News @ M-Media

Blog

  • မြန်မာ မွတ်စလင်မ်များနှင့် ၂၀၁၅ ဟဂ်ျကျင့်စဉ် ခရီးမှတ်တမ်း(၆)

    မြန်မာ မွတ်စလင်မ်များနှင့် ၂၀၁၅ ဟဂ်ျကျင့်စဉ် ခရီးမှတ်တမ်း(၆)

    စက်တင်ဘာ ၃၀ ၊ ၂၀၁၅
    M-Media
    အဘာဘီးလ် ပေးပို့သည်။

    12081528_1919205988303578_1481148308_n

    မြန်မာနိုင်ငံ မဲခွဲတမ်း ဟာဂျီများ မက္ကာမြို့နှင့် မြို့ဝန်းကျင်ရှိ အစ္စလာ့မ် သမိုင်းဝင်နေရာများသို့ လှည့်လည် လေ့လာခဲ့ကြပါတယ်။

    လေ့လာရေးခရီး ပထမခရီးစဉ်အဖြစ် စောင်ရ် လှိုဏ်ဂူရှိရာ စူးရ်တောင်သို့ သွားရောက်ခဲ့ကြပါတယ်။

    ထိုလှိုဏ်ဂူသည် တမန်တော်မြတ်မုဟမ္မဒ်သခင်နှင့် သာဝကကြီး အဘူဘကရ်တို့ ဟိဂျရသ်ရွှေ့ပြောင်းစဉ် လိုက်လံ လုပ်ကြံသူတို့ ရန်မှ ကင်းဝေးစေရန် ခေတ္တခဏ ခိုလှုံခဲ့သော နေရာဖြစ်ကြောင်းသိရပါတယ်။

    ကုရ်အာန်အာယတ်တော် ကျရောက်ခဲ့ရာ နေရာလည်း ဖြစ်ပါတယ်။

    ဒုတိယခရီးစဉ်အဖြစ် အာရဖသ်ကွင်းပြင်ရှိ ရဟ်မသ်တောင်သို့ သွားခဲ့ကြပါတယ်

    တမန်တော်မြတ်သည် Haj ကျင့်စဉ် ဒုတိယမြောက်နေ့ အာရဖသ်ကွင်းပြင်သို့ လာရောက်စဉ် ထိုနေရာသို့ လာရောက်ပြီး ကိုးကွယ်ရာ အရှင်မြတ်ထံ ဆုမွန်တောင်းခဲ့ပါတယ်။

    အစိုးရမဲခွဲတမ်း ဟာဂျီများသာမက အခြားမြန်မာ ဟာဂျီအုပ်စုများလည်း သမိုင်းဝင်နေရာများသို့ လာရောက် လည်ပတ်ကြပါတယ်။

    တတိယနေရာအဖြစ် နူးရ်တောင်သို့ သွားခဲ့ကြပါတယ်။

    ထိုတောင်ရှိ ဟိရာလှိုဏ်ဂူတွင် မုဟမ္မဒ်သခင် တရားကျင့်ကြံအားထုတ်ခဲ့ပြီး ကိုးကွယ်ရာအရှင်ထံမှာ နဗူဝသ် တမန်တော်အဖြစ်ရရှိခဲ့ရာ နေရာဖြစ်ပါတယ်။

    ကုရ်အာန်ကျမ်းတော်မြတ်ရဲ့ ဦးဆုံးအာယတ်ပါဒတော်များ ကျရောက်ခဲ့ရာနေရာ ဖြစ်ပါတယ်။

    စတုတ္ထခရီးစဉ်အဖြစ် ဗလီဝတ်ကျောင်းမြတ်နှစ်ကျောင်းရဲ့ ပြတိုက်သို့ သွားရောက်ခဲ့ကြပါတယ်။

    ကအ်ဘာကျောင်းတော်နဲ့ တမန်တော်မြတ်ဝတ်ကျောင်းတော်တို့ရဲ့ သမိုင်းဝင်ပစ္စည်းများ သမိုင်းကြောင်းများကို ပြသထားပါတယ်။

