရပ်ဖို့ အစီအစဉ်ရှိ မရှိမေးမြန်းခဲ့ရာမှာ အမေရိကန်အစိုးရရဲ့ ပြာရေးဆိုခွင့်ရှိသူ ဂျွန်ကီရ်ဘီက အမေရိကန်ဟာ တောင်ကိုးရီးယားနဲ့ မဟာမိတ်ဆိုင်ရာသဘောတူညီချက်တွေရှိတယ်လို့ ဖြေကြားခဲ့ပါတယ်။

    Ref: PressTV