    အပိုင်း
    ၁။ http://www.m-mediagroup.com/news/45863
    ၂။ http://www.m-mediagroup.com/news/45929
    ၃။http://www.m-mediagroup.com/news/45953
    ၄။ http://www.m-mediagroup.com/news/45963
    ၅။http://www.m-mediagroup.com/news/46062

    12064154_1919206031636907_721123150_n
    စောင်ရ် လှိုဏ်ဂူရှိရာ စူးရ်တောင်
    12042095_1919206044970239_2046733931_n
    စောင်ရ် လှိုဏ်ဂူရှိရာ စူးရ်တောင်
    12053369_1919206014970242_531218684_n
    စောင်ရ် လှိုဏ်ဂူရှိရာ စူးရ်တောင်

     

    12081528_1919205988303578_1481148308_n
    စောင်ရ် လှိုဏ်ဂူရှိရာ စူးရ်တောင်
    12083680_1919212161636294_564926325_n
    အာရဖသ်ကွင်းပြင်ရှိ ရဟ်မသ်တောင်
    12083684_1919212218302955_1759577703_n
    အာရဖသ်ကွင်းပြင်ရှိ ရဟ်မသ်တောင်
    12048889_1919217491635761_361078251_n
    တတိယနေရာအဖြစ် နူးရ်တောင်သို့ သွားခဲ့ကြပါတယ်။
    12047455_1919217504969093_1820678207_n
    တတိယနေရာအဖြစ် နူးရ်တောင်သို့ သွားခဲ့ကြပါတယ်။
    12047558_1919223561635154_3588946_n
    နူးရ်တောင် ထိုတောင်ရှိ ဟိရာလှိုဏ်ဂူတွင် မုဟမ္မဒ်သခင် တရားကျင့်ကြံ အားထုတ်ခဲ့ပြီး ကိုးကွယ်ရာအရှင်ထံမှာ နဗူဝသ် တမန်တော်အဖြစ်ရရှိခဲ့ရာ နေရာဖြစ်ပါတယ်။
    12042258_1919223554968488_503032773_n
    နူးရ်တောင် ထိုတောင်ရှိ ဟိရာလှိုဏ်ဂူတွင် မုဟမ္မဒ်သခင် တရားကျင့်ကြံ အားထုတ်ခဲ့ပြီး ကိုးကွယ်ရာအရှင်ထံမှာ နဗူဝသ် တမန်တော်အဖြစ်ရရှိခဲ့ရာ နေရာဖြစ်ပါတယ်။

     

    12077023_1919239494966894_330988703_n
    ကအ်ဘာကျောင်းတော်နဲ့ တမန်တော်မြတ် ဝတ်ကျောင်းတော်သမိုင်းဝင်ပစ္စည်းများ သမိုင်းကြောင်းများ ပြသထားရာ ပြတိုက်
    12077281_1919240328300144_1850139836_n
    ဟစ်ဂျရီ ခုနှစ် (၁၂၄၀) က ကအ်ဘာ ကျောင်းတော်သို့ တက်ရာ လှေကား၊
    12080884_1919239501633560_945896094_n
    ဟစ်ဂျရီ ခုနှစ် (၁၂၄၀) က ကအ်ဘာ ကျောင်းတော်သို့ တက်ရာ လှေကား၊
    12071485_1919240861633424_905178840_n
    ကအ်ဘာ ကျောင်းတော် တံခါးဟောင်းများ
    12067826_1919240818300095_312128515_n
    ကအ်ဘာ ကျောင်းတော် တံခါးဟောင်းများ

     

    ကအ်ဘာ ကျောင်းတော်ရေတံလျောက်အဟောင်း
    12049000_1919241528300024_1040809210_n
    ကအ်ဘာာကျောင်းတော် ကျောင်းတော် အမိုးရုံ ထည်စဟောင်းများ
    12053291_1919241508300026_903284810_n
    ကအ်ဘာာကျောင်းတော် ကျောင်းတော် အမိုးရုံ ထည်စဟောင်းများ
    12047286_1919241454966698_996595_n
    ကအ်ဘာာကျောင်းတော် ကျောင်းတော် အမိုးရုံ ထည်စဟောင်းများ
    12067199_1919242461633264_1191355889_n
    ဟစ်ဂျရီ ခုနှစ် (၆၅) က ကအ်ဘာာကျောင်းတော် သစ်သားတိုင် အပိုင်းအစ
    12071789_1919243318299845_384946853_n
    ဟစ်ဂျရီ ခုနှစ် (၆၅) က ကအ်ဘာာကျောင်းတော် တိုင်စိုက်ရာ ကျောက်အခြေ

     

    ဟစ်ဂျရီ ခုနှစ် ၁၂၉၉ တွင် အလ္လာဟ်ရှင်မြတ်နှင့် တမန်တော် မုဟမ္မဒ်သခင်တို့ နာမတော်များ ထိုးထွင်းထားသော ကျောက်ပြား
    ဟစ်ဂျရီ ခုနှစ် ၁၂၉၉ တွင် အလ္လာဟ်ရှင်မြတ်နှင့် တမန်တော် မုဟမ္မဒ်သခင်တို့ နာမတော်များ ထိုးထွင်းထားသော ကျောက်ပြား

     

    12064169_1919244271633083_1069455691_n
    ဇာမ်ဇာမ် ရေတွင်းတွင် အသုံးပြုခဲ့သောပစ္စည်းများ
    12077091_1919244261633084_953423544_n
    ဇာမ်ဇာမ် ရေတွင်းတွင် အသုံးပြုခဲ့သောပစ္စည်းများ
    12071666_1919244228299754_756672117_n
    ဇာမ်ဇာမ် ရေတွင်းတွင် အသုံးပြုခဲ့သောပစ္စည်းများ

     

  • သြစတေးလျနှင့် နယူးဇီလန်အခြေစိုက် ANZ ဘဏ် မြန်မာနိုင်ငံ၌ ဖွင့်တော့မည်

    သြစတေးလျနှင့် နယူးဇီလန်အခြေစိုက် ANZ ဘဏ် မြန်မာနိုင်ငံ၌ ဖွင့်တော့မည်

    စက်တင်ဘာ ၃၀၊ ၂၀၁၅
    M-Media

    1438817535207

    – သြစတေးလျနှင့် နယူးဇီလန် ဘဏ်လုပ်ငန်းအုပ်စု ANZ မှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ လုပ်ငန်းလိုင်စင် ရရှိခဲ့ပြီး ရန်ကုန်မြို့၌ နိုဝင်ဘာ ၂ ရက်နေ့တွင် ဘဏ်ခွဲတစ်ခုကို ဖွင့်လှစ်တော့မည်ဟု သိရသည်။

    အဆိုပါဘဏ်ခွဲအသစ်မှာ နိုင်ငံတကာနှင့် မြန်မာနိုင်ငံမှ ကုမ္ပဏီများကို ၀န်ဆောင်မှုပေးသွားမည်ဖြစ်ပြီး ANZ ဘဏ်ခွဲများ ဖွင့်လှစ်ထားသည့် နိုင်ငံများမှ မြန်မာနိုင်ငံအတွင်းသို ၀င်ရောက်ရင်းနှီးမြှုပ်နှံလိုသည့် နိုင်ငံတကာ ကုမ္ပဏီများကိုလည်း ၀န်ဆောင်မှု ပေးသွားမည်ဖြစ်သည်။

    “သဘာဝ သယံဇာတ၊ ပြည်သူ့ဝန်ဆောင်လုပ်ငန်း၊ အခြေခံအဆောက်အဦး၊ တယ်လီဖုန်းဆက်သွယ်ရေး၊ စားသုံးကုန်ပစ္စည်းနဲ့ မြန်မာနိုင်ငံမှာ ချဲ့ထွင်နေတဲ့ အခြားသော ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး လုပ်ငန်းတွေအတွက် ကျွန်ုပ်တို့ဟာ အထူးဘဏ်လုပ်ငန်းဝန်ဆောင်မှု ပေးသွားမှာပါ” ဟု ANZ မှ ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

    ANZ ၏ နိုင်ငံတကာ ဘဏ်လုပ်ငန်းမှ အမှုဆောင်အကြီးအကဲ အန်ဒရူး ဂက်စ်ဇီက ထိုကဲ့သို့ ခွင့်ပြုချက်ရခဲ့ခြင်းမှာ ထိုင်းနိုင်ငံတွင် ဘဏ်ခွဲဖွင့်နိုင်ခဲ့ပြီးနောက် မဟာမဲခေါင်ဒေသတွင် မိမိတို့ကုမ္ပဏီ တည်ရှိမှုကို ပိုမိုခိုင်မာစေရန် အစီစဉ်၏ နောက်ဆုံးအဆင့်လည်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “ကျွန်တော်တို့ရဲ့ အင်အားနဲ့ မြန်မာနိုင်ငံမှာရှိနေတဲ့ သဘာဝသယံဇာတ၊ အခြေခံအဆောက်အဦး၊ စိုက်ပျိုးရေးလုပ်ငန်းတွေကို ဒီဒေသမှာ ထူးခြားတဲ့ တိုးတက်မှုအခွင့်အလမ်းတွေနဲ့အတူ ကမ္ဘာတစ်ဝှမ်းနဲ့ ချိတ်ဆက်ဖို့ ဆောင်ရွက်နိုင်ပါတယ်။ အာဆီယံဒေသအတွင်း စီးပွားရေး ပူးပေါင်းဆောင်ရွက်ခြင်းက ကုန်ထုတ်လုပ်မှု အဓိကနေရာအဖြစ် မြန်မာနိုင်ငံရဲ့ အခန်းကဏ္ဍကို တိုးတက်ဖို့ အကူအညီဖြစ်မယ်လို့
    ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု ဂက်စ်ဇီက ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Theaustralian

  • ယခုနှစ်အတွင်း နိုင်ငံခြားသားခရီးသွား ၄.၅ သန်းကျော် မြန်မာနိုင်ငံက မျှော်လင့်ထား

    ယခုနှစ်အတွင်း နိုင်ငံခြားသားခရီးသွား ၄.၅ သန်းကျော် မြန်မာနိုင်ငံက မျှော်လင့်ထား

    စက်တင်ဘာ ၃၀၊ ၂၀၁၅
    M-Media

    upain
    ကမ္ဘာ့လှည့်ခရီးသွားများ စိတ်ဝင်စားရာ သမိုင်းဝင် ဦးပိန်တံတား

    – မြန်မာနိုင်ငံမှာ ယခုနှစ်အတွင်း နိုင်ငံခြားခရီးသွားပမာဏ ၄.၅ သန်းကျော် ၀င်ရောက်မည်ဟု မျှော်မှန်းထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ ယနေ့တွင် ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။

    ယခုနှစ် စက်တင်ဘာလအထိ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ကြသည့် နိုင်ငံခြားသား ခရီးသွား အရေအတွက်မှာ ယမန်နှစ်တစ်နှစ်လုံး ၀င်ရောက်ခဲ့သည့် ၃.၀၈ သန်းထက် ကျော်လွန်ခဲ့ပြီဟု ၀န်ကြီး ဦးဌေးအောင်က အဆိုပါ အစီရင်ခံစာတွင် ပြောကြားခဲ့သည်။

    ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ သြဂုတ်လ ၃၁ ရက်နေ့ ကိန်းဂဏန်းများအရ မြန်မာနိုင်ငံတစ်ဝှမ်းတွင် လိုင်စင်ရဟိုတယ်ပေါင်း ၁၂၂၅ ဦးရှိပြီး အခန်းပေါင်း ၄၇၉၁၁ ခန်းရှိကာ ခရီးသွားလာရေး လုပ်ငန်းများမှာ ၁၈၄၇ ခုရှိသည်ဟု သိရသည်။

    မြန်မာနိုင်ငံမှာ ယခုနှစ်အတွင်း ကမ္ဘာလှည့်ခရီးသွား ၅ သန်းခန့် လာရောက်အောင် ဆွဲဆောင်သွားမည်ဟု မျှော်မှန်းထားသည်။

    Ref: business-standard

  • ချန်ပီယံလိဂ်ရှုံးနိမ့်မှု နောက်တန်းကြောင့်ဟု မော်ရင်ဟိုဆို

    ချန်ပီယံလိဂ်ရှုံးနိမ့်မှု နောက်တန်းကြောင့်ဟု မော်ရင်ဟိုဆို

    စက်တင်ဘာ ၃၀၊ ၂၀၁၅
    M-Media

    mor

    – ချန်ပီယံလိဂ်တွင် ပေါ်တိုအား ၂ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့မှုအတွက် ချယ်ဆီးနည်းပြ မော်ရင်ဟိုက အသင်းနောက်တန်းကို အပြစ်တင်ခဲ့ပြီး ရူးနှမ်းသည့် အမှားမျိုးကို ကျူးလွန်ခဲ့သည်ဟု ပြောကြားခဲ့သည်။

    ယခုရာသီတွင် ခြေစွမ်းဆိုးရွားနေသည့် ချယ်ဆီအတွက် ထိုပွဲအရှုံးမှာ ၅ ပွဲမြောက် ရှုံးပွဲလည်းဖြစ်သည်။ မော်ရင်ဟိုကမူ အသင်းကစားပုံ ကောင်းခဲ့သော်လည်း အမှားတစ်ချို့ကြောင့် ဂိုးပေးရခြင်းဖြစ်သည်ဟု ဆိုသည်။

    “ရှုးနှမ်းတဲ့ အမှားနှစ်ခုလောက်ရှိခဲ့ပေမယ့် ကစားပုံကတော့ ကောင်းတယ်လို့ ကျွန်တော်ထင်ပါတယ်။ အဲလိုအမှားတွေလုပ်ပေမယ့် တစ်ခါတစ်ရံမှာ မပေးဆပ်ရပါဘူး။ ကျွန်တော်တို့ကတော့ ပေးဆပ်ခဲ့ရပါတယ်။ ပေါ်တိုက ထောင့်ကန်ဘောအမြောက်အများရတာကို ကျွန်တော်တို့ တွေ့ခဲ့ရတယ်။ ဒီအတွက် လုံးဝ အဆင်သင့်ဖြစ်ခဲ့ပါတယ်။ ပွဲကို ကျွန်တော်တို့ ထိန်းချုပ်နိုင်တဲ့အခါမှ ဂိုးပေးလိုက်ရတာပါ။ ဒါဟာ စိတ်ပျက်စရာပါပဲ”

    Ref: Goal

  • မြန်မာအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များ အပစ်ရပ်ရေးဆွေးနွေးပွဲ ပျက်ပြယ်

    မြန်မာအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များ အပစ်ရပ်ရေးဆွေးနွေးပွဲ ပျက်ပြယ်

    စက်တင်ဘာ ၃၀၊ ၂၀၁၅
    M-Media

    myan

    – မြန်မာအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား အပစ်ရပ်ရေး ဆွေးနွေးမှုမှာ ပျက်ပြယ်သွားပြီဟု ဘန်ကောက်ပို့စ် သတင်းဌာနက ယနေ့တွင် ဖော်ပြခဲ့သည်။

    တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၈ ဖွဲ့နှင့် ချင်းမိုင်မြို့တွင် ပြုလုပ်နေသည့် အဆိုပါ ဆွေးနွေးမှုတွင် မြန်မာအစိုးရက ကိုးကန့်နယ်စပ်ဒေသ၌ တိုက်ခိုက်နေသည့် အဖွဲ့ ၃ ဖွဲ့နှင့် အပစ်ရပ်ရေး ထပ်မံသက်တမ်းတိုးရန် ငြင်းဆန်ခဲ့ပြီးနောက် ပျက်ပြယ်သွားခြင်းဖြစ်သည်ဟု ဆိုသည်။

    တိုင်းရင်းသား လက်နက်ကိုင် ၁၈ ဖွဲ့တွင် ၁၀ ဖွဲ့က အပစ်ရပ်ရေး သဘောတူညီချက်ကို လက်မှတ်မထိုးဘဲ ၎င်းတို့၏ နောက်ဆုံး ဆုံးဖြတ်ချက်ဟု ပြောကြားခဲ့ကြောင်း Myanmar Times သတင်းစာက ဖော်ပြခဲ့သည်။

    ထိုအပစ်ရပ်ရေး ဆွေးနွေးမှုမှာ သမ္မတဦးသိန်းစိန်အစိုးရ၏ အဓိက ဆောင်ရွက်မှုဖြစ်ပြီး လွန်ခဲ့သည့် လေးနှစ်တာလုံးလုံး ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။

    Ref: Bangkokpost